Sunday 23 November 2014

လေးပွင့်ဆိုင်ဆွေးနွေးရန်မှာ အနည်းငယ်ကျဉ်းကြောင်း ကာချုပ်ပြော ၅၉(စ)ကိစ္စ အမျိုးသားရေးနှင့် ချိန်ထိုး၍ပြော

Photo: လေးပွင့်ဆိုင်ဆွေးနွေးရန်မှာ အနည်းငယ်ကျဉ်းကြောင်း ကာချုပ်ပြော
၅၉(စ)ကိစ္စ အမျိုးသားရေးနှင့် ချိန်ထိုး၍ပြော

Sunday, November 23, 2014

 ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသော လေးပွင့် ဆိုင် တွေ့ဆုံဆွေးနွေးရန် တောင်း ဆိုမှုသည် အနည်းငယ်ကျဉ်းပြီး တိုင်းရင်းသားများ အပါအ၀င် ကိုယ်စားပြုသူများနှင့်ပါ ပြော ဆိုရပါက အကျိုးရှိမည်ထင်ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ပြောကြားလိုက် သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ဗီအိုအေ မြန်မာပိုင်းနှင့် နိုဝင်ဘာ၂၂ ရက် သီးသန့်တွေ့ဆုံမှုတွင်အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘လေးပွင့်ဆိုင်ဆိုတာ ကျွန် တော့်အမြင်ကတော့လေ နည်း နည်းကျဉ်းပါတယ်။  ဒီလေးယောက်တွေ့ဆုံပြီး ဆွေးနွေးမှဖြစ်မယ်ဆိုတာ တိုင်းရင်းသားတွေ လည်း အများကြီးရှိပါတယ်။ ကျွန်တော်ကတော့ ခြုံငုံပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်လေးပေါ့။ ဖြစ်နိုင်သလောက်ပေါ့။ ကျယ်ကျယ် ပြန့်ပြန့်ဆိုတော့လည်း လူတွေအများကြီးဖိတ်ပြန်တော့လည်း အဲဒါကျထိန်းရ၊ ပြောရ၊ဆိုရတာလည်း တစ်ယောက်တစ်ပေါက်နဲ့ ဆိုရင်လည်းမဖြစ်ပြန်ဘူး။ သို့ သော် ကိုယ်စားပြုတဲ့လူတွေနဲ့ ပြောရ၊ ဆိုရမယ်ဆိုရင်တော့ ပိုပြီးတော့ အကျိုးရှိမယ်လိုထင် တယ်’’ဟု ဖြေကြားခဲ့သည်။

ထို့အပြင်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၉(စ)နှင့် ပတ်သက် ၍လည်း လူတစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခုအတွက်ရည် ရွယ်တာမဟုတ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြားခဲ့သည်။

‘‘ကျွန်တော်တို့ ၅၉(စ) သည်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ရည်ရွယ်ခြင်းမဟုတ်ပါဘူး။ တစ် နိုင်ငံလုံးအတွက် အမျိုးသားရေး ကို ရည်ရွယ်ပြီးတော့မှလုပ်ထားရ တာဖြစ်ပါတယ်။ ဒါကျွန်တော်ခိုင် ခိုင်မာမာပြောရဲတယ်။ ကျွန်တော် တို့အနေနဲ့ အမျိုးသားရေးကိုတော့ ကြည့်ဖို့လိုအပ်ပါတယ်လို့မြင်ပါ တယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

7Day DAILY

ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ
 ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားသော လေးပွင့် ဆိုင် တွေ့ဆုံဆွေးနွေးရန် တောင်း ဆိုမှုသည် အနည်းငယ်ကျဉ်းပြီး တိုင်းရင်းသားများ အပါအ၀င် ကိုယ်စားပြုသူများနှင့်ပါ ပြောဆိုရပါက အကျိုးရှိမည် ထင်ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ပြောကြားလိုက်သည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ဗီအိုအေ မြန်မာပိုင်းနှင့် နိုဝင်ဘာ ၂၂ ရက် သီးသန့်တွေ့ဆုံမှုတွင်အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘လေးပွင့်ဆိုင်ဆိုတာ ကျွန် တော့်အမြင်ကတော့လေ နည်း နည်းကျဉ်းပါတယ်။  ဒီလေးယောက်တွေ့ဆုံပြီး ဆွေးနွေးမှဖြစ်မယ်ဆိုတာ တိုင်းရင်းသားတွေ လည်း အများကြီးရှိပါတယ်။ ကျွန်တော်ကတော့ ခြုံငုံပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်လေးပေါ့။ ဖြစ်နိုင်သလောက်ပေါ့။ ကျယ်ကျယ် ပြန့်ပြန့်ဆိုတော့လည်း လူတွေ အများကြီးဖိတ်ပြန်တော့လည်း အဲဒါကျထိန်းရ၊ ပြောရ၊ဆိုရတာလည်း တစ်ယောက်တစ်ပေါက်နဲ့ ဆိုရင် လည်း မဖြစ်ပြန်ဘူး။ သို့ သော် ကိုယ်စားပြုတဲ့လူတွေနဲ့ ပြောရ၊ ဆိုရမယ်ဆိုရင်တော့ ပိုပြီးတော့ အကျိုးရှိ မယ် လိုထင် တယ်’’ဟု ဖြေကြားခဲ့သည်။

ထို့အပြင်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၉(စ)နှင့် ပတ်သက် ၍လည်း လူတစ်ဦးတစ်ယောက် အဖွဲ့အစည်း တစ်ခုအတွက်ရည် ရွယ်တာမဟုတ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြားခဲ့သည်။

‘‘ကျွန်တော်တို့ ၅၉(စ) သည်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ရည်ရွယ်ခြင်းမဟုတ်ပါဘူး။ တစ် နိုင်ငံလုံး အတွက် အမျိုးသားရေး ကို ရည်ရွယ်ပြီးတော့မှလုပ်ထားရ တာဖြစ်ပါတယ်။ ဒါကျွန်တော်ခိုင် ခိုင်မာမာ ပြောရဲ တယ်။ ကျွန်တော် တို့အနေနဲ့ အမျိုးသားရေးကိုတော့ ကြည့်ဖို့လိုအပ်ပါတယ်လို့မြင်ပါ တယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

7Day DAILY

ဓာတ်ပုံ − လင်းဘိုဘို/အီးပီအေ

No comments:

Post a Comment