Sunday 23 November 2014

သွေးဆာနေသော စိတ္တဇလူသတ်သမားနဲ့ အလိုတူအလိုပါ ချစ်သူ

Photo: သွေးဆာနေသော စိတ္တဇလူသတ်သမားနဲ့ အလိုတူအလိုပါ ချစ်သူ
Sunday, November 23, 2014

ဟဲဗီးမက်တယ်လ်တေးဂီတကို ကျယ်လောင်စွာ ဖွင့်ထား တတ်တဲ့ အိမ်တစ်အိမ်။ 
အိမ်ထဲက ဝတ်လစ် စားလစ်နဲ့ လျှောက်သွားနေသူတစ်ဦး။ သူ ဟာ အမြဲတမ်း မကောင်းဆိုးဝါးတွေကို ဝတ် ပြုခစားဖို့အကြောင်း အမြဲပြောတတ်ပါ တယ်။ 

အခုလို မူမမှန်သူတစ်ဦးဟာ တစ်လ တစ်ခါ ယုန်ငယ်လေးတစ်ကောင် ဒါမှမဟုတ် တိရစ္ဆာန်တစ်ကောင်ကောင်ရဲ့ သွေးကို သောက်သုံးရမှ နေသာထိုင်သာရှိသလို အရှင်လတ်လတ်ခုန်နေတဲ့ နှလုံးကို ကိုက် စားရမှ စိတ်အာသီသရှိသူတစ်ဦးလည်းဖြစ် ပါတယ်။

သူကတော့ ဂျွန်အလက်ဇန္ဒား လော်ဆန်(၃၅နှစ်)ပါ။ လော်ဆန်ဟာ သူ့ရဲ့ အိမ်ရှေ့တံခါးဝမှာ အရိုးခေါင်းပုံနဲ့ ထိတ်လန့်ချောက်ချားဖွယ်စာ တန်းအချို့ကိုလည်း ရေးခြစ်ထားပြီး သူဟာ မကောင်းဆိုးရွားတစ်ယောက် ဆိုတာကို အရိပ်အယောင်ပြသလို့ ထားခဲ့ပါတယ်။ 

လော်ဆန်ဟာ အမှုပေါင်းများ စွာမှာ တရားစွဲဆိုခံခဲ့ရပြီး အကြိမ်ပေါင်း များစွာ အဖမ်းခံခဲ့ရသူဖြစ်ပါတယ်။ ဒါပေ မဲ့ တစ်ခါမှ ထောင်ကျခြင်းမရှိခဲ့ပါဘူး။ ရဲ တပ်ဖွဲ့ဝင်တွေက ဒီတစ်ကြိမ်မှာတော့ လော် ဆန်ကို ထောင်ထဲပို့နိုင်မယ့် သဲလွန်စတစ်ခု ကို ရရှိသွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ လော်ဆန် ရဲ့ခြံဝင်းထဲက လူအရိုးခေါင်းတစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ချိန်မှာတော့ လူသတ်မှုနှစ်မှု အတွက် ခိုင်လုံတဲ့ သက်သေအထောက် အထားတွေကို ရရှိခဲ့ကြပါတယ်။ 

တာဝန် ရှိအာဏာပိုင်တွေက လော်ဆန်ရဲ့ခြံဝင်းထဲ က အလောင်းနှစ်လောင်းက ကြွင်းကျန်ရစ် တဲ့အစိတ်အပိုင်းတွေကို တူးဖော်တွေ့ရှိခဲ့ ကြပြီး သေဆုံးခဲ့သူ ဘယ်သူဘယ်ဝါဖြစ် တယ်ဆိုတာကိုလည်း အတည်ပြုနိုင်ခဲ့ကြ ပါတယ်။

ပျောက်ဆုံးနေသူနှစ်ဦးကို သတ် ဖြတ်ခဲ့ကြတာက လော်ဆန်နဲ့ ချစ်သူ အမ် ဘာနီကိုးလ်ဘက်ခ်ျတို့ ဖြစ်ကြပါတယ်။

လော်ဆန်ကို အာဏာပိုင်တွေ က ဖမ်းဆီးခဲ့ချိန်မှာ လော်ဆန်ဟာ အဲလ်ဂါ ရက် ဖြစ်နေပါတယ်။ အကြောင်းက လော် ဆန်ဟာ သူ့ရဲ့နာမည်ကို လူသတ်မှုကျူး လွန်ခဲ့ပြီးနောက်မှာ ပါဇူဇူအီလာအဲလ်ဂါ ရက်လို့ တရားဝင် အမည်ပြောင်းလဲခဲ့လို့ပါ။ 

