Tuesday 28 October 2014

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရမှ ဝယ်ယူရောက်ရှိလာသော မီးသတ်ကားများ သက်ဆိုင်ရာမြို့နယ်များသို့ ဖြန့်ဝေပေး

Photo: စစ်ကိုင်းတိုင်းဒေသကြီးအစိုးရမှ ဝယ်ယူရောက်ရှိလာသော မီးသတ်ကားများ သက်ဆိုင်ရာမြို့နယ်များသို့ ဖြန့်ဝေပေး
Tuesday, October 28, 2014

စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ မီးသတ် ဦးစီးဌာနများတွင် အသုံးပြုနိုင်ရန် ခေတ်မီ မီးသတ်ယာဉ် ၆၅စီးနှင့် ရေ သယ်ယာဉ် ၄၃စီးတို့ကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဘဏ္ဍာငွေမှ ဝယ်ယူ ထောက်ပံ့ပေးမည်ဖြစ်ပြီး ယခုနှစ် အတွင်း ပထမဆုံး ဝယ်ယူရောက်ရှိ လာသည့် မီးသတ်ယာဉ် ၁၁စီးအား သက်ဆိုင်ရာမြို့နယ်များသို့ လွှဲပြောင်း ပေးအပ်ခြင်းကို အောက်တိုဘာ၂၇ ရက် နံနက်ပိုင်းက မုံရွာမြို့ မြို့တော် ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

''တရုတ်နိုင်ငံထုတ် မီးသတ် ယာဉ်တွေဖြစ်ပါတယ်။ တစ်စီးကို ကျပ်သိန်း ၂၅ဝ တန်ဖိုးရှိပါတယ်။ ဒီနေ့ရောက်လာတဲ့ မီးသတ်ယာဉ် တွေကို ရွှေဘို၊ ကျောက်မြောင်း၊ ခင် ဦး၊ ကန့်ဘလူ၊ ပုလဲ၊ မြောင်၊ ဒီပဲယင်း၊ ကျွန်းလှ၊ ဝက်လက်၊ တန့်ဆည်၊ ရေဦး မြို့ စတဲ့ မြို့နယ် ၁၁မြို့နယ်က မီး သတ်စခန်းတွေကို လွှဲပြောင်းပေးခဲ့ ပါတယ်''ဟု တိုင်းဒေသကြီးမီးသတ် ဌာနမှ အရာရှိတစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြီးခဲ့သော ဘဏ္ဍာရေးနှစ်ကလည်း နိုင်ငံတော်ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူ ခဲ့သည့် မီးသတ်ယာဉ်၂၅စီးကိုလည်း မြို့နယ် ၂၅မြို့နယ်သို့လွှဲပြောင်းပေး ခဲ့သည့်အပြင် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရန်ပုံငွေမှလည်း အထပ်အမြင့် အဆောက်အအုံများသို့ တက်ရောက် မီးငြှိမ်းသတ်နိုင်ရန်နှင့် လောင်စာဆီ မီးလောင်ကျွမ်းမှုများကို ငြှိမ်းသတ် နိုင်ရန် တစ်လုံးလျှင် ကျပ်ခုနစ်သန်း ကျော် တန်ဖိုးရှိ ဂျာမနီနိုင်ငံထုတ် ကျောလွယ် မီးသတ်ဆေးဘူး ကိုးလုံး ကိုလည်း ထောက်ပံ့ပေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး အတွင်း မြို့နယ် အသီးသီးရှိ မီးသတ်စခန်းများတွင် ယခင်က မီးသတ်ယာဉ်စုစုပေါင်း ၁၅၈စီးရှိခဲ့ရာမှ ယခုရရှိသော ၁၁စီး ကြောင့် မီးငြှိမ်းသတ်ယာဉ် ၁၆၉စီး ရှိလာပြီဖြစ်ကြောင်း သိရသည်။

Yangon Media Group
စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ မီးသတ် ဦးစီးဌာနများတွင် အသုံးပြုနိုင်ရန် ခေတ်မီ မီးသတ်ယာဉ် ၆၅စီးနှင့် ရေ သယ်ယာဉ် ၄၃စီးတို့ကို တိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဘဏ္ဍာငွေမှ ဝယ်ယူ ထောက်ပံ့ပေး မည်ဖြစ်ပြီး ယခုနှစ်အတွင်း ပထမဆုံးဝယ်ယူရောက်ရှိ လာသည့်မီးသတ်ယာဉ် ၁၁စီးအား သက်ဆိုင် ရာမြို့နယ်များသို့ လွှဲပြောင်း ပေးအပ်ခြင်းကို အောက်တိုဘာ၂၇ ရက် နံနက်ပိုင်းက မုံရွာမြို့ မြို့တော် ခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။

''တရုတ်နိုင်ငံထုတ် မီးသတ် ယာဉ်တွေဖြစ်ပါတယ်။ တစ်စီးကို ကျပ်သိန်း ၂၅ဝ တန်ဖိုးရှိပါတယ်။ ဒီနေ့ရောက်လာတဲ့ မီးသတ်ယာဉ် တွေကို ရွှေဘို၊ ကျောက်မြောင်း၊ ခင် ဦး၊ ကန့်ဘလူ၊ ပုလဲ၊ မြောင်၊ ဒီပဲယင်း၊ ကျွန်းလှ၊ ဝက်လက်၊ တန့်ဆည်၊ ရေဦး မြို့ စတဲ့ မြို့နယ် ၁၁မြို့နယ်က မီး သတ်စခန်းတွေကို လွှဲပြောင်းပေးခဲ့ ပါတယ်''ဟု တိုင်းဒေသကြီးမီးသတ်ဌာနမှ အရာရှိတစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြီးခဲ့သော ဘဏ္ဍာရေးနှစ်ကလည်း နိုင်ငံတော်ခွင့်ပြုရန်ပုံငွေဖြင့် ဝယ်ယူ ခဲ့သည့် မီးသတ်ယာဉ်၂၅စီးကိုလည်း မြို့နယ် ၂၅မြို့နယ်သို့လွှဲပြောင်းပေး ခဲ့သည့်အပြင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရန်ပုံငွေမှလည်း အထပ်အမြင့် အဆောက်အအုံများသို့ တက်ရောက် မီးငြှိမ်းသတ်နိုင်ရန်နှင့် လောင်စာဆီ မီးလောင်ကျွမ်းမှုများကို ငြှိမ်းသတ် နိုင်ရန် တစ်လုံးလျှင် ကျပ်ခုနစ်သန်း ကျော် တန်ဖိုးရှိ ဂျာမနီနိုင်ငံထုတ် ကျောလွယ် မီးသတ်ဆေးဘူး ကိုးလုံး ကိုလည်း ထောက်ပံ့ပေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ မီးသတ်စခန်းများတွင် ယခင်က မီးသတ်ယာဉ် စုစုပေါင်း ၁၅၈စီးရှိခဲ့ရာမှ ယခုရရှိသော ၁၁စီး ကြောင့် မီးငြှိမ်းသတ်ယာဉ် ၁၆၉စီး ရှိလာပြီဖြစ်ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment