Sunday 23 November 2014

အလုပ်ရှင်နှင့်လုပ်သား တိုက်ရိုက်ချိတ်ဆက်နိုင်မည့် အင်တာနက်စာမျက်နှာ လွှင့်တင်

Photo: အလုပ်ရှင်နှင့်လုပ်သား တိုက်ရိုက်ချိတ်ဆက်နိုင်မည့် အင်တာနက်စာမျက်နှာ လွှင့်တင်
Saturday, November 23, 2014

အလုပ်ရှာနေသူများနှင့် အလုပ်ရှင်တို့ တိုက်ရိုက်ချိတ်ဆက်နိုင်မည့် စာမျက်နှာတစ်ခုကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် နိုဝင်ဘာလ ၂၂ ရက်က လွှင့်တင်လိုက်ပြီ ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။

အလုပ်ရှင်များအနေနှင့် အဆိုပါ ဝက်ဘ်ဆိုက်သို့ မှတ်ပုံတင်လိုပါက နီးစပ်ရာ အလုပ်သမားရုံးများတွင် လုပ်ငန်းရှင် မှတ်ပုံတင်ပုံစံ ဖြည့်ကာ အခမဲ့ ဝင်ရောက်နိုင်ပြီး အလုပ်သမားများ အနေနှင့်မူ အဆိုပါ ဝက်ဘ်ဆိုက်တွင် ကိုယ်ရေးအကျဉ်းကို ဖြည့်ကာ မှတ်ပုံတင်နိုင်မည် ဖြစ်ကြောင်း အဆိုပါ ဝက်ဘ်ဆိုက်ကို ရေးဆွဲသည့် Trust Link ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသူရိန်ထွန်းက ပြောကြားသည်။

အလုပ်လျှောက်ထားလိုပါက လျှောက်ထားရန်ဆိုသည့် နေရာကို နှိပ်လိုက်ရုံဖြင့် အလုပ်ရှင်ထံသို့ လျှောက်လွှာရရှိသွားမည် ဖြစ်ပြီး အလွယ်တကူ အလုပ်လျှောက်ထားနိုင်မည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

“အလုပ်သမားတွေအနေနဲ့ အလုပ်သမား ရှာဖွေရေးရုံးကို သွားစရာ မလိုတော့ဘူး။ အလုပ်ရှင်တွေကလည်း ဝက်ဘ်ဆိုက်မှာတင် လိုအပ်တဲ့ အလုပ်ကို တင်လို့ရတယ်” ဟု ဦးသူရိန်ထွန်းက ဆိုသည်။

အဆိုပါ အင်တာနက်စာမျက်နှာကို ဝင်ရောက်လိုပါက www.myanmarjob.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly
အလုပ်ရှာနေသူများနှင့် အလုပ်ရှင်တို့ တိုက်ရိုက်ချိတ်ဆက်နိုင်မည့် စာမျက်နှာတစ်ခုကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် နိုဝင်ဘာလ ၂၂ ရက်က လွှင့်တင် လိုက်ပြီ ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။

အလုပ်ရှင်များအနေနှင့် အဆိုပါ ဝက်ဘ်ဆိုက်သို့ မှတ်ပုံတင်လိုပါက နီးစပ်ရာ အလုပ်သမားရုံးများတွင် လုပ်ငန်းရှင် မှတ်ပုံတင်ပုံစံ ဖြည့်ကာ အခမဲ့ ဝင်ရောက်နိုင်ပြီး အလုပ်သမားများ အနေနှင့်မူ အဆိုပါ ဝက်ဘ်ဆိုက်တွင် ကိုယ်ရေးအကျဉ်းကို ဖြည့်ကာ မှတ်ပုံတင်နိုင်မည် ဖြစ်ကြောင်း အဆိုပါ ဝက်ဘ်ဆိုက်ကို ရေးဆွဲသည့် Trust Link ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသူရိန်ထွန်းက ပြောကြားသည်။

အလုပ်လျှောက်ထားလိုပါက လျှောက်ထားရန်ဆိုသည့် နေရာကို နှိပ်လိုက်ရုံဖြင့် အလုပ်ရှင်ထံသို့ လျှောက် လွှာရရှိသွားမည်ဖြစ်ပြီး အလွယ်တကူ အလုပ်လျှောက်ထားနိုင်မည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောဆို သည်။

“အလုပ်သမားတွေအနေနဲ့ အလုပ်သမား ရှာဖွေရေးရုံးကို သွားစရာ မလိုတော့ဘူး။ အလုပ်ရှင်တွေကလည်း ဝက်ဘ်ဆိုက်မှာတင် လိုအပ်တဲ့ အလုပ်ကို တင်လို့ရတယ်” ဟု ဦးသူရိန်ထွန်းက ဆိုသည်။

အဆိုပါ အင်တာနက်စာမျက်နှာကို ဝင်ရောက်လိုပါက www.myanmarjob.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment