Sunday 23 November 2014

ပြည် ထောင် စု တိုင်း ရင်း သား လူ မျိုး စု များ အား လုံး ထာ ဝ ရ ငြိမ်း ချမ်း ရေး နှင့် အ တူ ဖွံ့ ဖြိုး တိုး တက် စေ ရန်၊ အေးအတူ ပူအမျှ နေထိုင် သွားနိုင်စေရန် စွမ်းဆောင် ကြိုးပမ်း

Photo: ပြည် ထောင် စု တိုင်း ရင်း သား လူ မျိုး စု များ အား လုံး ထာ ဝ ရ ငြိမ်း ချမ်း ရေး နှင့် အ တူ ဖွံ့ ဖြိုး တိုး တက် စေ ရန်၊ အေးအတူ ပူအမျှ နေထိုင် သွားနိုင်စေရန် စွမ်းဆောင် ကြိုးပမ်း
Sunday, November 23, 2014

တောင်ကြီးမြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့နံနက် ၈ နာရီခွဲတွင် တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်း၌ ကျင်းပသည့် ရှမ်းနှစ်သစ်ကူး ပွဲတော်သို့ တက်ရောက်၍ နှစ်သစ်ကူး မင်္ဂလာ မိန့်ခွန်း ပြောကြားသည်။ အဆိုပါ အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ ဇနီး ဒေါ်နန်းရွှေမှုန်၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အေးဝင်း၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားယဉ်ကျေးမှု ကိုယ်စားလှယ်များ၊ ဒေသခံ ပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနား၌ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက နှစ်သစ်မင်္ဂလာ မိန့်ခွန်း ပြောကြားရာတွင် ယနေ့ မကြုံစဘူး ထူးခြားလှသည့် ရှမ်း နှစ်သစ်ကူး ပွဲတော်မျိုးကို ရှမ်းပြည်နယ်၌ ကျင်းပနိုင်ခြင်းသည် ပြောင်းလဲလာသည့် ခေတ်သစ် စနစ်သစ် ကြောင့်ဟု ဆိုချင်ပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ၊ ပြည်သူများ၏ ဆန္ဒအရ တိုင်းရင်းသား ပြည်သူများ၏ ယဉ်ကျေးမှု အမွေအနှစ်များကို ပြန်လည် ချီးမြှောက် လာပြီဖြစ်ပါကြောင်း၊ ထို့ပြင် တိုင်းရင်းသားဘာသာနှင့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများလည်း ထုတ်ဝေ နေကြပြီဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေရှိ ဒို့တာဝန် အရေးသုံးပါးကို မဆန့်ကျင်၊ မထိခိုက် မနစ်နာဘူး ဆိုလျှင် လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပေးထားပြီ ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်သည် တိုင်းဒေသကြီး၊ ပြည်နယ် ၁၄ ခုထဲတွင် နယ်မြေဧရိယာ အကျယ်ဆုံးဖြစ်မှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုထဲတွင် မြို့နယ် ၅၅ မြို့နယ် ပါဝင်၍ မြို့နယ်အများဆုံး ပါဝင်မှု၊ ပြည်နယ်အတွင်း တိုင်းရင်းသား အစုံဆုံး၊ တိုင်းရင်းသား ဆိုင်ရာ ပြဿနာအများဆုံး ဖြစ်မှု၊ တစ်နိုင်ငံလုံး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသခြောက်ခု ရှိသည့်အနက် ပြည်နယ်အတွင်း ငါးခုပါဝင်မှု၊ တိုင်းရင်းသားရေးရာ ဝန်ကြီး အများဆုံးရှိမှု၊ ပြည်နယ်အတွင်း စစ်တိုင်း လေးတိုင်းအထိ ရှိမှု၊ ကမ္ဘာကျော် ရွှေတြိဂံဒေသ ပါဝင်မှု၊ မြန်မာနိုင်ငံ၏ သမိုင်းဝင် လွတ်လပ်ရေး အတွက် တိုင်းရင်းသားများနှင့် စတင် ဆွေးနွေး သန္ဓေတည်ရာ ပင်လုံဒေသ ပါဝင်မှု၊ ကမ္ဘာကျော် အင်းလေးကန်ရှိမှု စသည်ဖြင့် ထူးခြားချက်များစွာ ရှိပါကြောင်း၊ ထို့ကြောင့် ထူးခြားသည့် ဝိသေသလက္ခဏာများ ပါဝင်သည့် ရှမ်းပြည်နယ် အပါအဝင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း နှစ်ရှည်လများ အတူယှဉ်တွဲ နေထိုင် လာခဲ့ကြသည့် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးစုများ အားလုံးအတွက် သမိုင်းတွင်ရစ်စေမည့် ယနေ့ ရှမ်းနှစ်သစ်ကူးပွဲတော်ကြီးကို သက်သေပြုပြီး ထာဝရ ငြိမ်းချမ်းရေးနှင့်အတူ အဘက်ဘက်က ဖွံ့ဖြိုး တိုးတက်စေရန်၊ တိုင်းရင်းသားပေါင်းစုံ အေးအတူပူအမျှ သဟဇာတ မျှတစွာဖြင့် နေထိုင် သွားနိုင်စေရန် စွမ်းဆောင် ကြိုးပမ်းကြရန် ဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက် ရှမ်းနှစ် ၂၁ဝ၉ ခုနှစ် နိုဝင် ဘာ ၂၂ ရက်၌ ကျရောက်သော ရှမ်းနှစ်သစ်ကူးပွဲတော်သို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ထံမှ ပေးပို့သော သဝဏ်လွှာကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံဆိုင်က ဖတ်ကြားပြီး ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ထံမှ ပေးပို့သော သဝဏ်လွှာကို မှတ်တမ်းတင်သည်။ ဆက်လက်၍ ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဦးစိုင်းထွန်းမြတ်က ကျေးဇူးတင်စကား ပြောကြားပြီး ရှမ်းနှစ်ကူးမင်္ဂလာ အခမ်းအနား အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့သည်။ ထို့နောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီးနှင့် အဖွဲ့သည် နှစ်သစ်ကူး ပွဲတော်တွင် ခင်းကျင်း ပြသထားသည့် စိုက်ပျိုးရေး ဦးစီးဌာနနှင့် စက်မှုသီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာန၏ သီးနှံ မျိုးစေ့ပြခန်း၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုပြခန်း၊ ရှမ်းအမျိုးသား သမိုင်းနှင့် ယဉ်ကျေးမှုပြခန်း များအား လှည့်လည်ကြည့်ရှု အားပေးကြသည်။ ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီးနှင့် အဖွဲ့သည် မြို့လယ်ဓမ္မာရုံ၌ တောင်ကြီးမြို့ပေါ်ရှိ ဆရာတော်ကြီးများအား ဖူးမြော် ကြည်ညိုကာ လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် ဒုတိယသမ္မတနှင့် ဇနီးနှင့် ဧည့်ပရိသတ်များက ဘဒ္ဒန္တ အဂ္ဂမဟာဘိဝံသ အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဋ္ဌာနာစရိယ နိုင်ငံတော်သြဝါဒါစရိယ စွန်းလွန်း ဆရာတော် ထံမှ သာဓု အနုမောဒနာတရား နာယူကြကာ လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေ ကြသည်။ ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီးနှင့် အဖွဲ့သည် ဝေဠုဝန် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည့် နှစ်သစ်ကူးမင်္ဂလာ သံဃာ့ဒါန ဆွမ်းအလှူတော်နှင့် တရားတော်နာ ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက် ကြည်ညိုပြီး သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ တွဲဖက် အကျိုးတော်ဆောင် ဒေါက်တာ ပညာနန္ဒက နှစ်သစ်ကူး ဆုမွန်တောင်းပြီး ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိက သြဝါဒကထာ မြွက်ကြားသည်။ ထို့နောက် ဒုတိယသမ္မတနှင့် ဇနီးနှင့် ဧည့်ပရိသတ်များက ပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသီရိထံမှ သာဓုအနုမောဒနာတရား နာကြားကာ လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီးနောက် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်း ကြသည်။ ညနေပိုင်းတွင် ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီးနှင့် အဖွဲ့သည် အဝေရာ မီးပုံပျံကွင်း (ရိုးရာစင်မြင့်)၌ ကျင်းပသည့် ကိန္ဒရီ၊ ကိန္ဒရာနှင့် တိုးနယားအက ပြိုင်ပွဲအား တက်ရောက်ကြည့်ရှု အားပေး ခဲ့ကြသည်။