သက်ဆိုင်ရာအာဏာပိုင်တွေက လော်ဆန် ခေါ် အဲလ်ဂါရက်ရဲ့ခြံထဲမှာ အခြားအလောင်း တွေကိုပါ ထပ်မံတွေ့ရှိနိုင်တယ်လို့ ယူဆ နေကြပါတယ်။ လူသတ်မှုအတွက် အာဏာ ပိုင်တွေက လော်ဆန်နဲ့ ချစ်သူအမ်ဘာ အပြင် ခရစ္စတဲလ်နီကိုးလ်မက်ယော့ခ် (၂၈ နှစ်)ကိုလည်း အမှုမှာ ပူးပေါင်းပါဝင်မှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။

ရဲအရာရှိတွေရဲ့ပြောကြားချက် အရ တူးဖော်တွေ့ရှိခဲ့တဲ့ အလောင်းနှစ် လောင်းဟာ ဂျိုရှာဖရက်ဒရစ်ဝက်ဇလာ (၃၇နှစ်ခန့်)နှင့် တွမ်မီဒန်းဝက်ခ်ျ(၃၆နှစ်)တို့ ဖြစ်ကြတယ်လို့သိရပြီး ဂျိုရှာကို လော် ဆန်က သတ်ခဲ့ပြီး တွမ်မီကို နောက်သုံးလ အကြာမှာ လော်ဆန်ချစ်သူအမ်ဘာက သတ် ခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ယောက်စလုံး ကို သေနတ်နဲ့ပစ်သတ်ခဲ့ကြတာဖြစ်ပြီး လူ သတ်မှုနှစ်မှု စလုံးမှာ လော်ဆန်နဲ့အမ်ဘာ တို့ဟာ အပြန်အလှန် ကူညီမှုရှိခဲ့ကြတယ် လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။

ခရစ္စတဲလ်နီကိုးလ်မက်လော့စ် ကတော့ အမ်ဘာလူသတ်မှုမှာ အလောင်း ဖျောက်ပေးဖို့ ဝင်ရောက်ကူညီခဲ့တဲ့အတွက် အဖမ်းခံရခြင်းဖြစ်တယ်လို့ သိရပါတယ်။ နီးစပ်ရာမိတ်ဆွေတွေက လော်ဆန်ဟာ မကောင်းဆိုးဝါး လူသတ်သမားတစ်ဦးဖြစ် တယ်လို့ ဆိုကြပါတယ်။ မျက်နှာပါမကျန် တစ်ကိုယ်လုံးကို တက်တူးဖုံးလွှမ်းနေတဲ့ လော်ဆန်ဟာ အကြိမ်ပေါင်းများစွာ အဖမ်း ခံရဖူးပြီး မိခင်ကိုတိုက်ခိုက်မှုနဲ့ မျက်မမြင် တစ်ဦးသေဆုံးမှုမှာ ပါဝင်ခဲ့မှုတွေလည်း ပါ ဝင်တယ်လို့ ဆိုပါတယ်။ 

အချို့ကလည်း လော်ဆန်ဟာ စိတ်ရောဂါသည်တစ်ဦးလို့ ဆိုကြပါတယ်။

လော်ဆန်မှာ ထူးခြားချက် တစ်ခုရှိတာက အလွန်အမင်း ညစ်တေမှုပါ။ 
သူဟာ တစ်နှစ်နေလို့ ရေတစ် ခါချိုးတဲ့လူတစ်ယောက် မဟုတ်သလို နှစ် ပေါင်းများစွာ သွားမတိုက်ဘဲနေခြင်းဖြစ်ပါ တယ်။ လော်ဆန်က အခုလိုနေမှ သဘာဝ ဘေးရောဂါပိုးကူးစက်တဲ့အန္တရာယ်က ကာ ကွယ်နိုင်မယ်လို့ ယူဆတယ်လို့သိရပါတယ်။ အချို့က လော်ဆန်ဟာ အကြောက်လွန် တဲ့စိတ်ဝေဒနာကို ခံစားနေရတယ်လို့လည်း ဆိုကြပါတယ်။ 

