Wednesday 3 December 2014

ဟေတီနိုင်ငံမှ အကျဉ်းသား ၃၀ ကျော် ထွက်ပြေးလွတ်မြောက်

Photo: ဟေတီနိုင်ငံမှ အကျဉ်းသား ၃၀ ကျော် ထွက်ပြေးလွတ်မြောက်
Wednesday, December 3, 2014

ဟေတီနိုင်ငံ မြို့ တော်ရဲ့ မြောက်ဘက် မိုင် ၆၀ အကွာမှာရှိတဲ့ Saint Marc မြို့ မှာ
အကျဉ်းသား ၃၄ ဦးက ထောင်တွင်းပြတင်းပေါက် သံတိုင်တွေကို လွှနဲ့ ဖြတ်ပြီး
ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဟေတီ အာဏာ ပိုင်တွေက ထုတ်ပြန်
လိုက်ပါတယ်။

အကျဉ်းသားတွေက လွှနဲ့ ဖြတ်ထားတဲ့ သံတိုင်ပေါက်တွေကနေ တွားသွားပြီး
ထွက်သွားခဲ့တာဖြစ်ပြီး လတ်တလောမှာ ထွက်ပြေးသွားသူတွေထဲက ၄ ဦးကို
ဖမ်းဆီးထားမိပြီလို့ ရဲတွေကပြောပါတယ်။

ထွက်ပြေးသွားတဲ့အကျဉ်းသားတွေကို မီးပွိုင့်တွေနဲ့ လူသွားလမ်းပေါ်က
ကားတွေထဲမှာ ရှာဖွေခဲ့တာဖြစ်ပြီး အကျဉ်းသားတွေထွက်ပြေးတဲ့ညက
တာဝန်ကျတဲ့ ရဲဝန်ထမ်း ၅ ဦးကိုတော့ အကျဉ်းသားတွေ ထွက်ပြေးနိုင်အောင်
ကူညီပေးတယ်လို့ သံသယရှိတဲ့အတွက် ဖမ်းဆီးထိမ်းသိမ်းလိုက်ပြီ ဖြစ်ပါတယ်။

ပြန်ဖမ်းမိထားတဲ့ ဝရမ်းပြေး ၄ ဦးက မကြာခင်မှာ တရားရင်ဆိုင်ဖို့ အတွက်
စောင့်ဆိုင်းနေသူတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါ အကျဉ်းထောင်ဖောက်ပြီး ထွက်ပြေးမှုမျိုးနဲ့ အလားတူ အမှုတစ်ခု လွန်ခဲ့တဲ့
၃ လအတွင်းက ဟေတီ မြို့ တော် ဆင်ခြေဖုံးအရပ်က Croix-des-Bouquets
အကျဉ်းထောင်မှာ ဖြစ်ပွားခဲ့ပြီး အကျဉ်းသား ၃၀၀ ကျော် ထွက်ပြေးလွတ်မြောက်
ခဲ့ဖူးတယ်လို့ သိရပါတယ်။

ဟေတီနိုင်ငံက တရားရေးစနစ်က နှောင့်နှေးကြန့် ကြာလွန်းတဲ့အတွက်
အကျဉ်းသားတွေက သူတို့ ကျူးလွန် ခဲ့တဲ့ အမှုကို ရုံးတင်စစ်ဆေးပြီး
တရားရင်ဆိုင်နိုင်ဖို့ ကို နှစ်ပေါင်းများစွာစောင့်ဆိုင်းရတဲ့အတွက် အကျဉ်းထောင်
အများစုက အကျဉ်းသားတွေ ပြည့်နှက်နေပြီး အကြမ်းဖက်မှုအလွန်များတယ်လို့ 
နာမည်ဆိုးနဲ့  ကျော်ကြား ပါတယ်။

၂၀၁၀ ခုနှစ်က ငလျင်ဒဏ်အပြင်းအထန်ခံစားခဲ့ရလို့ အစိုးရဌာနတွေအပြင်
နိုင်ငံနဲ့ တဝှမ်း ပျက်ဆီးဆုံးရှုံးမှု အကြီးအကျယ် ကြုံတွေ့ ခဲ့ရတဲ့ ဟေတီနိုင်ငံက
ဒုက္ခတွင်းကနေ ပြန်တက်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

ကမ္ဘာ့ ဘဏ်ရဲ့ အဆိုအရတော့ ဟေတီနိုင်ငံက အမေရိက မှာရှိတဲ့ နိုင်ငံတွေထဲက
အဆင်းရဲဆုံး နိုင်ငံဖြစ်တဲ့အပြင် ကမ္ဘာပေါ်က အဆင်းရဲဆုံးနိုင်ငံတွေထဲကလည်း
တစ်နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။

