Tuesday 28 October 2014

ကြိုတင်ခွင့်ပြုချက်နှင့် ယူရသည့် ဆိုက်ရောက်ဗီဇာ ပြန်လည်ခွင့်ပြု

ပြီးခဲ့သည့်တစ်လကျော်က ရပ်ဆိုင်းလိုက်သော ကြိုတင်ခွင့်ပြုချက်ဖြင့်ယူရသည့် ဆိုက် ရောက်ပြည်ဝင်ခွင့် ဗီဇာ  (Pre- Arrangement Visa On Arrival) ကို  ယခုနှစ်ကုန်အထိ ပြန်လည်ခွင့်ပြုပေးလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘ဒီနေ့ပဲ လ၀က DG (လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အား ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ်) ဆီက စာလာတယ်။ ဒီဇင် ဘာလကုန်ထိ ပြန်လည်ခွင့်ပြု ပေးတဲ့အကြောင်းပါ’’ဟု မြန်မာ နိုင်ငံခရီးသွားလုပ်ငန်း ရှင် များ အသင်းဒုဥက္ကဋ္ဌ ဦးသက်လွင်တိုး ကပြောသည်။

အင်တာနက်မှ တစ်ဆင့် လျှောက်ထားရသော E-Visa စနစ်တွင် အခက်အခဲများရှိနေသ ဖြင့် Pre-Arrangement Visa On Arrival ကို ပြန်လည်ခွင့်ပြုပေး ပါရန် သမ္မတနှင့် ဒုတိယသမ္မတ တို့ထံ အောက် တိုဘာ ၂၁ ရက်က စာရေးသားတင်ပြခဲ့ရာ ယခုကဲ့သို့ ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ် သည်။

ထို့ကြောင့် ခရီးသွားကုမ္ပဏီ များအနေဖြင့် ကြိုတင်ရောင်းချ ထားသော Package Tour များ အတွက် ဆိုက်ရောက်ပြည်ဝင်ခွင့် ရရှိရန် ယခင်လုပ်ထုံးလုပ်နည်း အတိုင်း မြန်မာနိုင်ငံခရီးသွားလုပ် ငန်းရှင်များ အသင်းသို့ တင်ပြ လျှောက်ထားရမည်ဖြစ်သည်။

ဒေါ်လာ ၁၇ သန်းအကုန် အကျခံသုံးစွဲထားသော E-Visa စနစ်ကို နိုင်ငံတော်အစိုးရက ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁ ရက် တွင် စတင်ခွင့်ပြုပေးခဲ့သည်။

‘‘E-Visa စနစ်က ခရီးသွား   အားလုံးအတွက် အဆင်မပြေ သေးဘူး။ ငွေပေးချေကိစ္စတွေ၊ နောက်အိုင်တီ ပိုင်းဆိုင် ရာတွေ နဲ့ ဘာသာစကားအခက်အခဲတွေရှိ နေသေးတယ်’’ဟု ဦးသက်လွင် တိုးကဆိုသည်။

ယင်းကဲ့သို့ အခက်အခဲများရှိ နေချိန်တွင် ဆိုက်ရောက်ပြည်ဝင် ခွင့်ရပ်ဆိုင်းလိုက်သဖြင့် နိုဝင်ဘာနှင့် ဒီဇင်ဘာအတွင်း လာ ရောက်မည့် ကမ္ဘာလှည့်ခရီးသွား များမှာ  ခရီးစဉ်ဖျက်သိမ်းခြင်းများ ပြုလုပ်ခဲ့ကြ သည်။

သမ္မတဦးသိန်းစိန်ဦးဆောင် သော အစိုးရအဖွဲ့တက်လာပြီး နောက် မြန်မာနိုင်ငံသို့ ကမ္ဘာ လှည့်ခရီးသွား ၀င်ရောက်မှုမြင့် တက်လာခဲ့ကာ ယခုနှစ်အတွက် ကမ္ဘာလှည့်ခရီးသွား သုံးသန်းဝင်ရောက်ရန် နိုင်ငံတော် က လျာထားဆောင်ရွက်လျက်ရှိသည်။

7Day DAILY 

No comments:

Post a Comment