Sunday 23 November 2014

ဟစ်တလာ၏ ရေဆေး ပန်းချီကားကို စတာလင် ပေါင် ၄ဝဝဝဝ ဖြင့် လေလံတင် ရောင်းချမည်

Photo: ဟစ်တလာ၏ ရေဆေး ပန်းချီကားကို စတာလင် ပေါင် ၄ဝဝဝဝ ဖြင့် လေလံတင် ရောင်းချမည်
Sunday, November 23, 2014

နှစ်ပေါင်း ၁ဝဝ သက်တမ်းရှိ နာဇီခေါင်းဆောင် ဟစ်တလာ၏ ရေဆေးပန်းချီကား တစ်ချပ်ကို ယခု ရက်သတ္တပတ် အကုန်တွင် ပြုလုပ်မည့် လေလံပွဲ၌ စတာလင်ပေါင် ၄ဝဝဝဝ ဖြင့် လေလံတင် ရောင်းချရန် စီစဉ်ထားကြောင်း Nuremberg's Weidler လေလံ ကုမ္ပဏီက ပြောကြားခဲ့သည်။ အဆိုပါ ပန်းချီကားသည် မြူးနစ်မြို့ရှိ မြို့တော်ခန်းမဟောင်း တစ်ခု၏ ပုံတူကို ရေးဆွဲထားသော ရေဆေးပန်းချီကား ဖြစ်ပြီး ပန်းချီကား၏ လက်ဝဲဘက် အောက်ခြေတွင် "A.Hitler"ဟု ရေးထိုး ထားကြောင်း၊ ယင်း ပန်းချီကားသည် ဟစ်တလာ ရေးဆွဲခဲ့သော ပန်းချီကား အချပ် ၂ဝဝဝ အနက် တစ်ခုဖြစ်ပြီး ၁၉၁၄ ခုနှစ်က ရေးဆွဲခဲ့သည်ဟု ယူဆရကြောင်း လေလံကုမ္ပဏီက ပြောကြားခဲ့သည်။ 

၎င်း ပန်းချီကား၏ အရွယ်အစားမှာ ၂၈x၂၂ စင်တီမီတာ (၁၁x၈ ဒသမ ၅ ) လက်မရှိပြီး "The Old City Hall" ဟု အမည် ပေးထားကြောင်း သိရသည်။ ဟစ်တလာသည် နာဇီခေါင်းဆောင်အဖြစ် အာဏာမရမီ ဆယ်စုနှစ် နှစ်ခုနီးပါးကြာ ပန်းချီဆရာတစ်ဦး အဖြစ် နေထိုင်ခဲ့စဉ်တွင် ကမ္ဘာအနှံ့ရှိ စိတ်ဝင်စားဖွယ် ကောင်းသော အရာများကို ပန်းချီကားများ ရေးဆွဲ ခဲ့သည်ဟု သိရသည်။

မြ၀တီ
နှစ်ပေါင်း ၁ဝဝ သက်တမ်းရှိ နာဇီခေါင်းဆောင် ဟစ်တလာ၏ ရေဆေးပန်းချီကား တစ်ချပ်ကို ယခု ရက်သတ္တပတ် အကုန်တွင် ပြုလုပ်မည့် လေလံပွဲ၌ စတာလင်ပေါင် ၄ဝဝဝဝ ဖြင့် လေလံတင် ရောင်းချရန် စီစဉ်ထားကြောင်း Nuremberg's Weidler လေလံ ကုမ္ပဏီက ပြောကြားခဲ့သည်။
အဆိုပါ ပန်းချီကားသည် မြူးနစ်မြို့ရှိ မြို့တော်ခန်းမဟောင်း တစ်ခု၏ ပုံတူကို ရေးဆွဲထားသော ရေဆေးပန်းချီကား ဖြစ်ပြီး ပန်းချီကား၏ လက်ဝဲဘက် အောက်ခြေတွင် "A.Hitler"ဟု ရေးထိုးထား ကြောင်း၊ ယင်း ပန်းချီကားသည် ဟစ်တလာ ရေးဆွဲခဲ့သော ပန်းချီကား အချပ် ၂ဝဝဝ အနက် တစ်ခုဖြစ်ပြီး ၁၉၁၄ ခုနှစ်က ရေးဆွဲခဲ့သည်ဟု ယူဆရကြောင်း လေလံကုမ္ပဏီက ပြောကြားခဲ့သည်။

၎င်း ပန်းချီကား၏ အရွယ်အစားမှာ ၂၈x၂၂ စင်တီမီတာ (၁၁x၈ ဒသမ ၅ ) လက်မရှိပြီး "The Old City Hall" ဟု အမည် ပေးထားကြောင်း သိရသည်။ ဟစ်တလာသည် နာဇီခေါင်းဆောင်အဖြစ် အာဏာမရမီ ဆယ်စုနှစ် နှစ်ခုနီးပါးကြာ ပန်းချီဆရာတစ်ဦး အဖြစ် နေထိုင်ခဲ့စဉ်တွင် ကမ္ဘာအနှံ့ရှိ စိတ်ဝင်စားဖွယ် ကောင်းသော အရာများကို ပန်းချီကားများ ရေးဆွဲ ခဲ့သည်ဟု သိရသည်။

မြ၀တီ

No comments:

Post a Comment