Wednesday 3 December 2014

လွှတ်တော်အမတ်၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦး အိုဘားမား၏ သမီးနှစ်ဦးအား ပုဂ္ဂိုလ်ရေးဝေဖန်မှု ပြုလုပ်မိခဲ့သဖြင့် ရာထူးမှ နုတ်ထွက်

Photo: လွှတ်တော်အမတ်၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦး အိုဘားမား၏ သမီးနှစ်ဦးအား ပုဂ္ဂိုလ်ရေးဝေဖန်မှု ပြုလုပ်မိခဲ့သဖြင့် ရာထူးမှ နုတ်ထွက်
Wednesday, December 3, 2014

ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် တစ်ဦး၏ လူထုဆက်ဆံရေး ဒါရိုက်တာက အမေရိကန် သမ္မတ အိုဘားမား၏ သမီးများအား သူမ၏ ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဝေဖန် ပြစ်တင်ပြီးနောက် ရာထူးမှ နုတ်ထွက်တော့မည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက်က ပြော ကြား လိုက်သည်။

တန်နက်ဆီ မှ လွှတ်တော်အမတ် စတီဖန်ဖင်ချာ ၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး အယ်လိဇဘတ်သ် လောက်တန်က သမ္မတ၏ သမီးများဖြစ်သော အသက် ၁၆ နှစ် အရွယ် မာလီယာ နှင့် အသက် ၁၃ နှစ် အရွယ် ဆက်ရှာတို့အား ပြင်းပြင်းထန်ထန် ဝေဖန်ထားသော ပို့စ်တစ်ခုကို ရေးသားခဲ့ခြင်းဖြစ်ကာ၊ ပွဲတစ်ခုတွင် ဖခင်ဖြစ်သူ အိုဘားမားနှင့် အတူ လိုက်ပါလာခဲ့ကြသော သမီးနှစ်ဦးမှာ ငြီးငွေ့ စိတ်ကုန် ပုံပေါက်နေကြောင်း ရေးသားခဲ့ခြင်း ဖြစ်သည်။

ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း NBC နှင့် Fox News သတင်းဌာနများ အပါအဝင် အမေရိကန် မီဒီယာများအား လောက်တန် က ပြောကြားခဲ့သည်။ အိုဘားမား၏ သမီးများအား သူမက စာဖြင့် ရေးသား တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သတ်၍ ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ပြင်းထန်သော ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက် သူမသည် ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျော့ရှ်အန်းနက်စ်က လောက်တန်၏ မှတ်ချက်များကြောင့် သူ အံ့အားသင့်သွားခဲ့ရကြောင်း ဒီဇင်ဘာလ ၁ရက်နေ့ က ဆိုခဲ့သည်။ သို့ရာတွင် “မလုပ်သင့်သော အရာတစ်ခု” ကို လုပ်ခဲ့မိခြင်းဖြစ်ကြောင်း လောက်တန်၏ တောင်းပန်မှုကိုလည်း လက်ခံကြောင်း သူက ဆိုခဲ့သည်။

“သမ္မတ မိသားစုဝင်တွေကို ဝေဖန်ဖို့ အတွက် ကျေးဇူးတော်နေ့ အထိမ်းအမှတ် အခမ်းအနားတစ်ခုကို လွှတ်တော် နိုင်ငံရေးနဲ့ ပတ်သတ်သူ တစ်ဦးက အသုံးချလိုက်တာကို ကျွန်တော် အံ့အားသင့်သွားခဲ့ပါတယ်” ဟု သူက ဆိုခဲ့သည်။

