Thursday 25 December 2014

အီရတ်မှ စစ်ပြေးဒုက္ခသည်များကို ခရစ္စမတ် အကြို အားပေးစကား ပြောခဲ့သည့် ပုပ်ရဟန်းမင်းကြီး

Photo: အီရတ်မှ စစ်ပြေးဒုက္ခသည်များကို ခရစ္စမတ် အကြို အားပေးစကား ပြောခဲ့သည့် ပုပ်ရဟန်းမင်းကြီး
Thursday, December 25, 2014

အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့၏ရန်ကြောင့် နေရပ်ကို စွန့်ခွာ ထွက်ပြေးနေရသည့် အီရတ် ဒုက္ခသည်များကို ပုပ်ရဟန်းမင်းကြီးက ခရစ္စမတ် နှုတ်ခွန်းဆက် အားပေးစကား ပြောကြားခဲ့သည်။

ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေး၏ ဦးစီးနာယကဖြစ်သည့် အာဂျင်တီးနား နိုင်ငံသား ရဟန်းမင်းကြီးက ကာ့ဒ်မျိုးနွယ်များ၏ မြို့ဖြစ်သော အာဘီလ် အနီးတွင် ခိုလှုံနေရသည့် ဒုက္ခသည်များနှင့်အတူ မိမိ၏ စိတ်အတွေးအားလုံး ရှိနေမည်ဟု တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ် အားပေးခဲ့သည်။

ပြီးခဲ့သည့် နွေရာသီက IS စစ်သွေးကြွအဖွဲ့၏ လျှပ်တပြက် ထိုးစစ်ကြောင့် မိုဆူးလ်မြို့ကို စွန့်ခွာလာရသူများ အပါအဝင် ဒုက္ခသည်များကို ကက်သလစ် ရုပ်မြင်သံကြား ချင်နယ်လ် TV 2000၏ ပံ့ပိုးမှု အစီအစဉ်ဖြင့် ဂြိုဟ်တုဖုန်းမှတစ်ဆင့် ရဟန်းမင်းကြီးက ဒီဇင်ဘာ (၂၄)ရက်တွင် ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။

“ချစ်ခင်ရပါတဲ့ ညီအစ်ကိုတော်တို့။ ကျွန်ုပ်ဟာ သင်တို့နဲ့ နီးနီးစပ်စပ် ရှိနေမယ်။ သင်တို့ နှလုံးသားနဲ့ အနီးဆုံးမှာ ရှိနေမှာပါ”ဟု သက်တော် (၇၈)နှစ်ရှိ ရဟန်းမင်းကြီးက အားပေးပြောဆိုခဲ့ကြောင်း အီတလီ သတင်းဌာန AGIက ဖော်ပြခဲ့သည်။

အန်ကာဝါ ဒုက္ခသည် စခန်းရှိ အီရတ် ဒုက္ခသည်များကို တယ်လီဖုန်းမှတစ်ဆင့် စကားပြောခဲ့ရာတွင် ရဟန်းမင်းကြီးက “အထူးသဖြင့် လူမမယ် ကလေးငယ်တွေနဲ့ အသက်အရွယ် ကြီးရင့်သူတွေအကြောင်း ကျွန်ုပ်ရဲ့ စိတ်နှလုံးမှာ အလေးအနက် တွေးတောမိပါတယ်။ အပြစ်မဲ့တဲ့ ကလေးငယ်တွေ သေဆုံးခဲ့ရတယ်။ အမြတ်ထုတ်ခံရတယ်။ ဒါတွေက ကျွန်ုပ်ရဲ့ စိတ်အတွေးထဲမှာ ထင်ဟပ်နေပါတယ်။ ပြီးတော့ အဖိုးအဖွားတွေ၊ ဒီလို အခြေအနေကို သည်းခံ ဖြတ်သန်းနေရတဲ့ သက်ကြီးရွယ်အိုတွေ အတွက်ပါ ကျွန်ုပ်ရဲ့ စိတ်နှလုံးကို မျှဝေပါတယ်”ဟု ရဟန်းမင်းကြီးက ပြောကြားထားသည်။

ယခုသီတင်းပတ် အစောပိုင်းကလည်း ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်သည် အဆိုပါ ဒေသရှိ ခရစ်ယာန် ဘာသာဝင်များကို တစ်ကမ္ဘာလုံးမှ ခရစ်ယာန်များက ဝိုင်းဝန်း ကူညီထောက်ပံ့ပေးကြရန် မေတ္တာရပ်ခံခဲ့သေးသည်။

