Sunday 23 November 2014

သီးသန့်ကျောင်းကားများဖြင့် လက်ရှိကြိုပို့စနစ်ကို ပြင်ဆင်မည်

Photo: သီးသန့်ကျောင်းကားများဖြင့် လက်ရှိကြိုပို့စနစ်ကို ပြင်ဆင်မည်
Sunday, November 23, 2014

 ကျောင်းကြိုပို့ကားများ ကြောင့် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားစေ၍ လာမည့်နှစ်မှ စတင်ကာ လမ်းမများပေါ်ရှိ ကျောင်းများကို အဓိကထားပြီး ကျောင်းကား(School Bus)များအစားထိုးပြေးဆွဲနိုင်ရန် စီစဉ်နေကြောင်း မြို့နယ်ပညာရေးမှူးတစ်ဦးက ပြောကြားသည်။

‘‘ရန်ကုန်မြို့က လမ်းတွေက တချို့နေရာတွေက ကျဉ်းတယ်။ ကျောင်းချိန်ရောက်ပြီ ဆိုတာနဲ့ ကျောင်းကားတွေရော အိမ်ကား တွေပါ လမ်းပေါ်မှာ ရပ်ချင်သလို ရပ်တယ်။ ယာဉ်ထိန်းရဲလည်း မဖမ်းရဲဘူး။ ကျောင်းကားဆိုရင် တော့ ကားအစီးရေနည်းသွားမှာ ဖြစ်သလို ယာဉ်ကြောပိတ်ဆို့မှု လည်း နည်းသွားမယ်။ ဒီအတွက် ကျောင်းတွေမှာ လိုက်ပြီးတော့ ပြောပြနေတာပါ’’ဟု ၎င်းကပြော သည်။ကျောင်းကားများစတင်ပြေး ဆွဲသည့်ကျောင်းများတွင်  တစ်ဦးချင်းစီ သီးသန့်ကြိုသည့် အိမ် ကားများကို လာကြိုခွင့်ပြုတော့ မည်မဟုတ်သည့်အပြင် အပြင် ကြိုပို့ကားများ အသစ်လဲပြီး သတ် မှတ်ဘတ်စ်ကားများ တင်သွင်းရ မည်ဖြစ်သည်။

ကျောင်းကားများ လဲလှယ် ရာတွင်လည်း အနည်းဆုံး ၂၅ ဦးစီးနိုင်သည့် ကားများဖြင့် အစား ထိုးနိုင်ရန် စီစဉ်ထားကြောင်း ထို ကားများ မှာယူတင်သွင်းရာတွင် လည်း မူလပြေးဆွဲနေသည့် ကျောင်းကားများကို ဦးစားပေး မည်ဖြစ်ကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကိုလည်း လုံခြုံရေးသင်တန်း ပေးသွားရန် ရှိကြောင်း သိရသည်။

‘‘ဆရာမကြီးကတော့ ကျွန် တော်တို့ ကားသမားတွေကို ခေါ် ပြောတယ်။ လာမယ့်နှစ်တော့ ကျွန်တော်တို့ ကျောင်းကားတွေ ကို ပေးမဆွဲတော့ဘူး။ ကား အသစ်တွေနဲ့ လဲလှယ်ဆွဲရမယ် ပြောတယ်။ ဒါပေမဲ့ ကျွန်တော် တို့ကားတွေ ခုချိန်ရောင်းရင် ပိုက် ဆံသိန်းလေးငါးဆယ်ပဲရမှာလေ။ ပြန်ဝယ်ရမယ့် ကားတွေက သိန်း နှစ်ရာကျော် ဈေးပေါက်တယ်။ ဘယ်လိုသွားဝယ်မလဲ။ ပြီးတော့ လစာကိုလည်း ကျောင်းက သတ် မှတ်ပေးတဲ့ ဈေးနဲ့ မောင်းရမှာ’’ဟု အထက(၂) ကမာရွတ်တွင် ကျောင်းကားမောင်းသူတစ်ဦးက ပြောသည်။

ကျောင်းတစ်ကျောင်းတည်း တွင် မနက်၊ ညနေ ပြေးဆွဲသော ကားများမှာ တစ်လလျှင် ကျပ်ခြောက်သိန်းနီးပါးရရှိပြီး နံနက်၊ နေ့လယ်၊ ညနေလိုက်သည့် ကျောင်းကားဝင်ငွေသည် ကျပ်ဆယ်သိန်းအထက်တွင် ရှိသည်။ သို့သော် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ဆီဖိုး၊ ကားပြင်ဆင်စရိတ်များအတွက် ကုန်ကျမှုများရှိ သည်ဟု ကျောင်းကားပိုင်ရှင်များ က ဆိုသည်။

