Wednesday 3 December 2014

ဟောင်ကောင် Occupy ဆန္ဒပြအဖွဲ့ ခေါင်းဆောင်များ အညံ့ခံ

Photo: ဟောင်ကောင် Occupy ဆန္ဒပြအဖွဲ့ ခေါင်းဆောင်များ အညံ့ခံ
Wednesday, December 3, 2014

ဟောင်ကောင် ဒီမိုကရေစီဆန္ဒပြမှုများကို စတင်ဦးဆောင်ခဲ့သူ  Occupy အဖွဲ့ ခေါင်းဆောင်သုံးဦးသည် ရဲများထံသို့ သွားရောက် အညံ့ခံခဲ့ပြီး ၎င်းတို့၏ လှုပ်ရှားမှုများကို စွန့်လွှတ်တော့မည် ဟု ဒီဇင်ဘာ ၂ ရက်က ကြေညာလိုက် သည်။

လမ်းများပေါ်တွင် ရှိဆဲဖြစ်သည့် ဆန္ဒပြသူများကိုလည်း ၎င်းတို့၏ ရပ်တည်ချက် များကို စွန့်လွှတ်လက်လျော့ကြရန် တိုက်တွန်းခဲ့သည်။ “ ကျွန်တော်တို့ အလျော့ ပေး အညံ့ခံ လိုက်ပါပြီ။ ကျောင်းသားတွေကိုလည်း လက်လျော့ကြဖို့နဲ့ လှုပ်ရှားမှုတွေကို ပြောင်းလဲသွားဖို့ကို ကျွန်တော်တို့ သုံးဦးက တိုက်တွန်း ပါတယ်” ဟု ဟောင်ကောင်မြို့လယ် သိမ်းပိုက်ရေး ကို ဦးဆောင်ခဲ့သည့် Occupy အဖွဲ့ခေါင်းဆောင် ဘန်နီတိုင် က ပြောကြားသည်။ နိုဝင်ဘာ ၃၁ ရက် ညပိုင်းက ဆန္ဒပြသူ ရာပေါင်း များစွာနှင့် ရဲတပ်ဖွဲ့တို့အကြား ပြင်းထန်သည့် ထိတွေ့ ရင်ဆိုင်မှုများကြောင့် လူများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ယခုကဲ့သို့ ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ အဓိကရုဏ်း ဖြစ်ရပ်သည် ပြီးခဲ့သည့် နှစ်လအကြာက ဒေသတွင် လူထုဆန္ဒပြပွဲများ စတင်ပြီးနောက်ပိုင်း အဆိုးရွားဆုံးသော ဖြစ်စဉ် တစ်ခု လည်းဖြစ်ခဲ့သည်။

Ref: AFP
Mizzima - News in Burmese 

ရဲများထံ အဖမ်းခံခဲ့သော ဟောင်ကောင်ဆန္ဒပြအဖွဲ့ Occupy မှ ခေါင်းဆောင် သုံးဦး။ ဓာတ်ပုံ - AFP
ရဲများထံ အဖမ်းခံခဲ့သော ဟောင်ကောင်ဆန္ဒပြအဖွဲ့ Occupy မှ ခေါင်းဆောင် သုံးဦး။ ဓာတ်ပုံ - AFP
ဟောင်ကောင် ဒီမိုကရေစီဆန္ဒပြမှုများကို စတင်ဦးဆောင်ခဲ့သူ  Occupy အဖွဲ့ ခေါင်းဆောင်သုံးဦးသည် ရဲများထံသို့ သွားရောက် အညံ့ခံခဲ့ပြီး ၎င်းတို့၏ လှုပ်ရှားမှုများကို စွန့်လွှတ်တော့မည် ဟု ဒီဇင်ဘာ ၂ ရက်က ကြေညာလိုက် သည်။

လမ်းများပေါ်တွင် ရှိဆဲဖြစ်သည့် ဆန္ဒပြသူများကိုလည်း ၎င်းတို့၏ ရပ်တည်ချက် များကို စွန့်လွှတ် လက်လျော့ကြရန် တိုက်တွန်းခဲ့သည်။ “ ကျွန်တော်တို့ အလျော့ပေး အညံ့ခံလိုက်ပါပြီ။ ကျောင်းသားတွေ ကိုလည်း လက်လျော့ကြဖို့နဲ့ လှုပ်ရှားမှုတွေကို ပြောင်းလဲသွားဖို့ကို ကျွန်တော်တို့ သုံးဦးက တိုက်တွန်း ပါတယ်” ဟု ဟောင်ကောင်မြို့လယ် သိမ်းပိုက်ရေး ကို ဦးဆောင်ခဲ့သည့် Occupy အဖွဲ့ခေါင်းဆောင် ဘန်နီတိုင် က ပြောကြားသည်။ နိုဝင်ဘာ ၃၁ ရက် ညပိုင်းက ဆန္ဒပြသူ ရာပေါင်း များစွာနှင့် ရဲတပ်ဖွဲ့တို့ အကြား ပြင်းထန်သည့် ထိတွေ့ ရင်ဆိုင်မှုများကြောင့် လူများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ယခုကဲ့သို့ ကြေညာ ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ အဓိကရုဏ်း ဖြစ်ရပ်သည် ပြီးခဲ့သည့် နှစ်လအကြာက ဒေသတွင် လူထုဆန္ဒပြပွဲများ စတင်ပြီး နောက်ပိုင်း အဆိုးရွားဆုံးသော ဖြစ်စဉ် တစ်ခု လည်းဖြစ်ခဲ့သည်။

Ref: AFP
Mizzima - News in Burmese 

No comments:

Post a Comment