Sunday 23 November 2014

ယာဉ်မရပ်ရလမ်းမကြီးများ သတ်မှတ်သည့်စနစ်ကြောင့် လမ်းသွယ်များတွင် ယာဉ်များဝင်ရောက်ရပ်နားကာ ယာဉ်ကြောပိတ်ဆို့၍ နေထိုင်သူများ တိုင်ကြား

Photo: ယာဉ်မရပ်ရလမ်းမကြီးများ သတ်မှတ်သည့်စနစ်ကြောင့် လမ်းသွယ်များတွင် ယာဉ်များဝင်ရောက်ရပ်နားကာ ယာဉ်ကြောပိတ်ဆို့၍ နေထိုင်သူများ တိုင်ကြား
Saturday, November 23, 2014

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မရပ်ရလမ်းများ သတ်မှတ်၍ ယာဉ်ရပ်နားမှုကို ကန့်သတ်သည့်စနစ်ဖြင့် လမ်းမများပေါ်တွင် ယာဉ်အနည်းငယ်ရှင်းသွားသော်လည်း လမ်းသွယ်များထဲတွင် ယာဉ်များဝင်ရောက်ရပ်နားကာ ယာဉ်ကြောပိတ်ဆို့လာ၍ လမ်းသွယ်များတွင် နေထိုင်သူများက တိုင်ကြားမှုများရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
 
“ယာဉ်မရပ်ရလမ်းစနစ် သတ်မှတ်တဲ့အတွက် လမ်းမပေါ်မှာ ယာဉ်တွေရှင်းသွားတယ်။ ဒါပေမဲ့ အဲဒီစနစ်ကြောင့် လမ်းသွယ်တွေထဲမှာ ယာဉ်တွေဝင်ရပ်နားလို့ ပိတ်ဆို့တဲ့အတွက် အဲဒီလမ်းတွေထဲမှာ နေထိုင်တဲ့သူတွေက တိုင်ကြားမှုတွေရှိပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။
 
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို အထောက်အကူပြုစေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းရန် အဓိကလမ်းမကြီး ၃၇ လမ်းအား ယာဉ်မရပ်ရအဖြစ် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာတွင် စတင်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
 
ထိုသို့သတ်မှတ်လိုက်ပြီး အဆိုပါလမ်းများတွင် ရပ်နားသည့်ယာဉ်များအား ကရိန်းယာဉ်ဖြင့်ဆွဲယူကာ  ဒဏ်ငွေရိုက် အရေးယူခြင်းဖြစ်သည်ဟု သိရသည်။ သို့ဖြစ်၍ ယင်းလမ်းမများပေါ်တွင် ယာဉ်မရပ်တော့ဘဲ လမ်းသွယ်များအတွင်းသို့ ဝင်ရောက်ရပ်နားခြင်းကြောင့်  ပိတ်ဆို့ကာ ယင်းစနစ်မှာ အောင်မြင်မှုမရရှိခဲ့ကြောင်း သိရသည်။
 
“ကျွန်မတို့လမ်းထဲမှာ အရင် ကားအရမ်းမပိတ်ဘူး။ ဒါပေမဲ့ အခုနောက်ပိုင်း ကားတွေအရမ်းပိတ်လာတယ်။ အချိန်တော်တော်ကြာအောင် ပိတ်တာပါ။ ကျွန်မတို့ကားတောင်  အောက်မှာရပ်ဖို့နေရာမရှိဘူး။ တစ်နေ့လည်း မဟုတ်ဘူး။ နေ့စဉ်ရက်ဆက်လိုဖြစ်လာတာ။ အဲဒီလိုဖြစ်လာရတာ ယာဉ်မရပ်ရလမ်းတွေ သတ်မှတ်လိုက်ပြီးနောက်ပိုင်း ပိုဆိုးလာတာပါ။ အဲဒီအတွက် ဒီပြဿနာကို ဖြေရှင်းပေးဖို့ တင်ပြထားတယ်”ဟု ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံလမ်းတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
 