‘‘ကျောင်းကားတွေကို ဒီလို လုပ်မယ်ဆိုရင်တော့ ကောင်း တယ်။ ဒါပေမဲ့ ကွက်ကျားမိုးတော့ မရွာစေချင်ဘူး။ ဘယ်သူ့မြေးမို့လို့၊ ဘယ်သူ့သားမို့ သူတို့ကားတွေ လာကြိုခွင့်တော့ရတယ် ဆိုတာမျိုးပေါ့ဗျာ။ ကျောင်းသား တိုင်း ကားစီးရမယ်ဆိုရင် အကုန် လုံးလုပ်ပါ။ ဒဂုံ(၁)ရဲ့ ကျောင်း ဆင်း၊ ကျောင်းတက်ချိန်ဆို မြင် ဖူးတယ်ရှိအောင် လာကြည့်ပါ။  ကားတွေပိတ်လို့ မြို့ထဲ ဘယ်အချိန်ရောက်လဲဆိုတာ သွားဖူးသူတိုင်းသိတယ်’’ဟု မြောက်ဥက္ကလာပတွင် နေထိုင်သူ ကိုညီညီက ပြောသည်။ ကျောင်းဆင်းချိန်တွင် ကျောင်းကားများထက် အိမ်ကား များကပိုမိုများပြားပြီး တစ်ဦးနှင့် တစ်ဦး အပြိုင်အဆိုင် လာကြို သည့် မိဘများလည်းရှိကြောင်း လာကြိုသည့် ကားများသည် လမ်းမပေါ်တွင် နှစ်ထပ်၊သုံးထပ် ပိတ်ဆို့ရပ်တန့်နေပြီး လာရောက် ဖမ်းဆီးသည့် ယာဉ်ထိန်းရဲများ လည်း မတွေ့ရကြောင်း ကမာရွတ်မြို့နယ်အတွင်း နေထိုင်သူအချို့က ပြောသည်။

ယခုအစီအစဉ်ကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနတို့ ဆွေးနွေး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ကျောင်းကားပိုင်ရှင်များနှင့် ယာဉ် မောင်း၊ ယာဉ်နောက်လိုက်အများ စုမှာ ပြောင်းလဲမည့်အစီအစဉ်ကို မကျေနပ်၍ ဆန္ဒထုတ်ဖော်သွား ရန် စီစဉ်နေကြောင်း သိရသည်။

7Day DAILY 

ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် ကျောင်းဆင်းချိန်၌တွ့ရသော ကျောင်းကြိုပို့ ယာဉ်များ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ))

ရန်ကုန်မြို့ ဗဟန်းမြို့နယ်တွင် ကျောင်းဆင်းချိန်၌တွ့ရသော ကျောင်းကြိုပို့ ယာဉ်များ

 ကျောင်းကြိုပို့ကားများ ကြောင့် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုဆိုးရွားစေ၍ လာမည့်နှစ်မှ စတင်ကာ လမ်းမများ ပေါ်ရှိ ကျောင်းများကို အဓိကထားပြီး ကျောင်းကား(School Bus)များအစားထိုးပြေးဆွဲနိုင်ရန် စီစဉ်နေ ကြောင်း မြို့နယ်ပညာရေးမှူးတစ်ဦးက ပြောကြားသည်။

‘‘ရန်ကုန်မြို့က လမ်းတွေက တချို့နေရာတွေက ကျဉ်းတယ်။ ကျောင်းချိန်ရောက်ပြီ ဆိုတာနဲ့ ကျောင်းကား တွေရော အိမ်ကား တွေပါ လမ်းပေါ်မှာ ရပ်ချင်သလို ရပ်တယ်။ ယာဉ်ထိန်းရဲလည်း မဖမ်းရဲဘူး။ ကျောင်း ကားဆိုရင် တော့ ကားအစီးရေနည်းသွားမှာ ဖြစ်သလို ယာဉ်ကြောပိတ်ဆို့မှု လည်း နည်းသွားမယ်။ ဒီအတွက် ကျောင်းတွေမှာ လိုက်ပြီးတော့ ပြောပြနေတာပါ’’ဟု ၎င်းကပြော သည်။ ကျောင်းကားများ စတင်ပြေး ဆွဲသည့်ကျောင်းများတွင်  တစ်ဦးချင်းစီ သီးသန့်ကြိုသည့် အိမ် ကားများကို လာကြိုခွင့်ပြုတော့ မည်မဟုတ်သည့်အပြင် အပြင် ကြိုပို့ကားများ အသစ်လဲပြီး သတ်မှတ်ဘတ်စ်ကားများ တင်သွင်းရ မည်ဖြစ်သည်။

ကျောင်းကားများ လဲလှယ် ရာတွင်လည်း အနည်းဆုံး ၂၅ ဦးစီးနိုင်သည့် ကားများဖြင့် အစား ထိုးနိုင်ရန် စီစဉ်ထားကြောင်း ထို ကားများ မှာယူတင်သွင်းရာတွင် လည်း မူလပြေးဆွဲနေသည့် ကျောင်းကားများကို ဦးစားပေး မည်ဖြစ်ကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကိုလည်း လုံခြုံရေးသင်တန်း ပေးသွားရန် ရှိကြောင်း သိရသည်။

‘‘ဆရာမကြီးကတော့ ကျွန် တော်တို့ ကားသမားတွေကို ခေါ် ပြောတယ်။ လာမယ့်နှစ်တော့ ကျွန်တော်တို့ ကျောင်းကားတွေကို ပေးမဆွဲတော့ဘူး။ ကား အသစ်တွေနဲ့ လဲလှယ်ဆွဲရမယ် ပြောတယ်။ ဒါပေမဲ့ ကျွန်တော် တို့ကားတွေ ခုချိန်ရောင်းရင် ပိုက် ဆံသိန်းလေးငါးဆယ်ပဲရမှာလေ။ ပြန်ဝယ်ရမယ့် ကားတွေက သိန်း နှစ်ရာကျော် ဈေးပေါက်တယ်။ ဘယ်လိုသွားဝယ်မလဲ။ ပြီးတော့ လစာကိုလည်း ကျောင်းက သတ် မှတ်ပေးတဲ့ဈေးနဲ့ မောင်းရမှာ’’ဟု အထက(၂) ကမာရွတ်တွင် ကျောင်းကားမောင်းသူတစ်ဦးက ပြောသည်။

ကျောင်းတစ်ကျောင်းတည်း တွင် မနက်၊ ညနေ ပြေးဆွဲသော ကားများမှာ တစ်လလျှင် ကျပ်ခြောက်သိန်း နီးပါးရရှိပြီး နံနက်၊ နေ့လယ်၊ ညနေလိုက်သည့် ကျောင်းကားဝင်ငွေသည် ကျပ်ဆယ်သိန်းအထက်တွင် ရှိသည်။ သို့သော် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ဆီဖိုး၊ ကားပြင်ဆင်စရိတ်များအတွက် ကုန်ကျမှုများရှိ သည်ဟု ကျောင်းကားပိုင်ရှင်များ က ဆိုသည်။

‘‘ကျောင်းကားတွေကို ဒီလို လုပ်မယ်ဆိုရင်တော့ ကောင်း တယ်။ ဒါပေမဲ့ ကွက်ကျားမိုးတော့ မရွာစေချင် ဘူး။ ဘယ်သူ့မြေးမို့လို့၊ ဘယ်သူ့သားမို့ သူတို့ကားတွေ လာကြိုခွင့်တော့ရတယ် ဆိုတာမျိုးပေါ့ဗျာ။ ကျောင်းသား တိုင်း ကားစီးရမယ်ဆိုရင် အကုန် လုံးလုပ်ပါ။ ဒဂုံ(၁)ရဲ့ ကျောင်း ဆင်း၊ ကျောင်းတက်ချိန်ဆို မြင် ဖူးတယ်ရှိအောင်လာကြည့်ပါ။  ကားတွေပိတ်လို့ မြို့ထဲ ဘယ်အချိန်ရောက်လဲဆိုတာ သွားဖူး သူတိုင်းသိတယ်’’ဟု မြောက်ဥက္ကလာပတွင် နေထိုင်သူ ကိုညီညီက ပြောသည်။ ကျောင်းဆင်းချိန်တွင် ကျောင်းကားများထက် အိမ်ကား များကပိုမိုများပြားပြီး တစ်ဦးနှင့် တစ်ဦး အပြိုင်အဆိုင် လာကြို သည့် မိဘများလည်းရှိကြောင်း လာကြိုသည့် ကားများသည် လမ်းမပေါ်တွင် နှစ်ထပ်၊သုံးထပ် ပိတ်ဆို့ရပ်တန့် နေပြီး လာရောက် ဖမ်းဆီးသည့် ယာဉ်ထိန်းရဲများလည်း မတွေ့ရကြောင်း ကမာရွတ်မြို့နယ်အတွင်း နေထိုင်သူ အချို့က ပြောသည်။

ယခုအစီအစဉ်ကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနတို့ ဆွေးနွေး ဆောင် ရွက်နေခြင်းဖြစ်ကြောင်း ကျောင်းကားပိုင်ရှင်များနှင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အများ စုမှာ ပြောင်းလဲမည့်အစီအစဉ်ကို မကျေနပ်၍ ဆန္ဒထုတ်ဖော်သွား ရန် စီစဉ်နေကြောင်း သိရသည်။

7Day DAILY

No comments:

Post a Comment