မြ၀တီ
တောင်ကြီးမြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့နံနက် ၈ နာရီခွဲတွင် တောင်ကြီးမြို့ အဝေရာ မီးပုံးပျံကွင်း၌ ကျင်းပသည့် ရှမ်းနှစ်သစ်ကူး ပွဲတော်သို့ တက်ရောက်၍ နှစ်သစ်ကူး မင်္ဂလာ မိန့်ခွန်း ပြောကြားသည်။ အဆိုပါ အခမ်းအနားသို့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ ဇနီး ဒေါ်နန်းရွှေမှုန်၊ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အေးဝင်း၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားယဉ်ကျေးမှု ကိုယ်စားလှယ်များ၊ ဒေသခံ ပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ အခမ်းအနား၌ ဒုတိယသမ္မတ ဒေါက်တာ
စိုင်းမောက်ခမ်းက နှစ်သစ်မင်္ဂလာ မိန့်ခွန်း ပြောကြားရာတွင် ယနေ့ မကြုံစဘူး ထူးခြားလှသည့် ရှမ်း နှစ်သစ်ကူး ပွဲတော်မျိုးကို ရှမ်းပြည်နယ်၌ ကျင်းပနိုင်ခြင်းသည် ပြောင်းလဲလာသည့် ခေတ်သစ် စနစ်သစ် ကြောင့်ဟု ဆိုချင်ပါကြောင်း၊ ယခုအချိန်တွင် နိုင်ငံတော် အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ၊ ပြည်သူများ၏ ဆန္ဒအရ တိုင်းရင်းသား ပြည်သူများ၏ ယဉ်ကျေးမှု အမွေအနှစ်များကို ပြန်လည် ချီးမြှောက် လာပြီဖြစ်ပါကြောင်း၊ ထို့ပြင် တိုင်းရင်းသားဘာသာနှင့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများလည်း ထုတ်ဝေ နေကြပြီဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေရှိ ဒို့တာဝန် အရေးသုံးပါးကို မဆန့်ကျင်၊ မထိခိုက် မနစ်နာဘူး ဆိုလျှင် လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပေးထားပြီ ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်သည် တိုင်းဒေသကြီး၊ ပြည်နယ် ၁၄ ခုထဲတွင် နယ်မြေဧရိယာ အကျယ်ဆုံးဖြစ်မှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုထဲတွင် မြို့နယ် ၅၅ မြို့နယ် ပါဝင်၍ မြို့နယ်အများဆုံး ပါဝင်မှု၊ ပြည်နယ်အတွင်း တိုင်းရင်းသား အစုံဆုံး၊ တိုင်းရင်းသား ဆိုင်ရာ ပြဿနာအများဆုံး ဖြစ်မှု၊ တစ်နိုင်ငံလုံး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသခြောက်ခု ရှိသည့်အနက် ပြည်နယ်အတွင်း ငါးခုပါဝင်မှု၊ တိုင်းရင်းသားရေးရာ ဝန်ကြီး အများဆုံးရှိမှု၊ ပြည်နယ်အတွင်း စစ်တိုင်း လေးတိုင်းအထိ ရှိမှု၊ ကမ္ဘာကျော် ရွှေတြိဂံဒေသ ပါဝင်မှု၊ မြန်မာနိုင်ငံ၏ သမိုင်းဝင် လွတ်လပ်ရေး အတွက် တိုင်းရင်းသားများနှင့် စတင် ဆွေးနွေး သန္ဓေတည်ရာ ပင်လုံဒေသ ပါဝင်မှု၊ ကမ္ဘာကျော် အင်းလေးကန်ရှိမှု စသည်ဖြင့် ထူးခြားချက်များစွာ ရှိပါကြောင်း၊ ထို့ကြောင့် ထူးခြားသည့် ဝိသေသလက္ခဏာများ ပါဝင်သည့် ရှမ်းပြည်နယ် အပါအဝင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း နှစ်ရှည်လများ အတူယှဉ်တွဲ နေထိုင် လာခဲ့ကြသည့် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးစုများ အားလုံးအတွက် သမိုင်းတွင်ရစ်စေမည့် ယနေ့ ရှမ်းနှစ်သစ်ကူးပွဲတော်ကြီးကို သက်သေပြုပြီး ထာဝရ ငြိမ်းချမ်းရေးနှင့်အတူ အဘက်ဘက်က ဖွံ့ဖြိုး တိုးတက်စေရန်၊ တိုင်းရင်းသားပေါင်းစုံ အေးအတူပူအမျှ သဟဇာတ မျှတစွာဖြင့် နေထိုင် သွားနိုင်စေရန် စွမ်းဆောင် ကြိုးပမ်းကြရန် ဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက် ရှမ်းနှစ် ၂၁ဝ၉ ခုနှစ် နိုဝင် ဘာ ၂၂ ရက်၌ ကျရောက်သော ရှမ်းနှစ်သစ်ကူးပွဲတော်သို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ထံမှ ပေးပို့သော သဝဏ်လွှာကို ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံဆိုင်က ဖတ်ကြားပြီး ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ထံမှ ပေးပို့သော သဝဏ်လွှာကို မှတ်တမ်းတင်သည်။ ဆက်လက်၍ ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဦးစိုင်းထွန်းမြတ်က ကျေးဇူးတင်စကား ပြောကြားပြီး ရှမ်းနှစ်ကူးမင်္ဂလာ အခမ်းအနား အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့သည်။ ထို့နောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီးနှင့် အဖွဲ့သည် နှစ်သစ်ကူး ပွဲတော်တွင် ခင်းကျင်း ပြသထားသည့် စိုက်ပျိုးရေး ဦးစီးဌာနနှင့် စက်မှုသီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာန၏ သီးနှံ မျိုးစေ့ပြခန်း၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုပြခန်း၊ ရှမ်းအမျိုးသား သမိုင်းနှင့် ယဉ်ကျေးမှုပြခန်း များအား လှည့်လည်ကြည့်ရှု အားပေးကြသည်။ ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီးနှင့် အဖွဲ့သည် မြို့လယ်ဓမ္မာရုံ၌ တောင်ကြီးမြို့ပေါ်ရှိ ဆရာတော်ကြီးများအား ဖူးမြော် ကြည်ညိုကာ လှူဖွယ် ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် ဒုတိယသမ္မတနှင့် ဇနီးနှင့် ဧည့်ပရိသတ်များက ဘဒ္ဒန္တ အဂ္ဂမဟာဘိဝံသ အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဋ္ဌာနာစရိယ နိုင်ငံတော်သြဝါဒါစရိယ စွန်းလွန်း ဆရာတော် ထံမှ သာဓု အနုမောဒနာတရား နာယူကြကာ လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေ ကြသည်။ ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီးနှင့် အဖွဲ့သည် ဝေဠုဝန် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည့် နှစ်သစ်ကူးမင်္ဂလာ သံဃာ့ဒါန ဆွမ်းအလှူတော်နှင့် တရားတော်နာ ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက် ကြည်ညိုပြီး သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများအား ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ တွဲဖက် အကျိုးတော်ဆောင် ဒေါက်တာ ပညာနန္ဒက နှစ်သစ်ကူး ဆုမွန်တောင်းပြီး ဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိက သြဝါဒကထာ မြွက်ကြားသည်။ ထို့နောက် ဒုတိယသမ္မတနှင့် ဇနီးနှင့် ဧည့်ပရိသတ်များက ပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသီရိထံမှ သာဓုအနုမောဒနာတရား နာကြားကာ လှူဒါန်းမှု အစုစုတို့ အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီးနောက် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်း ကြသည်။ ညနေပိုင်းတွင် ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီးနှင့် အဖွဲ့သည် အဝေရာ မီးပုံပျံကွင်း (ရိုးရာစင်မြင့်)၌ ကျင်းပသည့် ကိန္ဒရီ၊ ကိန္ဒရာနှင့် တိုးနယားအက ပြိုင်ပွဲအား တက်ရောက်ကြည့်ရှု အားပေး ခဲ့ကြသည်။

မြ၀တီ

No comments:

Post a Comment