သို့သော် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် တွင် ဒုတိယအကြိမ်အဖြစ် ထပ်မံ၍ ယာဉ် မရပ်ရလမ်း ၂ဝ အားလည်းကောင်း၊ တတိယအကြိမ် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ၁ဝ လမ်းအားလည်းကောင်း၊ စတုတ္ထအကြိမ်အဖြစ် ၂ဝ၁၄ ခုနှစ် မေ ၆ ရက်တွင် ၁ဝ လမ်းအား လည်းကောင်း၊ ပဉ္စမအကြိမ်အဖြစ် ၂ဝ၁၄ ခုနှစ် ဇွန် ၁ဝ ရက်တွင် ငါးလမ်း၊ ဆဠမအကြိမ်အဖြစ် နောက်ထပ်ခြောက်လမ်း ထပ်မံသတ်မှတ်ခဲ့ပြီး နောက်ဆုံးအဖြစ် နိုဝင်ဘာအတွင်း ယာဉ်မရပ်ရလမ်း ခုနစ်လမ်း ထပ်မံသတ်မှတ်လိုက်၍ ယာဉ်မရပ်ရလမ်း ၉၅ လမ်းအထိ ရှိလာပြီဖြစ်ပြီး ရန်ကုန်မြို့တွင်းရှိ လမ်းအတော်များများတွင် သတ်မှတ်ခဲ့ခြင်းဖြစ်ကာ မြို့ပြင်ရှိလမ်းအချို့ပင် ပါဝင်လာခဲ့သည်။
 
ယာဉ်မရပ်ရ သတ်မှတ်သည့်လမ်းများတွင် ခရီးသည်အတင်အချပြုလုပ်ရန်မှတစ်ပါး မည်သည့်ယာဉ်မျှ ရပ်နားခြင်းမပြုဘဲ ရပ်နားသည့်ယာဉ်များကို ကရိန်းဖြင့်ဆွဲယူကာ ဒဏ်ငွေဖြင့်အရေးယူကြောင်း၊ ယင်းစနစ် စတင်ခဲ့သည့် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာမှ ၂ဝ၁၄ ခုနှစ်  စက်တင်ဘာနောက်ဆုံးပတ်အထိ  ယာဉ်အစီးရေ ၁၃၅ဝဝ ကျော်အရေးယူခဲ့ပြီး ဒဏ်ငွေ သန်း ၃၁ဝဝ ကျော်ရရှိခဲ့ကြောင်း၊  အရေးယူသည့် ဒဏ်ကြေးအနေဖြင့် ယာဉ်တစ်စီး ကျပ် ၂၅ဝဝဝ သာရှိသော်လည်း ကရိန်းဖြင့်ဆွဲယူခမှာ တစ်စီးကျပ် ၅ဝဝဝဝ နှင့်အထက် ပေးဆောင်ရ၍ ကရိန်းလုပ်ငန်း လုပ်ကိုင်သူများသာ ပိုမိုအကျိုးဖြစ်ထွန်းနေသည့်ပုံစံမျိုး ဖြစ်နေသည်ဟု သုံးသပ်သည်။
 
“ယာဉ်ကြောပိတ်ဆို့မှုကို အမှန်တကယ်ဖြေရှင်းနိုင်တဲ့နည်းစနစ် မဟုတ်သေးဘူး။ တစ်ဖက်မှာ ကားပါကင်တွေ အလုံအလောက် မလုပ်ပေးနိုင်သေးဘဲနဲ့ ဒီလိုမျိုးကန့်သတ်လိုက်ရင် ဒီနေရာကနေရွှေ့ ဟိုနေရာမှာသွား ပိတ်နေဦးမှာပဲ”ဟု ရန်ကုန်မြို့ပြရေးရာ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်သည်။

Eleven Media Group 

ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံလမ်း (အပေါ်) အတွင်း၌ ရပ်နားထားသော ယာဉ်များနှင့် ယာဉ်ကြောပိတ်ဆို့နေသည်ကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ မဟာဗန္ဓုလပန်းခြံလမ်း(အပေါ်)အတွင်း၌ ရပ်နားထားသောယာဉ်များနှင့် ယာဉ်ကြော ပိတ်ဆို့ နေသည်ကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်မရပ်ရလမ်းများ သတ်မှတ်၍ ယာဉ်ရပ်နားမှုကို ကန့်သတ်သည့် စနစ်ဖြင့် လမ်းမများပေါ်တွင် ယာဉ်အနည်းငယ်ရှင်းသွားသော်လည်း လမ်းသွယ်များထဲတွင် ယာဉ်များ ဝင်ရောက်ရပ်နားကာ ယာဉ်ကြောပိတ်ဆို့လာ၍ လမ်းသွယ်များတွင် နေထိုင်သူများက တိုင်ကြားမှုများ ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

“ယာဉ်မရပ်ရလမ်းစနစ် သတ်မှတ်တဲ့အတွက် လမ်းမပေါ်မှာ ယာဉ်တွေရှင်းသွားတယ်။ ဒါပေမဲ့ အဲဒီ စနစ်ကြောင့် လမ်းသွယ်တွေထဲမှာ ယာဉ်တွေဝင်ရပ်နားလို့ ပိတ်ဆို့တဲ့အတွက် အဲဒီလမ်းတွေထဲမှာ နေထိုင်တဲ့သူတွေက တိုင်ကြားမှုတွေရှိပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို အထောက်အကူပြုစေရန်နှင့် ယာဉ် ကြော ပိတ်ဆို့မှုများ လျော့နည်းရန် အဓိကလမ်းမကြီး ၃၇ လမ်းအား ယာဉ်မရပ်ရအဖြစ် ၂ဝ၁၃ ခုနှစ် နိုဝင် ဘာတွင် စတင်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့သတ်မှတ်လိုက်ပြီး အဆိုပါလမ်းများတွင် ရပ်နားသည့်ယာဉ်များအား ကရိန်းယာဉ်ဖြင့်ဆွဲယူကာ  ဒဏ်ငွေရိုက် အရေးယူခြင်းဖြစ်သည်ဟု သိရသည်။ သို့ဖြစ်၍ ယင်းလမ်းမများပေါ်တွင် ယာဉ်မရပ်တော့ဘဲ လမ်းသွယ်များ အတွင်းသို့ ဝင်ရောက်ရပ်နားခြင်းကြောင့်  ပိတ်ဆို့ကာ ယင်းစနစ်မှာ အောင်မြင်မှု မရရှိ ခဲ့ကြောင်း သိရသည်။

“ကျွန်မတို့လမ်းထဲမှာ အရင် ကားအရမ်းမပိတ်ဘူး။ ဒါပေမဲ့ အခုနောက်ပိုင်း ကားတွေအရမ်းပိတ်လာတယ်။ အချိန်တော်တော်ကြာအောင် ပိတ်တာပါ။ ကျွန်မတို့ကားတောင်  အောက်မှာရပ်ဖို့နေရာမရှိဘူး။ တစ်နေ့လည်း မဟုတ်ဘူး။ နေ့စဉ်ရက်ဆက်လိုဖြစ်လာတာ။ အဲဒီလိုဖြစ်လာရတာ ယာဉ်မရပ်ရလမ်းတွေ သတ်မှတ်လိုက်ပြီးနောက်ပိုင်း ပိုဆိုးလာတာပါ။ အဲဒီအတွက် ဒီပြဿနာကို ဖြေရှင်းပေးဖို့ တင်ပြထားတယ်”ဟု ရန်ကုန်မြို့လယ် မဟာဗန္ဓုလပန်းခြံလမ်းတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။

