Thursday 25 December 2014

မြဝတီ-မဲဆောက်နယ်စပ်တံတားနှင့် စစ်ဆေးရေးဂိတ်များကို ည ၈နာရီခွဲအထိ ဖွင့်ရန် နှစ်နိုင်ငံသဘောတူ

လာမည့် ၂၀၁၅ခုနှစ်ဇန်နဝါရီ ၁ရက်မှစတင် ပြီး ထိုင်း-မြန်မာ နယ်စပ် မြဝတီ-မဲ ဆောက်နယ်စပ် တံတား များနှင့်နှစ် နိုင်ငံ စစ်ဆေးရေး ဂိတ်များကို ထိုင်း စံတော်ချိန်ည ၈နာရီခွဲ မြန်မာစံတော် ချိန်ည ၈နာရီအထိ ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း ဘန်ကောက် ပို့စ်သ တင်းစာ၏ အင်တာနက် စာမျက်နှာ တွင် ဖော်ပြချက် အရ သိရသည်။

မြဝတီ-မဲဆောက်နယ်စပ်စစ် ဆေးရေးဂိတ်များနှင့်တံတားများမှာ လက်ရှိအချိန်အထိ ထိုင်းစံတော်ချိန် နံနက် ၆နာရီမှညနေ ၆နာရီ(မြန်မာ စံတော်ချိန်နံနက် ၅နာရီခွဲမှညနေ ၅နာရီခွဲအထိ) ဖွင့်လှစ်နေခြင်းဖြစ် ပြီး ၂၀၁၅ခုနှစ်တွင်စတင်မည့် အာ ဆီယံစီးပွားရေးအသိုက်အဝန်း AEC တွင် အဆင်သင့်ဖြစ်စေရန်နှင့်နှစ် နိုင်ငံကုန်သွယ်မှုလုပ်ငန်းများတိုးမြင့် လာစေရန်အတွက် ရည်ရွယ်ကြောင်း၊ နှစ်နိုင်ငံ သဘောတူညီမှုအရ အချိန် တိုးမြှင့်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း Tak governor Somchai Hathayatanti က ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောသည်။

''အခုကိစ္စက ကြိုဆိုစရာပါ။ အရင်ကဆိုရင် ကျွန်တော်တို့ဆို မဲ ဆောက် မှာပစ္စည်း သွားဝယ်ရင် တံတား က မြန်မာစံတော်ချိန် ၅နာရီ ခွဲဆိုပိတ်ပြီဖြစ် တဲ့အတွက် မနည်းအ ချိန်လုရတာတွေရှိတယ်။ မရရင်တ ရားမဝင် ဂိတ်တွေ ကနေ ပြန်ရတာတွေ ရှိတယ်။ အလုပ်သမားတွေဆိုရင် လဲ ဒီအတိုင်း ပဲလေ၊ တော်တော် လေး အဆင်ပြေသွားလိမ့်မယ်''ဟု နယ်စပ် ကုန်သွယ်ရေး လုပ်ငန်းရှင် တစ်ဦးဖြစ် သည့်ဦးရဲကိုကပြောသည်။

မဲဆောက်အကောက် ခွန်ဌာန ၏ ၂၀၁၄ခုနစ် အစီရင်ခံစာအရနှစ် နိုင်ငံတရား ဝင်နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ဘတ် ၅ဝဘီလီယံရှိ ကြောင်း ဘန်ကောက်ပို့စ်သတင်း ဌာနတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနှင့် နယ်စပ်ကုန်သွယ်မှုအပါဝင် နှစ်နိုင်ငံ ကူးသန်းသွားလာရေးအတွက် အလုပ် ရုံဆွေးနွေးပွဲတစ်ရပ်ကို ယခုရက် ပိုင်းအတွင်း တခ့်မြို့တွင်ကျင်းပခဲ့ပြီး နှစ်နိုင်ငံကုန်သည်များနှင့်နှစ်နိုင်ငံ နယ်စပ်ဒေသများမှ အာဏာပိုင်များ တက်ရောက်ခဲ့သည်။

SHA
‪Democracytoday‬

No comments:

Post a Comment