Wednesday 3 December 2014

အကြမ်းဖက်တိုက်ခိုက်မှုများကို ဒေသခံ တပ်ဖွဲ့ဝင်များ ကိုင်တွယ် ဖြေရှင်း နိုင်ပြီဟု နေတိုးပြောကြား

Photo: အကြမ်းဖက်တိုက်ခိုက်မှုများကို ဒေသခံ တပ်ဖွဲ့ဝင်များ ကိုင်တွယ် ဖြေရှင်း နိုင်ပြီဟု နေတိုးပြောကြား
Wednesday, December 3, 2014

 နေတိုးသည် ၎င်း၏ ကာလရှည်တိုက်ခိုက်ရေးမစ်ရှင်များ အဆုံးသတ်ပြီးနောက် လာမည့်နှစ်တွင် အာဖဂန်နစ္စတန် ၌ နောက်ထပ်အကြမ်းဖက်တိုက်ခိုက်မှုများ ကြုံတွေ့ရမည်ဖြစ်သော်လည်း ဒေသခံ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကိုင်တွယ်ဖြေရှင်းနိုင် လိမ့်မည် ဟု နေတိုးအကြီးအကဲ ဂျဲင်းစ်စတိုးလ်တင်ဘာ့ဂ် က ဒီဇင်ဘာ ၁ ရက်က ပြောကြားခဲ့သည်။

အာဖဂန်အစိုးရက နိုင်ငံတကာထောက်ခံသူ များနှင့် တွေ့ဆုံစဉ် မကြာသေး ခင်က ကဘူးလ်တွင် တိုက်ခိုက်မှု များမြင့်တက် လာခြင်းမှာ သတင်းခေါင်းကြီး များဖြစ်လာစေရန် အချိန်ကိုက်လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟု ဒီဇင်ဘာ ၁ရက်နှောင်းပိုင်းက အာဖဂန်သမ္မတသစ် အက်ရှ်ရတ်ဂါနိနှင့် တွေ့ဆုံခဲ့သော စတိုးလ်တင်ဘာ့ဂ်က ပြောကြားခဲ့သည်။ “ လာမဲ့နှစ်မှာလည်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်အုံးမှာပါပဲ။ ဒါပေမဲ့ အာဖဂန် အမျိုးသားလုံခြုံရေး တပ်ဖွဲ့တွေက ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ နောက်ပြီးလုံခြုံရေးတာဝန်ကို အာဖဂန်တွေကိုယ်တိုင် ထမ်းဆောင်ဖို့ အချိန်ရောက်ပါပြီ" ဟု ၎င်းကပြောကြားခဲ့သည်။

“တာလီဘန်တွေဟာ ကြီးမားတဲ့တိုက်ခိုက်မှုတွေ လုပ်နိုင်ပါသေးတယ်။ ဒါပေမဲ့ နယ်မြေတွေကို သိမ်းပိုက်နိုင်စွမ်းတော့ လျော့နည်းသွားပါပြီ " ဟု ၎င်းကထပ်မံပြောကြားခဲ့သည်။ နောက်ဆုံးအကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အဖြစ် ဒီဇင်ဘာ ၁ ရက်နေ့က အာဖဂန်မြောက်ပိုင်းတွင် ဈာပနတစ်ခု ကို အသေခံတိုက်ခိုက်မှုကြောင့်အနည်းဆုံးလူ ကိုးဦးသေဆုံးခဲ့သည်။ ယင်းတိုက်မှုမှာ မကြာသေးခင်က ကဘူးလ်တွင်ဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှုများစွာထဲက နောက်ဆုံးဖြစ်စဉ်ဖြစ်ရာ နေတိုးတပ်ဖွဲ့များက ၁၃ နှစ်ကြာတန်ဘိုးကြီးစွာရယူပေးခဲ့သည့် အကျိုးကျေးဇူး များ ပြန်လည်လျှောကျမည်ကို စိုးရိမ်မှုများပေါ်ထွက်လာခဲ့သည်။

၂၀၁၅ခုနှစ် ဇန်န၀ါရီလမှ စ၍နေတိုးတပ်ဖွဲ့ဝင်များသည် အာဖဂန်တွင် လေ့ကျင့်ရေးနှင့် အကြံပေး မစ်ရှင်အတွက် တပ်ဖွဲ့ဝင် ၁၂၅၀၀ ခန့်ဖြင့် ဆောင်ရွက် တော့မည် ဖြစ်သည်။ တပ်ဖွဲ့ဝင်အများစုမှာ အမေရိကန်မှဖြစ်သည်။ အာဖဂန်တွင် တိုက်ခိုက်ရေးမစ်ရှင် အတွက် နေတိုး တပ်ဖွဲ့ဝင်မှာ ၂၀၁၀ ပြည့်နှစ်က ၁၃၀,၀၀၀ အထိရှိသည်။ ယခုနှစ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အာဖဂန်ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများ၏ထိခိုက်သေဆုံးမှုကြီးမားစွာ ဖြစ်ပေါ်ခဲ့ပြီး လူ ၄၆၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်သည်။  