_Ref: Channel NewsAisa
7Day DAILY
အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ အဖွဲ့၏ရန်ကြောင့် နေရပ်ကို စွန့်ခွာ ထွက်ပြေးနေရသည့် အီရတ် ဒုက္ခသည်များကို ပုပ်ရဟန်းမင်းကြီးက ခရစ္စမတ် နှုတ်ခွန်းဆက် အားပေးစကား ပြောကြားခဲ့သည်။

ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေး၏ ဦးစီးနာယကဖြစ်သည့် အာဂျင်တီးနား နိုင်ငံသား ရဟန်းမင်း ကြီးက ကာ့ဒ်မျိုးနွယ်များ၏ မြို့ဖြစ်သော အာဘီလ် အနီးတွင် ခိုလှုံနေရသည့် ဒုက္ခသည်များနှင့်အတူ မိမိ၏ စိတ်အတွေးအားလုံး ရှိနေမည်ဟု တယ်လီဖုန်းမှတစ်ဆင့် ဆက်သွယ် အားပေးခဲ့သည်။

ပြီးခဲ့သည့် နွေရာသီက IS စစ်သွေးကြွအဖွဲ့၏ လျှပ်တပြက် ထိုးစစ်ကြောင့် မိုဆူးလ်မြို့ကို စွန့်ခွာလာရ သူများ အပါအဝင် ဒုက္ခသည်များကို ကက်သလစ် ရုပ်မြင်သံကြား ချင်နယ်လ် TV 2000၏ ပံ့ပိုးမှု အစီ အစဉ်ဖြင့် ဂြိုဟ်တုဖုန်းမှတစ်ဆင့် ရဟန်းမင်းကြီးက ဒီဇင်ဘာ (၂၄)ရက်တွင် ဆက်သွယ်ခဲ့ခြင်း ဖြစ် သည်။

“ချစ်ခင်ရပါတဲ့ ညီအစ်ကိုတော်တို့။ ကျွန်ုပ်ဟာ သင်တို့နဲ့ နီးနီးစပ်စပ် ရှိနေမယ်။ သင်တို့ နှလုံးသားနဲ့ အနီးဆုံးမှာ ရှိနေမှာပါ”ဟု သက်တော် (၇၈)နှစ်ရှိ ရဟန်းမင်းကြီးက အားပေးပြောဆိုခဲ့ကြောင်း အီတလီ သတင်းဌာန AGIက ဖော်ပြခဲ့သည်။

အန်ကာဝါ ဒုက္ခသည် စခန်းရှိ အီရတ် ဒုက္ခသည်များကို တယ်လီဖုန်းမှတစ်ဆင့် စကားပြောခဲ့ရာတွင် ရဟန်းမင်းကြီးက “အထူးသဖြင့် လူမမယ် ကလေးငယ်တွေနဲ့ အသက်အရွယ် ကြီးရင့်သူတွေအကြောင်း ကျွန်ုပ်ရဲ့ စိတ်နှလုံးမှာ အလေးအနက် တွေးတောမိပါတယ်။ အပြစ်မဲ့တဲ့ ကလေးငယ်တွေ သေဆုံးခဲ့ရတယ်။ အမြတ်ထုတ်ခံရတယ်။ ဒါတွေက ကျွန်ုပ်ရဲ့ စိတ်အတွေးထဲမှာ ထင်ဟပ်နေပါတယ်။ ပြီးတော့ အဖိုးအဖွားတွေ၊ ဒီလို အခြေအနေကို သည်းခံ ဖြတ်သန်းနေရတဲ့ သက်ကြီးရွယ်အိုတွေ အတွက်ပါ ကျွန်ုပ်ရဲ့ စိတ်နှလုံးကို မျှဝေပါတယ်”ဟု ရဟန်းမင်းကြီးက ပြောကြားထားသည်။

ယခုသီတင်းပတ် အစောပိုင်းကလည်း ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်သည် အဆိုပါ ဒေသရှိ ခရစ်ယာန် ဘာသာဝင်များကို တစ်ကမ္ဘာလုံးမှ ခရစ်ယာန်များက ဝိုင်းဝန်း ကူညီထောက်ပံ့ပေးကြရန် မေတ္တာရပ်ခံခဲ့ သေးသည်။

_Ref: Channel NewsAisa
7Day DAILY

No comments:

Post a Comment