Tuesday 28 October 2014

သင်ရိုးကြောင့် အရည်အချင်းပြည့် ဆရာများရရှိရေး ခက်ခဲနေဟု တိုင်းဝန်ကြီးချုပ် ပြော

Photo: သင်ရိုးကြောင့် အရည်အချင်းပြည့် ဆရာများရရှိရေး ခက်ခဲနေဟု တိုင်းဝန်ကြီးချုပ် ပြော
Tuesday, October 28, 2014

ကျောင်းစနေစဉ် အချိန်မှစ၍ ဆရာဖြစ်သင်တန်းအထိ သင်ရိုးနှင့်နည်း စနစ်အား နည်းချက်များစွာရှိ၍ အရည်အချင်း ပြည့်ဝသော ဆရာ၊ ဆရာမ များ ဖြစ် လာရေး အခက်အခဲများစွာ ရှိနေသည်ဟု ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ ငှက်အော်စမ်းကျေးရွာ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ) မြန်မာ့ပညာရေးသည် အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်လျှင်ပင် နိမ့်ကျနေသည်ဟု ဧရာဝတီတိုင်းဝန်ကြီးချုပ်က သုံးသပ်သည်။

ပုသိမ်တက္ကသိုလ်တွင် အောက်တိုဘာ ၂၇ ရက်က ပြုလုပ်သည့် ပညာရေး အရည်အသွေးမြှင့်တင်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲတွင် ယင်းသို့ ပြောခြင်းဖြစ်သည်။

“အိမ်နီးနားချင်းနိုင်ငံများနဲ့ ယှဉ်လိုက်ရင် ကျွန်တော်တို့က အားနည်းနေသေးတယ်လို့ ပြောလို့ရပါ တယ်” ဟု ဦးသိန်းအောင်က ပြောသည်။

ထို့ကြောင့် အခြားသော နိုင်ငံများတွင် သုံးစွဲနေသည့် သင်ရိုးနှင့်သင်ကြား နည်းစနစ်ကို လေ့လာကြရန် ဝန်ကြီးချုပ်က တိုက်တွန်းသည်။

“နိုင်ငံတော် တည်ဆောက်ရေးတွေမှာ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ပညာရေးနဲ့ပဲ တည်ဆောက်တယ်။ ပညာတတ်တွေနဲ့ပဲ တည်ဆောက်တယ်။ ဒီခေတ် ဟာ ပညာခေတ်ဆိုတာလည်း လူတိုင်းနားလည်ထားပါတယ်” ဟု ဦးသိန်းအောင်က ပြောသည်။

အဆိုပါ ညှိနှိုင်းပွဲတွင် ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီဝင်ဒေါက်တာ ကြူကြူဆွေက “အဆင့်မြင့် ပညာသင်ကျောင်းများတွင် ဘာသာရေး အဖွဲ့အစည်းနှင့် နိုင်ငံရေး အဖွဲ့အစည်းတို့၏ လွှမ်းမိုးမှုမှ ကင်းလွတ်ရမည်။ တက္ကသိုလ်များတွင် လွတ်လပ်ပြီးတက်ကြွသော ပညာရပ်ဆိုင်ရာ ဝန်းကျင်ကောင်းများ ဖန်တီးပေးရမည်” စသည့် အမျိုးသားပညာရေး ဥပဒေကြမ်းပါ အခြေခံမူများကို ဆွေးနွေးသည်။

အမျိုးသားပညာရေး ဥပဒေကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄၁ ဖြင့် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ သို့သော် ကျောင်းသားသမဂ္ဂများ၊ ဆရာ၊ ဆရာမသမဂ္ဂများ၊ ပညာရေး ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာ ကွန်ရက်တို့က ကန့်ကွက်ကြသည်။

Mizzima - News in Burmese
ရန်ကုန်တိုင်းအတွင်းရှိ ငှက်အော်စမ်းကျေးရွာ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)
မြန်မာ့ပညာရေးသည် အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်လျှင်ပင် နိမ့်ကျနေသည်ဟု ဧရာဝတီတိုင်းဝန်ကြီးချုပ်က သုံးသပ်သည်။ ကျောင်းစနေစဉ် အချိန်မှစ၍ ဆရာဖြစ်သင်တန်းအထိ သင်ရိုးနှင့်နည်း စနစ်အား နည်းချက်များစွာရှိ၍ အရည်အချင်း ပြည့်ဝသော ဆရာ၊ ဆရာမများ ဖြစ်လာရေး အခက်အခဲများစွာ ရှိနေ သည်ဟု ဧရာဝတီ တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောသည်။


ပုသိမ်တက္ကသိုလ်တွင် အောက်တိုဘာ ၂၇ ရက်က ပြုလုပ်သည့် ပညာရေး အရည်အသွေးမြှင့်တင်မှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲတွင် ယင်းသို့ ပြောခြင်းဖြစ်သည်။

“အိမ်နီးနားချင်းနိုင်ငံများနဲ့ ယှဉ်လိုက်ရင် ကျွန်တော်တို့က အားနည်းနေသေးတယ်လို့ ပြောလို့ရပါ တယ်” ဟု ဦးသိန်းအောင်က ပြောသည်။ ထို့ကြောင့် အခြားသော နိုင်ငံများတွင် သုံးစွဲနေသည့် သင်ရိုးနှင့်သင်ကြား နည်းစနစ်ကို လေ့လာကြရန် ဝန်ကြီးချုပ်က တိုက်တွန်းသည်။

“နိုင်ငံတော် တည်ဆောက်ရေးတွေမှာ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ပညာရေးနဲ့ပဲ တည်ဆောက်တယ်။ ပညာတတ်တွေနဲ့ပဲ တည်ဆောက်တယ်။ ဒီခေတ်ဟာ ပညာခေတ်ဆိုတာလည်း လူတိုင်းနားလည် ထား ပါတယ်” ဟု ဦးသိန်းအောင်က ပြောသည်။

အဆိုပါ ညှိနှိုင်းပွဲတွင် ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီဝင်ဒေါက်တာ ကြူကြူဆွေ က “အဆင့်မြင့် ပညာသင်ကျောင်းများတွင် ဘာသာရေး အဖွဲ့အစည်းနှင့် နိုင်ငံရေး အဖွဲ့အစည်းတို့၏ လွှမ်းမိုးမှုမှ ကင်းလွတ်ရမည်။ တက္ကသိုလ်များတွင် လွတ်လပ်ပြီးတက်ကြွသော ပညာရပ်ဆိုင်ရာ ဝန်း ကျင်ကောင်းများ ဖန်တီးပေးရမည်” စသည့် အမျိုးသားပညာရေး ဥပဒေကြမ်းပါ အခြေခံမူများကို ဆွေးနွေး သည်။

အမျိုးသားပညာရေး ဥပဒေကို ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၄၁ ဖြင့် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ သို့သော် ကျောင်းသားသမဂ္ဂများ၊ ဆရာ၊ ဆရာမသမဂ္ဂများ၊ ပညာရေး ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာ ကွန်ရက်တို့က ကန့်ကွက်ကြသည်။

Mizzima - News in Burmese

No comments:

Post a Comment