Sunday 23 November 2014

မြန်မာလူငယ် ၂ ဦးအရေး ဦးခင်အောင်မြင့်နှင့်အဖွဲ့ ဘန်ကောက်ရောက်ရှိ


Photo: မြန်မာလူငယ် ၂ ဦးအရေး ဦးခင်အောင်မြင့်နှင့်အဖွဲ့ ဘန်ကောက်ရောက်ရှိ
ဦးခင်အောင်မြင့် ပြောကြားနေစဉ် ဦးခင်အောင်မြင့် ပြောကြားနေစဉ်
Sunday, November 23, 2014

မြန်မာလူငယ် ၂ ဦး ဖမ်းဆီးခံထားရတဲ့ကိစ္စနဲ့ ပတ်သက်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ခေါင်းဆောင်တဲ့ ၁၂ ဦးပါ ကိုယ်စားလှယ်အဖွဲ့ ဒီနေ့ညနေပိုင်း ဘန်ကောက်ရောက်ပါတယ်။

ဦးခင်အောင်မြင့်တို့ အဖွဲ့ဟာ မြန်မာလူငယ် ၂ ဦးကိစ္စ လိုက်ပါလုပ်ဆောင်ပေးနေတဲ့ အထူးအဖွဲ့နဲ့ တွေ့ ဆုံဆွေးနွေးကြမှာဖြစ်ပြီး အဖွဲ့မှာ ဥပဒေပညာကျွမ်းကျင်သူတွေနဲ့ မှုခင်းဆေးပညာရှင်တွေ လိုက်ပါလာတယ်လို့ သိရပါတယ်။

မြန်မာလူငယ် ၂ ဦးအရေးနဲ့ ပတ်သက်ပြီး တရားမျှတ စွာ ဆောင်ရွက်ပေး ဖို့ ပြည်ထောင်စုလွှတ်တော်က ထိုင်းနိုင်ငံ အမျိုးသားဥပဒေပြုညီလာခံဥက္ကဋ္ဌထံ သ၀ဏ်လွှာပေးပို့ တောင်းဆိုထားပါတယ်။

ခိုတောင်ကျွန်းလူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ မြန်မာလူငယ် ၂ ဦး အာမခံရရှိရေးအတွက် ဘန်ကောက်မြန်မာသံရုံးက ငွေကြေးစိုက်ထုတ်ပေးမှာဖြစ်ပြီး အခုအပတ်အတွင်း လုပ်ဆောင်သွားမယ်လို့ အမှုကိစ္စ လိုက်ပါလုပ်ဆောင်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

 ဒီဗွီဘီ
မြန်မာလူငယ် ၂ ဦး ဖမ်းဆီးခံထားရတဲ့ကိစ္စနဲ့ ပတ်သက်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ခေါင်းဆောင်တဲ့ ၁၂ ဦးပါ ကိုယ်စားလှယ်အဖွဲ့ ဒီနေ့ညနေပိုင်း ဘန်ကောက်ရောက်ပါတယ်။

ဦးခင်အောင်မြင့်တို့ အဖွဲ့ဟာ မြန်မာလူငယ် ၂ ဦးကိစ္စ လိုက်ပါလုပ်ဆောင်ပေးနေတဲ့ အထူးအဖွဲ့နဲ့ တွေ့ ဆုံ ဆွေးနွေးကြမှာဖြစ်ပြီး အဖွဲ့မှာ ဥပဒေပညာကျွမ်းကျင်သူတွေနဲ့ မှုခင်းဆေးပညာရှင်တွေ လိုက်ပါလာတယ်လို့ သိရပါတယ်။

မြန်မာလူငယ် ၂ ဦးအရေးနဲ့ ပတ်သက်ပြီး တရားမျှတ စွာ ဆောင်ရွက်ပေး ဖို့ ပြည်ထောင်စုလွှတ်တော်က ထိုင်းနိုင်ငံ အမျိုးသားဥပဒေပြုညီလာခံဥက္ကဋ္ဌထံ သ၀ဏ်လွှာပေးပို့ တောင်းဆိုထားပါတယ်။

ခိုတောင်ကျွန်းလူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ မြန်မာလူငယ် ၂ ဦး အာမခံရရှိရေးအတွက် ဘန်ကောက်မြန်မာသံရုံးက ငွေကြေးစိုက်ထုတ်ပေးမှာဖြစ်ပြီး အခုအပတ်အတွင်း လုပ်ဆောင်သွားမယ်လို့ အမှုကိစ္စ လိုက်ပါလုပ်ဆောင်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။

 ဒီဗွီဘီ

No comments:

Post a Comment