Ref: BBC
ဟေတီနိုင်ငံ မြို့ တော်ရဲ့ မြောက်ဘက် မိုင် ၆၀ အကွာမှာရှိတဲ့ Saint Marc မြို့ မှာ အကျဉ်းသား ၃၄ ဦးက ထောင်တွင်းပြတင်းပေါက် သံတိုင်တွေကိုလွှနဲ့ ဖြတ်ပြီး ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဟေတီအာဏာ ပိုင်တွေက ထုတ်ပြန် လိုက်ပါတယ်။

အကျဉ်းသားတွေက လွှနဲ့ ဖြတ်ထားတဲ့ သံတိုင်ပေါက်တွေကနေ တွားသွားပြီး ထွက်သွားခဲ့တာဖြစ်ပြီး လတ် တလောမှာ ထွက်ပြေးသွားသူတွေထဲက ၄ ဦးကို ဖမ်းဆီးထားမိပြီလို့ ရဲတွေကပြောပါတယ်။

ထွက်ပြေးသွားတဲ့အကျဉ်းသားတွေကို မီးပွိုင့်တွေနဲ့ လူသွားလမ်းပေါ်က ကားတွေထဲမှာ ရှာဖွေခဲ့တာဖြစ်ပြီး အကျဉ်းသားတွေထွက်ပြေးတဲ့ညက တာဝန်ကျတဲ့ ရဲဝန်ထမ်း ၅ ဦးကိုတော့ အကျဉ်းသားတွေ ထွက်ပြေး နိုင်အောင် ကူညီပေးတယ်လို့ သံသယရှိတဲ့အတွက် ဖမ်းဆီးထိမ်းသိမ်းလိုက်ပြီ ဖြစ်ပါတယ်။

ပြန်ဖမ်းမိထားတဲ့ ဝရမ်းပြေး ၄ ဦးက မကြာခင်မှာ တရားရင်ဆိုင်ဖို့ အတွက် စောင့်ဆိုင်းနေသူတွေ ဖြစ်တယ် လို့ လည်း သိရပါတယ်။

အဆိုပါ အကျဉ်းထောင်ဖောက်ပြီး ထွက်ပြေးမှုမျိုးနဲ့ အလားတူ အမှုတစ်ခု လွန်ခဲ့တဲ့ ၃ လအတွင်းက ဟေတီ မြို့ တော် ဆင်ခြေဖုံးအရပ်က Croix-des-Bouquets အကျဉ်းထောင်မှာ ဖြစ်ပွားခဲ့ပြီး အကျဉ်းသား ၃၀၀ ကျော် ထွက်ပြေးလွတ်မြောက်ခဲ့ဖူးတယ်လို့ သိရပါတယ်။

ဟေတီနိုင်ငံက တရားရေးစနစ်က နှောင့်နှေးကြန့် ကြာလွန်းတဲ့အတွက် အကျဉ်းသားတွေက သူတို့ ကျူး လွန် ခဲ့တဲ့ အမှုကို ရုံးတင်စစ်ဆေးပြီး တရားရင်ဆိုင်နိုင်ဖို့ ကို နှစ်ပေါင်းများစွာစောင့်ဆိုင်းရတဲ့အတွက် အကျဉ်းထောင် အများစုက အကျဉ်းသားတွေ ပြည့်နှက်နေပြီး အကြမ်းဖက်မှုအလွန်များတယ်လို့ နာမည်ဆိုးနဲ့  ကျော်ကြား ပါတယ်။

၂၀၁၀ ခုနှစ်က ငလျင်ဒဏ်အပြင်းအထန်ခံစားခဲ့ရလို့ အစိုးရဌာနတွေအပြင် နိုင်ငံနဲ့ တဝှမ်း ပျက်ဆီးဆုံးရှုံးမှု အကြီးအကျယ် ကြုံတွေ့ ခဲ့ရတဲ့ ဟေတီနိုင်ငံကဒုက္ခတွင်းကနေ ပြန်တက်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

ကမ္ဘာ့ ဘဏ်ရဲ့ အဆိုအရတော့ ဟေတီနိုင်ငံက အမေရိက မှာရှိတဲ့ နိုင်ငံတွေထဲက အဆင်းရဲဆုံး နိုင်ငံဖြစ်တဲ့ အပြင် ကမ္ဘာပေါ်က အဆင်းရဲဆုံးနိုင်ငံတွေထဲကလည်း တစ်နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။

Ref: BBC

No comments:

Post a Comment