ပြောရေးဆိုခွင့် ရှိသူများ အပါအဝင် နာမည်ကြီး ပုဂ္ဂိုလ်များအနေဖြင့် စကားလုံးများကို ဆင်ဆင်ခြင်ခြင် ရွေးချယ် သင့်ကြောင်း နှင့် ပြော ဆိုရေးသားလိုက်သော စကားလုံးများနှင့် အကြောင်းအရာများ မည်ကဲ့သို့ အဓိပ္ပါယ် ထွက်သွား လိမ့်မည် ဆိုခြင်းအပေါ်လည်း သတိရှိ သင့်ကြောင်း ယခုဖြစ်ရပ်က သတိပေးနေသည်ဟု အန်းနက်စ်က ဆိုခဲ့သည်။ အခမ်းအနားတွင် သမ္မတအိုဘားမားက ကျေးဇူးတော်နေ့ အတွက် ကြက်ဆင်နှစ်ကောင်အား ဘေးမဲ့ပေး လိုက်ကြောင်း ကြေညာခဲ့စဉ်တွင် အိုဘားမား၏ ဘေးတွင် ရပ်နေခဲ့ကြသော ဆယ်ကျော်သက် အရွယ် သမီးနှစ်ဦးမှာ အနည်းငယ် ပျင်းရိငြီးငွေ့ပုံ ပေါ်နေခဲ့သည်။     

နောက်ပိုင်းတွင် လောက်တန်က ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှ ပြန်လည် တောင်းပန်ခဲ့သည်။ “ဆယ်ကျော်သက်တစ်ဦးသာ ဖြစ်မယ်ဆိုရင် ကျွန်မအနေနဲ့ ဘယ်လိုမှ လက်ခံနိုင်မှာမဟုတ်တဲ့ ပုံစံမျိုးနဲ့ အဲဒီ ငယ်ရွယ်တဲ့ အမျိုးသမီးလေး နှစ်ဦးကို ကျွန်မ စိတ်မြန်လက်မြန်နဲ့ ဝေဖန်ခဲ့မိ ပါတယ်” ဟု သူမက ရေးသားခဲ့သည်။ အမေရိကန် မီဒီယာများသည်လည်း သမ္မတ အိုဘားမား၏ သမီးနှစ်ဦး၏ ကိုယ်ရေးကိုယ်တာ အကြောင်း အရာများကို သိပ်၍ ရေးသားလေ့ မရှိကြပေ။ သမ္မတတစ်ဦး၏ ကလေးများအပေါ် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုမှာ မလုပ်အပ်သော အရာဟု အမေရိကန်တွင် ယူဆထားကြသည်။

Ref: AFP
Mizzima - News in Burmese 

အမေရိကန် သမ္မတ အိုဘားမားနှင့် သမီးနှစ်ဦး
အမေရိကန် သမ္မတ အိုဘားမားနှင့် သမီးနှစ်ဦး 
ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်တစ်ဦး၏ လူထုဆက်ဆံရေးဒါရိုက်တာက အမေရိကန်သမ္မတ အိုဘားမား ၏ သမီးများအား သူမ၏ ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဝေဖန်ပြစ်တင်ပြီးနောက် ရာထူးမှ နုတ်ထွက် တော့မည် ဖြစ်ကြောင်း ဒီဇင်ဘာ ၁ ရက်က ပြော ကြား လိုက်သည်။

တန်နက်ဆီ မှ လွှတ်တော်အမတ် စတီဖန်ဖင်ချာ ၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး အယ်လိဇဘတ်သ် လောက်တန်က သမ္မတ၏ သမီးများဖြစ်သော အသက် ၁၆ နှစ် အရွယ် မာလီယာ နှင့် အသက် ၁၃ နှစ် အရွယ် ဆက်ရှာတို့အား ပြင်းပြင်းထန်ထန် ဝေဖန်ထားသော ပို့စ်တစ်ခုကို ရေးသားခဲ့ခြင်းဖြစ်ကာ၊ ပွဲတစ်ခု တွင် ဖခင်ဖြစ်သူ အိုဘားမားနှင့်အတူ လိုက်ပါလာခဲ့ကြသော သမီးနှစ်ဦးမှာ ငြီးငွေ့ စိတ်ကုန်ပုံပေါက်နေ ကြောင်း ရေးသားခဲ့ခြင်းဖြစ်သည်။

ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း NBC နှင့် Fox News သတင်းဌာနများ အပါအဝင် အမေရိကန် မီဒီယာများအား လောက်တန် က ပြောကြားခဲ့သည်။ အိုဘားမား၏ သမီးများအား သူမက စာဖြင့် ရေးသား တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သတ်၍ ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ပြင်းထန်သော ဝေဖန်မှုများ ထွက်ပေါ်လာခဲ့ပြီးနောက် သူမသည် ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျော့ရှ်အန်းနက်စ်က လောက်တန်၏ မှတ်ချက်များကြောင့် သူအံ့အား သင့်သွားခဲ့ရကြောင်း ဒီဇင်ဘာလ ၁ရက်နေ့ က ဆိုခဲ့သည်။ သို့ရာတွင် “မလုပ်သင့်သော အရာတစ်ခု” ကို လုပ်ခဲ့မိခြင်းဖြစ်ကြောင်း လောက်တန်၏ တောင်းပန်မှုကိုလည်း လက်ခံကြောင်း သူက ဆိုခဲ့သည်။

“သမ္မတ မိသားစုဝင်တွေကို ဝေဖန်ဖို့ အတွက် ကျေးဇူးတော်နေ့ အထိမ်းအမှတ် အခမ်းအနားတစ်ခုကို လွှတ်တော် နိုင်ငံရေးနဲ့ ပတ်သတ်သူ တစ်ဦးက အသုံးချလိုက်တာကို ကျွန်တော် အံ့အားသင့်သွားခဲ့ပါတယ်” ဟု သူက ဆိုခဲ့သည်။

ပြောရေးဆိုခွင့် ရှိသူများ အပါအဝင် နာမည်ကြီး ပုဂ္ဂိုလ်များအနေဖြင့် စကားလုံးများကို ဆင်ဆင်ခြင်ခြင် ရွေးချယ် သင့်ကြောင်း နှင့် ပြော ဆိုရေးသားလိုက်သော စကားလုံးများနှင့် အကြောင်းအရာများ မည်ကဲ့သို့ အဓိပ္ပါယ် ထွက်သွား လိမ့်မည် ဆိုခြင်းအပေါ်လည်း သတိရှိ သင့်ကြောင်း ယခုဖြစ်ရပ်က သတိပေး နေသည်ဟု အန်းနက်စ်က ဆိုခဲ့သည်။ အခမ်းအနားတွင် သမ္မတအိုဘားမားက ကျေးဇူးတော်နေ့ အတွက် ကြက်ဆင်နှစ်ကောင်အား ဘေးမဲ့ပေး လိုက်ကြောင်း ကြေညာခဲ့စဉ်တွင် အိုဘားမား၏ ဘေးတွင် ရပ်နေ ခဲ့ကြသော ဆယ်ကျော်သက် အရွယ် သမီးနှစ်ဦးမှာ အနည်းငယ် ပျင်းရိငြီးငွေ့ပုံ ပေါ်နေခဲ့သည်။     

နောက်ပိုင်းတွင် လောက်တန်က ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်မှ ပြန်လည် တောင်းပန်ခဲ့သည်။ “ဆယ်ကျော်သက်တစ်ဦးသာ ဖြစ်မယ်ဆိုရင် ကျွန်မအနေနဲ့ ဘယ်လိုမှ လက်ခံနိုင်မှာမဟုတ်တဲ့ ပုံစံမျိုးနဲ့ အဲဒီ ငယ်ရွယ်တဲ့ အမျိုးသမီးလေး နှစ်ဦးကို ကျွန်မစိတ်မြန်လက်မြန်နဲ့ ဝေဖန်ခဲ့မိ ပါတယ်” ဟု သူမက ရေးသားခဲ့ သည်။ အမေရိကန် မီဒီယာများသည်လည်း သမ္မတ အိုဘားမား၏ သမီးနှစ်ဦး၏ ကိုယ်ရေးကိုယ်တာ အကြောင်း အရာများကို သိပ်၍ ရေးသားလေ့ မရှိကြပေ။ သမ္မတတစ်ဦး၏ ကလေးများအပေါ် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုမှာ မလုပ်အပ်သော အရာဟု အမေရိကန်တွင် ယူဆထားကြသည်။

Ref: AFP
Mizzima - News in Burmese 

No comments:

Post a Comment