Sunday 23 November 2014

နိုင်ဂျီးရီးယားတွင် ရေမြင်း တစ်ကောင်၏ တိုက်ခိုက်မှုကြောင့် ကျောင်းသား ၁၂ ဦးသေဆုံး

Photo: နိုင်ဂျီးရီးယားတွင် ရေမြင်း တစ်ကောင်၏ တိုက်ခိုက်မှုကြောင့် ကျောင်းသား ၁၂ ဦးသေဆုံး
Saturday, November 23, 2014

နိုင်ဂျီးရီးယားနိုင်ငံ နီယာမေမြို့ အနီးရှိ မြစ်တစ်ခုတွင် မြစ်ကို ဖြတ်ကူးနေသည့် လှေတစ်စင်းကို ရေမြင်း တစ်ကောင်က တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောင်းသား ၁၂ ဦးနှင့် ရွာသားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းဌာန တစ်ခုက နိုဝင်ဘာ ၂ဝ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အသက် ၁၂ နှစ်နှင့် ၁၃ နှစ်အရွယ် ကျောင်းသားများကို တင်ဆောင်လာသော အဆိုပါ လှေသည် နိုဝင်ဘာ ၁၇ ရက်က နိုင်ဂျာမြစ်ကို ဖြတ်သန်းစဉ် ရေမြင်း၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။

အဆိုပါ ကျောင်းသားများသည် ၎င်းမြစ်၏ အခြားတစ်ဖက်ရှိ စာသင်ကျောင်း တစ်ကျောင်းသို့ သွားရောက်ရန် ယင်းကဲ့သို့ လှေဖြင့် သွားလာရခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ တိုက်ခိုက်မှုကြောင့် မိန်းကလေး ခုနစ်ဦးနှင့် ယောက်ျားလေး ငါးဦး အပါအဝင် ကျောင်းသား ၁၂ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။ အဆိုပါ လှေပေါ်တွင် လူ ၁၈ ဦး လိုက်ပါလာခဲ့ပြီး ငါးဦးမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

မြ၀တီ
နိုင်ဂျီးရီးယားနိုင်ငံ နီယာမေမြို့ အနီးရှိ မြစ်တစ်ခုတွင် မြစ်ကို ဖြတ်ကူးနေသည့် လှေတစ်စင်းကို ရေမြင်း တစ်ကောင်က တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောင်းသား ၁၂ ဦးနှင့် ရွာသားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းဌာန တစ်ခုက နိုဝင်ဘာ ၂ဝ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အသက် ၁၂ နှစ်နှင့် ၁၃ နှစ်အရွယ် ကျောင်းသားများကို တင်ဆောင်လာသော အဆိုပါ လှေသည် နိုဝင်ဘာ ၁၇ ရက်က နိုင်ဂျာမြစ်ကို ဖြတ်သန်းစဉ် ရေမြင်း၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း အာဏာပိုင် များက ပြောကြားသည်။

အဆိုပါ ကျောင်းသားများသည် ၎င်းမြစ်၏ အခြားတစ်ဖက်ရှိ စာသင်ကျောင်း တစ်ကျောင်းသို့ သွား ရောက်ရန် ယင်းကဲ့သို့ လှေဖြင့် သွားလာရခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ တိုက်ခိုက်မှုကြောင့် မိန်းကလေး ခုနစ်ဦးနှင့် ယောက်ျားလေး ငါးဦး အပါအဝင် ကျောင်းသား ၁၂ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။ အဆိုပါ လှေပေါ်တွင် လူ ၁၈ ဦး လိုက်ပါလာခဲ့ပြီး ငါးဦးမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment