Sunday 23 November 2014

လက်နက်ကြီးထိမှန် သေဆုံးသူများအတွက် မြစ်ကြီးနားတွင် သုံးရက်ကြာ ဆုတောင်းပွဲပြုလုပ်

Photo: လက်နက်ကြီးထိမှန် သေဆုံးသူများအတွက် မြစ်ကြီးနားတွင် သုံးရက်ကြာ ဆုတောင်းပွဲပြုလုပ်
Sunday, November 23, 2014

အစိုးရတပ်မတော် က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကြောင့် ကေအိုင်အေ ဗိုလ်သင် တန်းကျောင်းမှ သေဆုံးသွားသူ များအတွက် ဆုတောင်းဝတ်ပြု ကိုးကွယ်ခြင်း အစီအစဉ်ကို မြစ် ကြီးနားမြို့တွင် သုံးရက်တာပြု လုပ်ကြောင်း သတင်းရရှိသည်။

မေတ္တာပို့ ဆုတောင်းပွဲကိုမြစ်ကြီးနားမြို့ မနောကွင်းတွင် နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်အ ထိ ဘာသာရေးခေါင်းဆောင်များ နှင့် လူငယ်များ စုပေါင်း၍ ဦး ဆောင်ကျင်းပခဲ့ကြပြီး နေ့စဉ်ဆု တောင်းပွဲသို့ တက်ရောက်သူမှာ သုံးထောင် ကျော် ရှိကြောင်း ကချင်နှစ်ခြင်းခရစ်ယာန် မြစ်ကြီးနားဇုန်နယ် တာဝန်ခံ ဆရာလွမ်အောင်က ပြောသည်။

‘‘သေဆုံးသွားသူများရဲ့ မိသားစုဝင်များနဲ့ ထပ်တူဝမ်းနည်းတဲ့အတွက် အခုလို ဆုတောင်းမေတ္တာပို့တဲ့ အစီအစဉ် လုပ်တာပါ။ ပြီးတော့ လိုင်ဇာမှာ ရှိနေတဲ့ ပြည်သူတွေလည်း မမျှော်လင့်ဘဲ အခုလို ဖြစ်သွားတော့ သူတို့လည်း စိုးရိမ်နေ ကြတယ်။ ဒါတွေအားလုံးကို ဘုရားသခင်ဆီ ဆုတောင်းခွန်အားယူတဲ့ အစီအစဉ် ပါ’’ဟု ဆရာလွမ်အောင်က ပြောသည်။ အဆိုပါ ဆုတောင်းပွဲအစီ အစဉ်တွင် သေဆုံးသွားသော ဗိုလ်လောင်း သင်တန်းသားများ ကို အလေးပြုသည့် အစီ အစဉ် လည်း ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူများအတွက် ဆုတောင်းမေတ္တာပို့သည့် အစီ အစဉ်ကို မြစ်ကြီး နား မြို့ မနော ကွင်းတွင် သာမက ကချင်ပြည် နယ်အနှံ့၊ ရန်ကုန်မြို့မှ အချို့ အဖွဲ့ အစည်းများ၊ နိုင်ငံတကာရောက် ကချင်အဖွဲ့အစည်းမှလည်း အသီး သီးပြုလုပ်ခဲ့သည်။

7Day Daily 

ဆုတောင်းပွဲသို့ တက်ရောက်လာကြသူများ (ဓာတ်ပုံ− မရန်)
ဆုတောင်းပွဲသို့ တက်ရောက်လာကြသူများ (ဓာတ်ပုံ− မရန်)
အစိုးရတပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကေအိုင်အေ ဗိုလ်သင် တန်းကျောင်းမှ သေဆုံး သွားသူများအတွက် ဆုတောင်းဝတ်ပြုကိုးကွယ်ခြင်း အစီအစဉ်ကို မြစ်ကြီးနားမြို့တွင် သုံးရက်တာပြု လုပ်ကြောင်း သတင်းရရှိသည်။

မေတ္တာပို့ ဆုတောင်းပွဲကိုမြစ်ကြီးနားမြို့ မနောကွင်းတွင် နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်အ ထိ ဘာသာရေး ခေါင်းဆောင်များ နှင့် လူငယ်များ စုပေါင်း၍ ဦး ဆောင်ကျင်းပခဲ့ကြပြီး နေ့စဉ်ဆု တောင်းပွဲသို့ တက်ရောက် သူမှာ သုံးထောင်ကျော်ရှိကြောင်း ကချင်နှစ်ခြင်းခရစ်ယာန် မြစ်ကြီးနားဇုန်နယ် တာဝန်ခံဆရာလွမ်အောင် က ပြောသည်။

‘‘သေဆုံးသွားသူများရဲ့ မိသားစုဝင်များနဲ့ ထပ်တူဝမ်းနည်းတဲ့အတွက် အခုလို ဆုတောင်းမေတ္တာပို့တဲ့ အစီ အစဉ် လုပ်တာပါ။ ပြီးတော့ လိုင်ဇာမှာ ရှိနေတဲ့ ပြည်သူတွေလည်း မမျှော်လင့်ဘဲ အခုလို ဖြစ်သွားတော့ သူတို့လည်း စိုးရိမ်နေ ကြတယ်။ ဒါတွေအားလုံးကို ဘုရားသခင်ဆီ ဆုတောင်းခွန်အားယူတဲ့ အစီအစဉ် ပါ’’ဟု ဆရာလွမ်အောင်က ပြောသည်။ အဆိုပါ ဆုတောင်းပွဲအစီ အစဉ်တွင် သေဆုံးသွားသော ဗိုလ်လောင်း သင်တန်းသားများ ကို အလေးပြုသည့် အစီ အစဉ် လည်း ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူများအတွက် ဆုတောင်းမေတ္တာပို့သည့် အစီအစဉ်ကို မြစ်ကြီးနား မြို့ မနော ကွင်းတွင် သာမက ကချင်ပြည် နယ်အနှံ့၊ ရန်ကုန်မြို့မှ အချို့အဖွဲ့အစည်းများ၊ နိုင်ငံတကာရောက် ကချင်အဖွဲ့ အစည်းမှလည်း အသီး သီးပြုလုပ်ခဲ့သည်။

7Day Daily

No comments:

Post a Comment