အမ်ဘာနဲ့ပတ်သက်လို့တော့ မိတ်ဆွေတွေက အကောင်းဘက်က ရပ် တည်ပြောဆိုပေးကြပါတယ်။

အမ်ဘာဟာ စိတ်ကောင်းနှလုံးကောင်းရှိသူတစ်ဦးဖြစ်ပြီး လော်ဆန် ရဲ့အယူဝါဒ လွှမ်းမိုးခံရတဲ့သားကောင်ဖြစ်တယ်လို့ ကာကွယ်ပြောဆိုကြပါတယ်။ ဒါပေမဲ့ မိတ်ဆွေတချို့က အမ်ဘာဟာ လော်ဆန်နဲ့ချစ်သူဖြစ်ပြီး တစ်လခန့်အကြာ မှာတော့ ရေချိုးခြင်းမရှိတော့ဘူးလို့ ဆိုပါ တယ်။ 

လူသတ်မှုမှာ ကြံရာပါအနေနဲ့အဖမ်း ခံခဲ့ရတဲ့ ခရစ္စတဲလ်နီကိုးလ်ဟက်ကော့က တော့ တရားရုံးမှာအစစ်ခံချိန်မှာတော့ ပိုး ပိုးပေါက်ပေါက်ကျလာတဲ့ မျက်ရည်တွေကို သုတ်တစ်ခါဖယ်တစ်လှည့်နဲ့ပါ။ 

၂ဝဝ၅ခုနှစ်မှာ လော်ဆန်နဲ့အတူ နေခဲ့ဖူးတဲ့ ဘိုင်ယန်ကာဟက်ပင်က လော် ဆန်ဟာ မိန်းမပျက်နှစ်ဦးကို သတ်ဖြတ်မီး ရှို့ အလောင်းဖျောက်ခဲ့တယ်လို့ ပြောပြဖူး ပေမယ့် ရယ်ရယ်မောမောပြောနေခဲ့တာ ကြောင့် မယုံကြည်ခဲ့ဘူးလို့ဆိုပါတယ်။

လော် ဆန်နဲ့ အမ်ဘာတို့ဟာ ကျူးလွန်ခဲ့တဲ့ ရာဇ ဝတ်မှုအတွက် ပြစ်ဒဏ်ကျခံဖို့ အခုဆို အချုပ်ခန်းထဲက စောင့်မျှော်နေကြပါတယ်။

Ref: Daily Mail
Yangon Media Group
ဟဲဗီးမက်တယ်လ်တေးဂီတကို ကျယ်လောင်စွာ ဖွင့်ထား တတ်တဲ့ အိမ်တစ်အိမ်။ အိမ်ထဲက ဝတ်လစ် စားလစ်နဲ့ လျှောက်သွားနေသူတစ်ဦး။ သူဟာအမြဲတမ်း မကောင်းဆိုးဝါးတွေကို ဝတ်ပြုခစားဖို့အကြောင်း အမြဲပြောတတ်ပါတယ်။

အခုလို မူမမှန်သူတစ်ဦးဟာ တစ်လတစ်ခါ ယုန်ငယ်လေးတစ်ကောင် ဒါမှမဟုတ် တိရစ္ဆာန် တစ်ကောင် ကောင် ရဲ့ သွေးကို သောက်သုံးရမှ နေသာထိုင်သာရှိသလို အရှင်လတ်လတ်ခုန်နေတဲ့ နှလုံးကိုကိုက် စားရမှ စိတ်အာသီသရှိသူတစ်ဦးလည်းဖြစ် ပါတယ်။

သူကတော့ ဂျွန်အလက်ဇန္ဒား လော်ဆန်(၃၅နှစ်)ပါ။ လော်ဆန်ဟာ သူ့ရဲ့ အိမ်ရှေ့တံခါးဝမှာ အရိုးခေါင်းပုံနဲ့ ထိတ်လန့်ချောက်ချားဖွယ်စာ တန်းအချို့ကိုလည်း ရေးခြစ်ထားပြီး သူဟာ မကောင်းဆိုးရွားတစ်ယောက် ဆိုတာကို အရိပ်အယောင်ပြသလို့ ထားခဲ့ပါတယ်။

