Thursday 25 December 2014

လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တွင် လေယာဉ်ပျံ ပုံသဏ္ဌာန် ပင်မစာသင်ဆောင် စတင်ဆောက်လုပ်

Photo: လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တွင် လေယာဉ်ပျံ ပုံသဏ္ဌာန် ပင်မစာသင်ဆောင် စတင်ဆောက်လုပ်
Thursday, December 25, 2014

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တွင် တည်ဆောက်မည့် လေယာဉ်ပျံ ပုံသဏ္ဌာန် ပင်မစာသင်ဆောင်ကြီး၏ ဦးခေါင်းပိုင်းကို စတင်ဆောက်လုပ်နေပြီ ဖြစ်ကြောင်း အဆိုပါတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်သွင်က ပြောကြားသည်။

အဆိုပါ လေယာဉ်ပျံ ပုံသဏ္ဌာန် ပင်မစာသင်ဆောင်ကြီး၏ ဦးခေါင်းပိုင်းတွင် ဘွဲ့နှင်းသဘင်ခန်းမနှင့် ရုံးခန်းများ ပါဝင်မည် ဖြစ်ကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများ ပြီးစီးပါက လက်ရှိ သုံးနေသော ရုံးခန်းများကို စာသင်ခန်းများအဖြစ် အသုံးပြုမည်ဟု ၎င်းကဆိုသည်။

ပင်မစာသင်ဆောင်ကြီးကို သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ ဘဏ္ဍာငွေဖြင့် တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ လက်ရှိ ဘဏ္ဍာနှစ်နှင့် လာမည့် ဘဏ္ဍာနှစ် နှစ်ခုအတွင်း အပြီးတည်ဆောက်မည် ဖြစ်သောကြောင့် စီမံကိန်း တစ်ခုလုံး၏ ကုန်ကျစရိတ်ကို တွက်ချက်နေဆဲ ဖြစ်ကြောင်း ပါမောက္ခချုပ်က ရှင်းပြသည်။

၂၀၀၂ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တက္ကသိုလ်ဖြစ်သည့် မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တွင် ယမန်နှစ်က ကျောင်းသား ၅၈၀ ရှိပြီး၊ ယခုစာသင်နှစ်တွင် ကျောင်းသူများကိုပါ ခေါ်ယူထားသောကြောင့် သင်တန်းသား သင်တန်းသူ အသစ်များ လက်ခံနေဆဲ ဖြစ်ကြောင်း ကျောင်းသားရေးရာ ဌာနထံမှ သိရသည်။

ယခင်က ငါးနှစ်သင်ရိုးအဖြစ် သတ်မှတ်ထားသော်လည်း ယခု ခြောက်နှစ်သင်ရိုး အဖြစ် ပြောင်းလဲမည် ဖြစ်ကြောင်း၊ မဟာတန်း တက်ရောက်ရန် အရည်အချင်း ပြည့်မီပါက နောက်ထပ်သုံးနှစ် သင်တန်း ထပ်တက်ရမည် ဖြစ်ကြောင်း၊ လေဆိပ်စီမံခန့်ခွဲမှုဆိုင်ရာ ဒီပလိုမာ တစ်နှစ်သင်တန်းကိုလည်း ဇန်နဝါရီလတွင် ဒုတိယအသုတ် အဖြစ် ဖွင့်လှစ်မည် ဖြစ်ကြောင်း ယင်းတက္ကသိုလ် ပါမောက္ခချုပ် ရုံးအဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများတွင် လေကြောင်းလိုင်းများနှင့် လေဆိပ်လုပ်ငန်းများ ပါဝင်လာ၍ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိလိုသဖြင့် မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တွင် ပညာသင်ကြားခြင်း ဖြစ်ကြောင်း အဆိုပါ တက္ကသိုလ်တွင် တက်ရောက်နေသူများက ပြောဆိုသည်။

The Voice Weekly
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တွင် တည်ဆောက်မည့် လေယာဉ်ပျံ ပုံသဏ္ဌာန် ပင်မစာသင်ဆောင်ကြီး၏ ဦးခေါင်းပိုင်းကို စတင်ဆောက်လုပ် နေပြီ ဖြစ်ကြောင်း အဆိုပါတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်သွင်က ပြောကြားသည်။

အဆိုပါ လေယာဉ်ပျံ ပုံသဏ္ဌာန် ပင်မစာသင်ဆောင်ကြီး၏ ဦးခေါင်းပိုင်းတွင် ဘွဲ့နှင်းသဘင်ခန်းမနှင့် ရုံးခန်းများ ပါဝင်မည် ဖြစ်ကြောင်း၊ ဆောက်လုပ်ရေး လုပ်ငန်းများ ပြီးစီးပါက လက်ရှိ သုံးနေသော ရုံးခန်း များကို စာသင်ခန်းများအဖြစ် အသုံးပြုမည်ဟု ၎င်းကဆိုသည်။

ပင်မစာသင်ဆောင်ကြီးကို သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ ဘဏ္ဍာငွေဖြင့် တည်ဆောက်ခြင်း ဖြစ် ကြောင်း၊ လက်ရှိ ဘဏ္ဍာနှစ်နှင့် လာမည့် ဘဏ္ဍာနှစ် နှစ်ခုအတွင်း အပြီးတည်ဆောက်မည် ဖြစ်သော ကြောင့် စီမံကိန်း တစ်ခုလုံး၏ ကုန်ကျစရိတ်ကို တွက်ချက်နေဆဲ ဖြစ်ကြောင်း ပါမောက္ခချုပ်က ရှင်းပြသည်။

၂၀၀၂ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ တစ်ခုတည်းသော တက္ကသိုလ်ဖြစ်သည့် မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တွင် ယမန်နှစ်က ကျောင်းသား ၅၈၀ ရှိပြီး၊ ယခုစာသင်နှစ် တွင် ကျောင်းသူများကိုပါ ခေါ်ယူထားသောကြောင့် သင်တန်းသား သင်တန်းသူ အသစ်များ လက်ခံနေဆဲ ဖြစ်ကြောင်း ကျောင်းသားရေးရာ ဌာနထံမှ သိရသည်။

ယခင်က ငါးနှစ်သင်ရိုးအဖြစ် သတ်မှတ်ထားသော်လည်း ယခု ခြောက်နှစ်သင်ရိုး အဖြစ် ပြောင်းလဲမည် ဖြစ်ကြောင်း၊ မဟာတန်းတက်ရောက်ရန် အရည်အချင်းပြည့်မီပါက နောက်ထပ်သုံးနှစ် သင်တန်း ထပ်တက် ရမည် ဖြစ်ကြောင်း၊ လေဆိပ်စီမံခန့်ခွဲမှုဆိုင်ရာ ဒီပလိုမာ တစ်နှစ်သင်တန်းကိုလည်း ဇန်နဝါရီလတွင် ဒုတိယအသုတ် အဖြစ် ဖွင့်လှစ်မည် ဖြစ်ကြောင်း ယင်းတက္ကသိုလ် ပါမောက္ခချုပ် ရုံးအဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများတွင် လေကြောင်းလိုင်းများနှင့် လေဆိပ် လုပ်ငန်းများ ပါဝင်လာ၍ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိလိုသဖြင့် မြန်မာနိုင်ငံ လေကြောင်း နှင့် အာကာသပညာတက္ကသိုလ်တွင် ပညာသင်ကြားခြင်းဖြစ်ကြောင်း အဆိုပါ တက္ကသိုလ်တွင် တက်ရောက် နေသူ များက ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment