Tuesday 28 October 2014

IS အုပ်စုကို နောက်ကွယ်မှ ထောက်ပံ့နေသည်ဟူသည့် သတင်းများ လုံးဝမမှန်ကြောင်း ကာတာနိုင်ငံငြင်းဆို

Photo: IS အုပ်စုကို နောက်ကွယ်မှ ထောက်ပံ့နေသည်ဟူသည့် သတင်းများ လုံးဝမမှန်ကြောင်း ကာတာနိုင်ငံငြင်းဆို
Tuesday, October 28, 2014

ဆီးရီးယားနိုင်ငံတွင် ခြေကုပ်ယူ လှုပ်ရှားလျက်ရှိသော အစ္စလာမ္မစ်နိုင်ငံတော် (IS) ကဲ့သို့သော အစွန်းရောက် အကြမ်းဖက်အုပ်စုများကို ကာတာနိုင်ငံက ထောက်ပံ့မှု ပြုနေသည်ဟူသော စွပ်စွဲပြောဆိုချက်များမှာ လုံးဝမှန်ကန်မှု မရှိဟု ကာတာအစိုးရ အရာရှိကြီးများက ငြင်းဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ကာတာနိုင်ငံသည် သဘောထားတင်းမာမှု မရှိသည့် လက်နက်ကိုင်များကိုသာ ထောက်ပံ့ပေးခဲ့ဖူးပြီး အမေရိကန် စီအိုင်အေ အပါအဝင် အနောက်နိုင်ငံများ၊ အာရပ်ထောက်လှမ်းရေး အေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်ဟု ၎င်းတို့က BBC သတင်းဌာနနှင့် တွေ့ဆုံရာတွင် ရှင်းလင်းပြောဆိုသည်။

အီရတ်နှင့် ဆီးရီးယားရှိ IS ကဲ့သို့သော အစွန်းရောက်အုပ်စုများကို နောက်ကွယ်မှ ထောက်ပံ့ပေးနေသည်ဟူသော စွပ်စွဲပြောဆိုချက်များမှာ ကာတာခေါင်းဆောင် စော်ဘွား ရှိတ်တာမင်ဘင်ဟာ မက်အယ်တာနီ ဗြိတိန်နိုင်ငံသို့ သွားရောက်လည်ပတ်မှု မပြုမီ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ယခုလ အစောပိုင်းကလည်း ဗြိတိန်နှင့် ကာတာနိုင်ငံတို့ အနီးကပ် ပူးပေါင်းနေမှုနှင့် ပတ်သက်၍သော် လည်းကောင်း၊ IS အုပ်စုကို တာကာနိုင်ငံက ငွေကြေးထောက်ပံ့မှုနှင့် ပတ်သက်၍ လည်းကောင်း ဗြိတိန်ပါလီမန်အမတ်များ လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့ကြသည်။

အခြားသော သတင်းများအရ ကာတာနိုင်ငံမှ သူဌေးများသည် အစွန်းရောက် အုပ်စုများကို ငွေကြေးလှူဒါန်းမှုများ ပြုလုပ်ခဲ့သလို အစိုးရကလည်း ဆီးရီးယားရှိ သဘောထား တင်းမာသော အစ္စလာမ္မစ်အုပ်စုများကို ငွေကြေးနှင့် လက်နက်များ ထောက်ပံ့ပေးခဲ့သည်ဟု ယုံကြည်ရသည်။

ထို့ပြင် ကာတာအစိုးရ ကိုယ်တိုင် အယ်လ်ကေဒါအဖွဲ့ခွဲ ဖြစ်သော အယ်လ်နူဆာရာနှင့် အဆက်အသွယ် ရှိသည်ဟု ယူဆရကြောင်း လေ့လာစောင့်ကြည့်သူများက ဆိုသည်။

ဆီးရီးယားအခြေစိုက် BBC သတင်းထောက် ဖရန်ဂါဒနာ၏ ပြောဆိုချက်အရ ကာတာအစိုးရ အရာရှိကြီးများ ယခင်က ထောက်ပံ့ခဲ့သည့် သဘောထားတင်းမာမှု မရှိသော လက်နက်ကိုင် အုပ်စုများသည် နောက်ပိုင်းတွင် IS ကဲ့သို့သော အစွန်းရောက်အုပ်စုများနှင့် ပူးပေါင်းသွားခဲ့ကြသည်။

မည်သို့ပင်ဆိုစေ ကာတာနိုင်ငံသည် စက်တင်ဘာလတွင် စတင်ခဲ့သည့် အမေရိကန် ဦးဆောင်သော IS နှိမ်နင်းရေး စစ်ပွဲများကို ထောက်ပံ့မှု ပြုလာခဲ့သည်။

ကာတာ ထောက်လှမ်းရေးအဖွဲ့ ဒါရိုက်တာ အပါအဝင် အရာရှိကြီးများက ဆီးရီးယား အာဏာရှင် သမ္မတ ဘာရှာအာဆတ် အစိုးရကို တိုက်ခိုက်နေသည့် အုပ်စုများအား ထောက်ပံ့ပေးမှုများနှင့် ပတ်သက်၍ မည်သို့မျှ ဖုံးကွယ်ထားစရာ မရှိကြောင်း ပြောကြားသည်။