လော်ဆန်ဟာ အမှုပေါင်းများ စွာမှာ တရားစွဲဆိုခံခဲ့ရပြီး အကြိမ်ပေါင်း များစွာ အဖမ်းခံခဲ့ရသူဖြစ်ပါတယ်။ ဒါပေ မဲ့ တစ်ခါမှ ထောင်ကျခြင်းမရှိခဲ့ပါဘူး။ ရဲ တပ်ဖွဲ့ဝင်တွေက ဒီတစ်ကြိမ်မှာတော့ လော်ဆန်ကို ထောင်ထဲပို့နိုင်မယ့် သဲလွန်စတစ်ခု ကို ရရှိသွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေဟာ လော်ဆန် ရဲ့ခြံဝင်းထဲက လူအရိုးခေါင်းတစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ချိန်မှာတော့ လူ သတ်မှုနှစ်မှု အတွက် ခိုင်လုံတဲ့ သက်သေအထောက် အထားတွေကို ရရှိခဲ့ကြပါတယ်။

တာဝန် ရှိအာဏာပိုင်တွေက လော်ဆန်ရဲ့ခြံဝင်းထဲ က အလောင်းနှစ်လောင်းက ကြွင်းကျန်ရစ် တဲ့အစိတ် အပိုင်းတွေကို တူးဖော်တွေ့ရှိခဲ့ ကြပြီး သေဆုံးခဲ့သူ ဘယ်သူဘယ်ဝါဖြစ် တယ်ဆိုတာကိုလည်း အတည် ပြုနိုင်ခဲ့ကြပါတယ်။

ပျောက်ဆုံးနေသူနှစ်ဦးကို သတ်ဖြတ်ခဲ့ကြတာက လော်ဆန်နဲ့ ချစ်သူ အမ်ဘာနီကိုးလ်ဘက်ခ်ျတို့ ဖြစ်ကြ ပါတယ်။

လော်ဆန်ကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ချိန်မှာ လော်ဆန်ဟာ အဲလ်ဂါ ရက် ဖြစ်နေပါတယ်။ အကြောင်းက လော် ဆန်ဟာ သူ့ရဲ့နာမည်ကို လူသတ်မှုကျူး လွန်ခဲ့ပြီးနောက်မှာ ပါဇူဇူအီလာအဲလ်ဂါ ရက်လို့ တရားဝင် အမည်ပြောင်းလဲခဲ့လို့ပါ။

သက်ဆိုင်ရာအာဏာပိုင်တွေက လော်ဆန် ခေါ် အဲလ်ဂါရက်ရဲ့ခြံထဲမှာ အခြားအလောင်း တွေကိုပါ ထပ်မံတွေ့ရှိနိုင်တယ်လို့ ယူဆ နေကြပါတယ်။ လူသတ်မှုအတွက် အာဏာ ပိုင်တွေက လော်ဆန်နဲ့ ချစ်သူအမ်ဘာ အပြင် ခရစ္စတဲလ်နီကိုးလ်မက်ယော့ခ် (၂၈ နှစ်)ကိုလည်း အမှုမှာ ပူးပေါင်းပါဝင်မှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။

ရဲအရာရှိတွေရဲ့ပြောကြားချက် အရ တူးဖော်တွေ့ရှိခဲ့တဲ့ အလောင်းနှစ် လောင်းဟာ ဂျိုရှာဖရက်ဒရစ်ဝက်ဇလာ (၃၇နှစ်ခန့်)နှင့် တွမ်မီဒန်းဝက်ခ်ျ(၃၆နှစ်)တို့ ဖြစ်ကြတယ်လို့သိရပြီး ဂျိုရှာကို လော် ဆန်က သတ်ခဲ့ပြီး တွမ်မီကို နောက်သုံးလ အကြာမှာ လော်ဆန်ချစ်သူအမ်ဘာက သတ် ခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ယောက်စလုံး ကို သေနတ်နဲ့ပစ်သတ်ခဲ့ကြတာဖြစ်ပြီး လူ သတ်မှုနှစ်မှု စလုံးမှာ လော်ဆန်နဲ့အမ်ဘာ တို့ဟာ အပြန်အလှန် ကူညီမှုရှိခဲ့ကြတယ် လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။

ခရစ္စတဲလ်နီကိုးလ်မက်လော့စ် ကတော့ အမ်ဘာလူသတ်မှုမှာ အလောင်း ဖျောက်ပေးဖို့ ဝင်ရောက် ကူညီခဲ့တဲ့အတွက် အဖမ်းခံရခြင်းဖြစ်တယ်လို့ သိရပါတယ်။ နီးစပ်ရာမိတ်ဆွေတွေက လော်ဆန်ဟာ မကောင်းဆိုးဝါး လူသတ်သမားတစ်ဦးဖြစ် တယ်လို့ ဆိုကြပါတယ်။ မျက်နှာပါမကျန် တစ်ကိုယ်လုံးကို တက်တူးဖုံးလွှမ်းနေတဲ့ လော်ဆန်ဟာ အကြိမ်ပေါင်းများစွာ အဖမ်း ခံရဖူးပြီး မိခင်ကိုတိုက်ခိုက်မှုနဲ့ မျက်မမြင် တစ်ဦးသေဆုံးမှုမှာ ပါဝင်ခဲ့မှုတွေလည်း ပါ ဝင်တယ်လို့ ဆိုပါတယ်။

အချို့ကလည်း လော်ဆန်ဟာ စိတ်ရောဂါသည်တစ်ဦးလို့ ဆိုကြပါတယ်။

လော်ဆန်မှာ ထူးခြားချက် တစ်ခုရှိတာက အလွန်အမင်း ညစ်တေမှုပါ။
သူဟာ တစ်နှစ်နေလို့ ရေတစ် ခါချိုးတဲ့လူတစ်ယောက် မဟုတ်သလို နှစ် ပေါင်းများစွာ သွားမတိုက်ဘဲ နေခြင်းဖြစ်ပါ တယ်။ လော်ဆန်က အခုလိုနေမှ သဘာဝ ဘေးရောဂါပိုးကူးစက်တဲ့ အန္တရာယ်က ကာ ကွယ်နိုင်မယ်လို့ ယူဆတယ်လို့သိရပါတယ်။ အချို့က လော်ဆန်ဟာ အကြောက်လွန် တဲ့စိတ်ဝေဒနာကို ခံစားနေရတယ်လို့လည်း ဆိုကြပါတယ်။

အမ်ဘာနဲ့ပတ်သက်လို့တော့ မိတ်ဆွေတွေက အကောင်းဘက်က ရပ် တည်ပြောဆိုပေးကြပါတယ်။

အမ်ဘာဟာ စိတ်ကောင်းနှလုံးကောင်းရှိသူတစ်ဦးဖြစ်ပြီး လော်ဆန် ရဲ့အယူဝါဒ လွှမ်းမိုးခံရတဲ့သားကောင်ဖြစ်တယ်လို့ ကာကွယ်ပြောဆိုကြပါတယ်။ ဒါပေမဲ့ မိတ်ဆွေတချို့က အမ်ဘာဟာ လော်ဆန်နဲ့ချစ်သူဖြစ်ပြီး တစ်လခန့်အကြာ မှာတော့ ရေချိုးခြင်းမရှိတော့ဘူးလို့ ဆိုပါ တယ်။

လူသတ်မှုမှာ ကြံရာပါအနေနဲ့အဖမ်း ခံခဲ့ရတဲ့ ခရစ္စတဲလ်နီကိုးလ်ဟက်ကော့ကတော့ တရားရုံးမှာ အစစ်ခံချိန်မှာတော့ ပိုး ပိုးပေါက်ပေါက်ကျလာတဲ့ မျက်ရည်တွေကို သုတ်တစ်ခါဖယ်တစ်လှည့်နဲ့ပါ။

၂ဝဝ၅ခုနှစ်မှာ လော်ဆန်နဲ့အတူ နေခဲ့ဖူးတဲ့ ဘိုင်ယန်ကာဟက်ပင်က လော် ဆန်ဟာ မိန်းမပျက်နှစ်ဦးကို သတ်ဖြတ်မီး ရှို့ အလောင်းဖျောက်ခဲ့တယ်လို့ ပြောပြဖူး ပေမယ့် ရယ်ရယ်မောမောပြောနေခဲ့တာ ကြောင့် မယုံကြည်ခဲ့ဘူးလို့ဆိုပါတယ်။

လော် ဆန်နဲ့ အမ်ဘာတို့ဟာ ကျူးလွန်ခဲ့တဲ့ ရာဇ ဝတ်မှုအတွက် ပြစ်ဒဏ်ကျခံဖို့ အခုဆို အချုပ်ခန်းထဲက စောင့်မျှော်နေကြပါတယ်။

Ref: Daily Mail
Yangon Media Group

No comments:

Post a Comment