သို့သော် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၁၂ ရက် တွင် ဒုတိယအကြိမ်အဖြစ် ထပ်မံ၍ ယာဉ် မရပ်ရလမ်း ၂ဝ အားလည်းကောင်း၊ တတိယအကြိမ် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ၁ဝ လမ်းအားလည်းကောင်း၊ စတုတ္ထအကြိမ်အဖြစ် ၂ဝ၁၄ ခုနှစ် မေ ၆ ရက်တွင် ၁ဝ လမ်းအား လည်းကောင်း၊ ပဉ္စမအကြိမ်အဖြစ် ၂ဝ၁၄ ခုနှစ် ဇွန် ၁ဝ ရက်တွင် ငါးလမ်း၊ ဆဠမအကြိမ်အဖြစ် နောက်ထပ်ခြောက်လမ်း ထပ်မံသတ်မှတ်ခဲ့ပြီး နောက်ဆုံးအဖြစ် နိုဝင်ဘာအတွင်း ယာဉ်မရပ်ရလမ်း ခုနစ်လမ်း ထပ်မံသတ်မှတ်လိုက်၍ ယာဉ်မရပ်ရလမ်း ၉၅ လမ်းအထိ ရှိလာပြီဖြစ်ပြီး ရန်ကုန်မြို့တွင်းရှိ လမ်းအတော်များများတွင် သတ်မှတ်ခဲ့ခြင်းဖြစ်ကာ မြို့ပြင်ရှိလမ်းအချို့ပင် ပါဝင်လာခဲ့သည်။

ယာဉ်မရပ်ရ သတ်မှတ်သည့်လမ်းများတွင် ခရီးသည်အတင်အချပြုလုပ်ရန်မှတစ်ပါး မည်သည့်ယာဉ်မျှ ရပ်နားခြင်းမပြုဘဲ ရပ်နားသည့်ယာဉ်များကို ကရိန်းဖြင့်ဆွဲယူကာ ဒဏ်ငွေဖြင့်အရေးယူကြောင်း၊ ယင်းစနစ် စတင်ခဲ့သည့် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာမှ ၂ဝ၁၄ ခုနှစ်  စက်တင်ဘာနောက်ဆုံးပတ်အထိ  ယာဉ်အစီးရေ ၁၃၅ဝဝ ကျော်အရေးယူခဲ့ပြီး ဒဏ်ငွေ သန်း ၃၁ဝဝ ကျော်ရရှိခဲ့ကြောင်း၊  အရေးယူသည့် ဒဏ်ကြေး အနေဖြင့် ယာဉ်တစ်စီး ကျပ် ၂၅ဝဝဝ သာရှိသော်လည်း ကရိန်းဖြင့်ဆွဲယူခမှာ တစ်စီးကျပ် ၅ဝဝဝဝ နှင့်အထက် ပေးဆောင်ရ၍ ကရိန်းလုပ်ငန်း လုပ်ကိုင်သူများသာ ပိုမိုအကျိုးဖြစ်ထွန်းနေသည့်ပုံစံမျိုး ဖြစ်နေသည်ဟု သုံးသပ်သည်။

“ယာဉ်ကြောပိတ်ဆို့မှုကို အမှန်တကယ်ဖြေရှင်းနိုင်တဲ့နည်းစနစ် မဟုတ်သေးဘူး။ တစ်ဖက်မှာ ကားပါကင်တွေ အလုံအလောက် မလုပ်ပေးနိုင်သေးဘဲနဲ့ ဒီလိုမျိုးကန့်သတ်လိုက်ရင် ဒီနေရာကနေရွှေ့ ဟိုနေရာမှာသွား ပိတ်နေဦးမှာပဲ”ဟု ရန်ကုန်မြို့ပြရေးရာ ကျွမ်းကျင်သူတစ်ဦးက သုံးသပ်သည်။

Eleven Media Group

No comments:

Post a Comment