Wednesday 3 December 2014

မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်းတည်ထောင်ရေး စီမံကိန်းနှင့် စံပြကျေးရွာ ၁ဝဝ ကို မြန်မာနှင့်ကိုရီးယား နှစ်နိုင်ငံပူးပေါင်းထူထောင်မည်

မြန်မာဖွံ့ဖြိုး မှုအဖွဲ့အစည်းတည်ထောင်ရေး စီမံကိန်းနှင့် ကျေးရွာ ၁ဝဝကို မြန်မာနှင့် ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်းပြီး စံပြ ရွာအဖြစ်ထူထောင် မည်ဖြစ် ကြောင်း နိုင်ငံတော်သမ္မတဦးသိန်းစိန်က ပြောသည်။

ဒီဇင်ဘာ ၂ရက်တွင် နေပြည် တော် အပြည်ပြည်ဆိုင်ရာကွန်ဗင်း ရှင်း(ဗဟို)ဌာနတွင် ကျင်းပသည့် မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံ ပူး ပေါင်းပြီး မြန်မာ ဖွံ့ဖြိုးမှု အဖွဲ့အစည်း တည်ထောင်ရေးစီမံကိန်း စတင်သည့် ဖိုရမ်ဖွင့်ပွဲ အခမ်းအနားတွင် နိုင်ငံ တော်သမ္မတမှ မိန့်ခွန်းပြောကြားရာ တွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

''ကျေးရွာသစ်လှုပ်ရှားမှု အ ကောင်အထည်ဖော်ရေးစီမံကိန်းဟာ ကျေးလက်နဲ့ မြို့ပြအကြား ဆင်းရဲ ချမ်းသာကွာဟမှုကို လျော့နည်း အောင် အစိုးရရဲ့ ဦးဆောင်မှု ဒေသ ခံပြည်သူများရဲ့ ပူးပေါင်းဆောင် ရွက်မှုနဲ့ အောင်မြင်အောင် ဆောင် ရွက်နိုင်တဲ့ ကိုရီးယားနိုင်ငံရဲ့အတွေ့ အကြုံကို ၂ဝ၁၂ခုနှစ် ခရီးစဉ်မှာ ကျွန်တော်တို့ လေ့လာကြည့်ရှုခွင့်ရ ခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာ အ ကောင် အထည်ဖော်ဖို့ ညှိနှိုင်းခဲ့တာပဲ ဖြစ်ပါတယ်''ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က ပြောသည်။

မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်း တည်ထောင်ရေးစီမံကိန်းကို ပထမအ ဆင့်အနေဖြင့် နေပြည်တော်ကောင် စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာ ရီတိုင်း၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ကျေးရွာ ၁ဝဝ ကို စံပြကျေးရွာများအဖြစ် ရွေးချယ် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

''မြန်မာနိုင်ငံမှာ ကျေးလက်နေ ပြည်သူအများစုဟာ ဆင်းရဲနွမ်းပါး ကြသူများ ဖြစ်ကြတဲ့အတွက် ဆင်းရဲ နွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများ ကို အစိုးရရဲ့ ဦးစားပေးလုပ်ငန်းအဖြစ် သတ်မှတ်ပြီး ဆောင်ရွက်လျက်ရှိပါ တယ်။ အထူး သဖြင့် တောင်သူလယ် သမားများရဲ့ စိုက်ပျိုးမွေးမြူ ထုတ် လုပ်မှုသာမက အသေးစား၊ အလတ် စားလုပ်ငန်းများ ဖွံ့ဖြိုးပြီး အလုပ်အ ကိုင်အခွင့်အလမ်းနဲ့ သင့်ငွေတိုး တက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ သောက်သုံးရေရရှိရေး၊ လမ်းပန်းဆက် သွယ်မှုကောင်းမွန်ရေးတို့ကို အလေး ထားပြီး ဆောင်ရွက်မှုကြောင့် တိုး တက်သင့်သလောက် တိုးတက်လာခဲ့ သော်လည်း လုပ်ငန်းပမာဏကြီးမား တဲ့အတွက် ရေတိုရေရှည်အစီအမံ များနှင့် နှစ်အလိုက် အချိန်ယူပြီး ဆောင်ရွက်သွားရမည်ဖြစ်ပါတယ်''ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဖွင့်ပွဲမိန့်ခွန်းပြောကြားခဲ့သည်။

Democracytoday

No comments:

Post a Comment