Thursday 25 December 2014

အကြမ်းဖက်ဖြိုခွင်းမှုကြောင့် လူတစ်ဦးသေဆုံးခြင်း အစိုးရ တာဝန်ယူရန် တောင်းဆို

လက်ပံတောင်းတောင်တွင် အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ဒေသခံတစ်ဦးသေဆုံးမှုနှင့် ပတ်သက်၍ ထိ ရောက်သောတာဝန်ခံမှုဖြင့် အစိုးရကတာဝန်ယူဖြေရှင်းပေးရန် နိုင်ငံရေးပါတီများ၊ လက်နက်ကိုင် အဖွဲ့ အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများအပါအ၀င် စုစုပေါင်းအဖွဲ့အစည်း ၃၀ ခန့်က တောင်းဆို လိုက် ကြသည်။

အလားတူပင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်း ၂၅ဖွဲ့ ကလည်း နိုင်ငံသားပြည်သူတစ်ဦး အများပြည်သူမြင်ကွင်းတွင် ပစ်သတ်ခံရခြင်းနှင့် လူအများထိခိုက် ဒဏ်ရာ ရရှိခြင်း များအတွက် ယင်းလုပ်ရပ်ကို ကန့်ကွက်ရှုတ်ချခဲ့သည်။ အဆိုပါကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်သော စုံစမ်းစစ် ဆေးရေးကော်မရှင်က အစီရင်ခံ စာတစ်စောင်ကို နိုင်ငံတော်သမ္မ တထံ ၂၀၁၃အတွင်း တင်သွင်းခဲ့ပြီး ယခုကဲ့သို့ ပြဿနာများ ပြန်လည်ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ယခုလ ၂၂ရက်က ဖြစ်ပွား ခဲ့သော ပဋိပက္ခဖြစ်စဉ်တွင် အမျိုး သမီးတစ်ဦး သေနတ်ကျည်ဆန် ထိမှန်ကာ ဦးခေါင်းပွင့် သေဆုံး သည့်ဖြစ်စဉ်အပေါ် သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် ရုန်းရင်းဆန်ခတ်မှုများ ဖြေရှင်းရန် နည်းလမ်းများကို အတိအကျမလိုက်နာသည့်အတွက်  ဖြစ်ကြောင်း ဒီဇင်ဘာ ၂၄ရက်တွင် ထုတ်ပြန်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)တို့ကလည်း သဘောထား ကြေညာချက်များ အသီးသီးထုတ်ပြန်ခဲ့ကြသည်။

လက်ပံတောင်းတောင်တွင် ဖြစ်ပေါ်ခဲ့သော ပစ်ခတ်မှုများ ကြောင့် ပြည်သူများ သေဆုံးဒဏ် ရာရရှိသည့် ဖြစ်ရပ် များဖြစ်ပေါ်ခဲ့ သဖြင့် ထိုဖြစ်ရပ်ကြီးများမှ အစပြုကာ လူမှုပေါက်ကွဲမှုကြီးအဆင့်သို့ ကူးပြောင်း ရောက်ရှိ မသွားစေရေး အတွက် အစိုးရမှ တာဝန်ယူ ဖြေရှင်းပေးရန် တိုက်တွန်းကြောင်း NDF၏ ထုတ်ပြန် ချက်တွင်ဖော်ပြသည်။

ယင်းစီမံကိန်းသည် တိုင်းပြည်နှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားများကိုဖြစ် ထွန်းစေနိုင် မည်မဟုတ်ဘဲ မတည်ငြိမ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကိုသာဖြစ်ပေါ်လာစေ လိမ့်မည်ဖြစ်သည့် အပြင် ယခုကဲ့သို့ အသက်ဆုံးရှုံးမှု ဖြစ်ပေါ်စေသည်အထိ ဆိုးရွားလွန်းသော လူ့အခွင့် အရေးချိုးဖောက်မှုကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချ ကြောင်း ဒီဇင်ဘာ ၂၃ရက်တွင် ထုတ်ပြန်သည့် ၈၈ မျိုးဆက်(ငြိမ်း /ပွင့်)၏ ထုတ်ပြန်ချက်၌ ဖော်ပြ ထားသည်။

၂၀၁၂ နိုဝင်ဘာ ၂၉ရက်က လည်း စီမံကိန်းအား ကန့်ကွက်နေသောဒေသခံများ၏ သပိတ်စခန်းများကို ရဲတပ်ဖွဲ့မှ မီးလောင်ဗုံး များဖြင့် ဖြိုခွင်းရာ သံဃာများအ ပါအ၀င် ၄၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

7Day DAILY 

No comments:

Post a Comment