Ref: AFP
Mizzima - News in Burmese  

အာဖဂန်နစ္စတန် နိုင်ငံရှိ နေတိုး တပ်ဖွဲ့ဝင်များ
အာဖဂန်နစ္စတန် နိုင်ငံရှိ နေတိုး တပ်ဖွဲ့ဝင်များ 
 နေတိုးသည် ၎င်း၏ ကာလရှည်တိုက်ခိုက်ရေးမစ်ရှင်များ အဆုံးသတ်ပြီးနောက် လာမည့်နှစ်တွင် အာဖဂန် နစ္စတန် ၌ နောက်ထပ်အကြမ်းဖက်တိုက်ခိုက်မှုများ ကြုံတွေ့ရမည်ဖြစ်သော်လည်း ဒေသခံ လုံခြုံရေး တပ်ဖွဲ့ဝင်များက ကိုင်တွယ်ဖြေရှင်းနိုင် လိမ့်မည် ဟု နေတိုးအကြီးအကဲ ဂျဲင်းစ်စတိုးလ်တင်ဘာ့ဂ် က ဒီဇင်ဘာ ၁ ရက်က ပြောကြားခဲ့သည်။

အာဖဂန်အစိုးရက နိုင်ငံတကာထောက်ခံသူ များနှင့် တွေ့ဆုံစဉ် မကြာသေး ခင်က ကဘူးလ်တွင် တိုက်ခိုက်မှု များမြင့်တက် လာခြင်းမှာ သတင်းခေါင်းကြီး များဖြစ်လာစေရန် အချိန်ကိုက် လုပ်ဆောင်ခြင်း သာ ဖြစ်သည်ဟု ဒီဇင်ဘာ ၁ရက်နှောင်းပိုင်းက အာဖဂန်သမ္မတသစ် အက်ရှ်ရတ်ဂါနိနှင့် တွေ့ဆုံခဲ့သော စတိုးလ်တင်ဘာ့ဂ်က ပြောကြားခဲ့သည်။ “ လာမဲ့နှစ်မှာလည်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်အုံးမှာပါပဲ။ ဒါပေမဲ့ အာဖဂန် အမျိုးသားလုံခြုံရေး တပ်ဖွဲ့တွေက ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ နောက်ပြီးလုံခြုံရေး တာဝန်ကို အာဖဂန်တွေကိုယ်တိုင် ထမ်းဆောင်ဖို့ အချိန်ရောက်ပါပြီ" ဟု ၎င်းကပြောကြားခဲ့သည်။

“တာလီဘန်တွေဟာ ကြီးမားတဲ့တိုက်ခိုက်မှုတွေ လုပ်နိုင်ပါသေးတယ်။ ဒါပေမဲ့ နယ်မြေတွေကို သိမ်းပိုက် နိုင်စွမ်း တော့ လျော့နည်းသွားပါပြီ " ဟု ၎င်းကထပ်မံပြောကြားခဲ့သည်။ နောက်ဆုံးအကြမ်းဖက် တိုက်ခိုက် မှုဖြစ်စဉ်အဖြစ် ဒီဇင်ဘာ ၁ ရက်နေ့က အာဖဂန်မြောက်ပိုင်းတွင် ဈာပနတစ်ခု ကို အသေခံတိုက်ခိုက်မှု ကြောင့်အနည်းဆုံးလူ ကိုးဦးသေဆုံးခဲ့သည်။ ယင်းတိုက်မှုမှာ မကြာသေးခင်က ကဘူးလ်တွင်ဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှုများစွာထဲက နောက်ဆုံးဖြစ်စဉ်ဖြစ်ရာ နေတိုးတပ်ဖွဲ့များက ၁၃ နှစ်ကြာတန်ဘိုးကြီးစွာ ရယူပေးခဲ့သည့် အကျိုးကျေးဇူး များ ပြန်လည်လျှောကျမည်ကို စိုးရိမ်မှုများပေါ်ထွက်လာခဲ့သည်။

၂၀၁၅ခုနှစ် ဇန်န၀ါရီလမှ စ၍နေတိုးတပ်ဖွဲ့ဝင်များသည် အာဖဂန်တွင် လေ့ကျင့်ရေးနှင့် အကြံပေး မစ်ရှင်အတွက် တပ်ဖွဲ့ဝင် ၁၂၅၀၀ ခန့်ဖြင့် ဆောင်ရွက် တော့မည် ဖြစ်သည်။ တပ်ဖွဲ့ဝင်အများစုမှာ အမေရိကန်မှ ဖြစ်သည်။ အာဖဂန်တွင် တိုက်ခိုက်ရေးမစ်ရှင် အတွက် နေတိုး တပ်ဖွဲ့ဝင်မှာ ၂၀၁၀ ပြည့်နှစ် က ၁၃၀,၀၀၀ အထိရှိသည်။ ယခုနှစ်တွင် အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အာဖဂန်ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများ၏ထိခိုက်သေဆုံးမှုကြီးမားစွာ ဖြစ်ပေါ်ခဲ့ပြီး လူ ၄၆၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်သည်။  

Ref: AFP
Mizzima - News in Burmese 

No comments:

Post a Comment