Thursday 25 December 2014

တရားမ၀င် ကန်ထရိုက်တိုက်များအား လျှပ်စစ်မီးမပေးရန် စီစဉ်

Photo: တရားမ၀င် ကန်ထရိုက်တိုက်များအား လျှပ်စစ်မီးမပေးရန် စီစဉ်
Thursday, December 25, 2014

တရားမ၀င်ကန်ထရိုက် တိုက်အားလုံးအား လျှပ်စစ်မီးမပေးရန် ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေးအဖွဲ့နှင့် ညှိနှိုင်းနေကြောင်း အင်ဂျင်နီယာနှင့် အ ဆောက်အအုံဌာနမှ ဌာနမှူးဦး သန်းဌေးက ပြောသည်။

တရားမ၀င် တည်ဆောက် ထားသည့် တိုက်များကို ရန်ကုန်မြို့တော်စည်ပင်က တရားစွဲဆို နေစဉ် ယခုကဲ့သို့ လျှပ်စစ်မီးမရရှိစေရန် ဆွေးနွေးနေခြင်းဖြစ် ကြောင်း ဦးသန်းဌေးက ဒီဇင်ဘာ ၂၄ရက် မြို့တော်ခန်းမတွင် ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌ ပြောကြားလိုက်ခြင်းဖြစ်သည်။

လက်ရှိရန်ကုန်မြို့တော်အ တွင်း တရားမ၀င် တည်ဆောက် ထားသောကြောင့် တရားစွဲဆို ထားသည့် ကန်ထရိုက်တိုက် အ လုံးရေနှစ်ထောင်ကျော်ရှိပြီး ၃၇ လုံးအား ဖျက်သိမ်းထားကြောင်း ဦးသန်ဌေးကဆိုသည်။

တရားမ၀င် ကန်ထရိုက် တိုက် အများစုမှာ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ လှိုင်မြို့နယ်တို့ တွင် အများဆုံးဖြစ်ပြီးတရားမ၀င် ဆောက်လုပ်နေမှုများကို အရှိန်မြှင့်တရားစွဲဆိုနိုင်ရန် တရားရုံးများနှင့်လည်း ညှိနှိုင်းနေပြီဟု အ ဆိုပါဌာနမှူးကဆိုသည်။

 တရားမ၀င်  ကန်ထရိုက် တိုက်များလျှပ်စစ်မီးမရရှိစေရန် လည်း ပညာပိုင်းအားဖြင့်အနည်း ငယ်အခက်အခဲရှိသဖြင့် လာမည့် ၂၀၁၅ နှစ်ဆန်းပိုင်းတွင် စတင် လုပ်ဆောင်ရန် ရည်ရွယ်ထားသည်ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 ‘‘မီးမပေးတော့ဘူးဆိုရင် လက်ရှိတိုက်ခန်းတွေကိုဝယ်ပြီး နေထိုင်တဲ့သူတွေ ဒုက္ခအများကြီး ရောက်နိုင်တယ်’’ဟု ဆောက်လုပ် ရေးလုပ်ငန်းရှင်တစ်ဦးက ဝေဖန် သည်။

7Day DAILY 

တရားမ၀င်ဆောက်လုပ်သော ကန်ထရိုက်တိုက်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ− ဇေနွေထွန်း)
တရားမ၀င်ဆောက်လုပ်သော ကန်ထရိုက်တိုက်အချို့ကို တွေ့ရစဉ် (ဓာတ်ပုံ− ဇေနွေထွန်း) 
တရားမ၀င်ကန်ထရိုက် တိုက်အားလုံးအား လျှပ်စစ်မီးမပေးရန် ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေး အဖွဲ့နှင့် ညှိနှိုင်းနေကြောင်း အင်ဂျင်နီယာနှင့် အ ဆောက်အအုံဌာနမှ ဌာနမှူးဦး သန်းဌေးက ပြောသည်။

တရားမ၀င် တည်ဆောက် ထားသည့် တိုက်များကို ရန်ကုန်မြို့တော်စည်ပင်က တရားစွဲဆို နေစဉ် ယခုကဲ့ သို့ လျှပ်စစ်မီးမရရှိစေရန် ဆွေးနွေးနေခြင်းဖြစ် ကြောင်း ဦးသန်းဌေးက ဒီဇင်ဘာ ၂၄ရက် မြို့တော်ခန်းမ တွင် ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲ ၌ ပြောကြားလိုက်ခြင်းဖြစ်သည်။

လက်ရှိရန်ကုန်မြို့တော်အ တွင်း တရားမ၀င် တည်ဆောက် ထားသောကြောင့် တရားစွဲဆို ထားသည့် ကန်ထရိုက်တိုက် အ လုံးရေနှစ်ထောင်ကျော်ရှိပြီး ၃၇ လုံးအား ဖျက်သိမ်းထားကြောင်း ဦးသန်ဌေးက ဆိုသည်။

တရားမ၀င် ကန်ထရိုက် တိုက် အများစုမှာ မရမ်းကုန်း၊ သင်္ဃန်းကျွန်း၊ လှိုင်မြို့နယ်တို့ တွင် အများဆုံးဖြစ်ပြီး တရားမ၀င် ဆောက်လုပ်နေမှုများကို အရှိန်မြှင့်တရားစွဲဆိုနိုင်ရန် တရားရုံးများနှင့်လည်း ညှိနှိုင်းနေပြီဟု အ ဆိုပါဌာနမှူးကဆိုသည်။

 တရားမ၀င်  ကန်ထရိုက် တိုက်များလျှပ်စစ်မီးမရရှိစေရန် လည်း ပညာပိုင်းအားဖြင့်အနည်း ငယ် အခက် အခဲ ရှိသဖြင့် လာမည့် ၂၀၁၅ နှစ်ဆန်းပိုင်းတွင် စတင် လုပ်ဆောင်ရန် ရည်ရွယ်ထားသည်ဟု ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

 ‘‘မီးမပေးတော့ဘူးဆိုရင် လက်ရှိတိုက်ခန်းတွေကိုဝယ်ပြီး နေထိုင်တဲ့သူတွေ ဒုက္ခအများကြီး ရောက်နိုင် တယ်’’ဟု ဆောက်လုပ် ရေးလုပ်ငန်းရှင်တစ်ဦးက ဝေဖန် သည်။

7Day DAILY 

No comments:

Post a Comment