The Voice Weekly
ဆီးရီးယားနိုင်ငံတွင် ခြေကုပ်ယူ လှုပ်ရှားလျက်ရှိသော အစ္စလာမ္မစ်နိုင်ငံတော် (IS) ကဲ့သို့သော အစွန်းရော က် အကြမ်းဖက်အုပ်စုများကို ကာတာနိုင်ငံက ထောက်ပံ့မှု ပြုနေသည်ဟူသော စွပ်စွဲပြောဆိုချက်များမှာ လုံးဝမှန်ကန်မှု မရှိဟု ကာတာအစိုးရ အရာရှိကြီးများက ငြင်းဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ကာတာနိုင်ငံသည် သဘောထားတင်းမာမှုမရှိသည့် လက်နက်ကိုင်များကိုသာ ထောက်ပံ့ပေးခဲ့ဖူးပြီး အမေရိကန်စီအိုင်အေအပါအဝင် အနောက်နိုင်ငံများ၊ အာရပ်ထောက်လှမ်းရေး အေဂျင်စီများနှင့် ပူးပေါင်းေ ဆာင် ရွက်လျက် ရှိသည်ဟု ၎င်းတို့က BBC သတင်းဌာနနှင့် တွေ့ဆုံရာတွင် ရှင်းလင်းပြောဆို သည်။

အီရတ်နှင့် ဆီးရီးယားရှိ IS ကဲ့သို့သော အစွန်းရောက်အုပ်စုများကို နောက်ကွယ်မှ ထောက်ပံ့ပေးနေ သည်ဟူသော စွပ်စွဲပြောဆိုချက်များမှာ ကာတာခေါင်းဆောင် စော်ဘွား ရှိတ်တာမင်ဘင်ဟာ မက်အယ်တာနီ ဗြိတိန်နိုင်ငံသို့ သွားရောက်လည်ပတ်မှု မပြုမီ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ယခုလ အစောပိုင်းကလည်း ဗြိတိန်နှင့် ကာတာနိုင်ငံတို့ အနီးကပ် ပူးပေါင်းနေမှုနှင့် ပတ်သက်၍သော် လည်းကောင်း၊ IS အုပ်စုကို တာကာနိုင်ငံက ငွေကြေးထောက်ပံ့မှုနှင့် ပတ်သက်၍ လည်းကောင်း ဗြိတိန်ပါလီမန်အမတ်များ လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့ကြသည်။

အခြားသော သတင်းများအရ ကာတာနိုင်ငံမှ သူဌေးများသည် အစွန်းရောက် အုပ်စုများကို ငွေကြေးလှူဒါန်း မှုများ ပြုလုပ်ခဲ့သလို အစိုးရကလည်း ဆီးရီးယားရှိ သဘောထား တင်းမာသော အစ္စလာမ္မစ်အုပ်စုများကို ငွေကြေးနှင့် လက်နက်များ ထောက်ပံ့ပေးခဲ့သည်ဟု ယုံကြည်ရသည်။

ထို့ပြင် ကာတာအစိုးရ ကိုယ်တိုင် အယ်လ်ကေဒါအဖွဲ့ခွဲ ဖြစ်သော အယ်လ်နူဆာရာနှင့် အဆက်အသွယ် ရှိသည်ဟု ယူဆရကြောင်း လေ့လာစောင့်ကြည့်သူများက ဆိုသည်။

ဆီးရီးယားအခြေစိုက် BBC သတင်းထောက် ဖရန်ဂါဒနာ၏ ပြောဆိုချက်အရ ကာတာအစိုးရ အရာရှိကြီးများ ယခင်က ထောက်ပံ့ခဲ့သည့် သဘောထားတင်းမာမှု မရှိသော လက်နက်ကိုင် အုပ်စုများသည် နောက်ပိုင်းတွင် IS ကဲ့သို့သော အစွန်းရောက်အုပ်စုများနှင့် ပူးပေါင်းသွားခဲ့ကြသည်။

မည်သို့ပင်ဆိုစေ ကာတာနိုင်ငံသည် စက်တင်ဘာလတွင် စတင်ခဲ့သည့် အမေရိကန် ဦးဆောင်သော IS နှိမ်နင်းရေး စစ်ပွဲများကို ထောက်ပံ့မှု ပြုလာခဲ့သည်။

ကာတာ ထောက်လှမ်းရေးအဖွဲ့ ဒါရိုက်တာ အပါအဝင် အရာရှိကြီးများက ဆီးရီးယား အာဏာရှင် သမ္မတ ဘာရှာအာဆတ် အစိုးရကို တိုက်ခိုက်နေသည့် အုပ်စုများအား ထောက်ပံ့ပေးမှုများနှင့် ပတ်သက်၍ မည်သို့ မျှ ဖုံးကွယ်ထားစရာ မရှိကြောင်း ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment