Tuesday 28 October 2014

တရားမဝင် ဆိုင်ကယ်စီးရေအလွန်များဟု ရထားပို့ဆောင်ရေး ဒု-ဝန်ကြီးဝန်ခံ


Photo: တရားမဝင် ဆိုင်ကယ်စီးရေအလွန်များဟု ရထားပို့ဆောင်ရေး ဒု-ဝန်ကြီးဝန်ခံ
Tuesday, October 28, 2014

မြန်မာနိုင်ငံသို့ တင်သွင်းသည့် မော်တော်ဆိုင်ကယ်များသည် ပြည်ပသွင်းကုန် ပါမစ်ဖြင့် တရားဝင်တင် သွင်းလာသော အစီးရေထက် တရားမဝင်တင်သွင်း လာသည့် ဆိုင်ကယ်အရေအတွက်သည် အဆမတန် ပိုမိုများပြားနေကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒု-ဝန်ကြီးက ဝန်ခံပြောကြားလိုက်သည်။

ဒုတိယဝန်ကြီး ဦးချန်မောင်က “တရားဝင် မှတ်ပုံတင်ထားသော ဆိုင်ကယ်အစီးရေသည် လေးသန်းကျော်ရှိ သည့် အနက်ပြည်ပမှသွင်းကုန် ပါမစ်ဖြင့်တင်သွင်းလာပြီး မှတ်ပုံတင်ထားသော ဆိုင်ကယ် ၇၆၈,၆၀၅ စီးရှိပြီး တရားမ၀င်နိုင်ငံတွင်း ရောက်ရှိလာသော ဆိုင်ကယ်များကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့သော အစီးရေ သုံးသန်းကျော်ရှိနေခြင်းက တရားမ၀င် ဆိုင်ကယ်ပိုမိုများပြားနေပါတယ်” ဟု ပြောသည်။

ရန်ကုန်မြို့မှအပ ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် လူလတ်တန်းစားများ သွားလာရေးနှင့် သယ် ယူပို့ဆောင်ရေးအတွက် လွန်စွာအရေးပါသော မော်တော်ဆိုင်ကယ်များအား ဆိုင်ကယ်မှတ်ပုံတင် (ဝှီးတက်) ထပ်မံပြုလုပ်ပေးတော့မည် မဟုတ်ကြောင်း ရထားပို့ဆောင်ရေး ဒု-၀န်ကြီးက ဆိုသည်။

သို့ရာတွင် ဆိုင်ကယ်မှတ်ပုံတင် မလုပ်ရသေးဘဲ ကျန်ရှိနေသေးသောဆိုင်ကယ်များနှင့် ထပ်မံရောက်ရှိ လာသော လိုင်စင်မဲ့ဆိုင်ကယ်များကို စစ်ဆေးတွေ့ရှိပါက တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော် ကောင်စီတို့၏ ကြီးကြပ်မှုဖြင့် သတ်မှတ်ဒဏ်ကြေးကောက်ခံ၍ သီးခြား ဆိုင်ကယ်နံပါတ် များ သတ်မှတ်ကာ သက်ဆိုင်ရာ နယ်နိမိတ်အတွင်းသာ စီးနင်းခွင့်ပေးမည်ဟုလည်း ဖြည့်စွက်ဖြေကြား သည်။

ဒု-၀န်ကြီးက သတ်မှတ်ဒဏ် ကြေးကိုမူ အတိအကျပြောဆိုခဲ့ခြင်းမရှိသည့် အပြင်ယင်းကဲ့သို့ ဒဏ်ကြေးဖြင့် မော်တော်ဆိုင် ကယ်မှတ်ပုံတင် ဆောင်ရွက်ပေးလျှင်လည်း သက်ဆိုင်ရာအစိုးရအဖွဲ့က ဆိုင်ကယ်အစီးရေ ကန့်သတ်ဆောင်ရွက်သွားမည် ဖြစ်သည်။

အမျိုးသားလွှတ်တော် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးအောင်ကျော်ဇော၏ မေးမြန်းမှုကို ဖြေခြင်း ဖြစ်သည်။

Mizzima - News in Burmese 

ဆိုင်ကယ်စီးနင်းခွင့် ပြုမထားသည့် ရန်ကုန်မြို့ နယ်နိမိတ်အတွင်း ဆိုင်ကယ် စီးနှင်း နေသည်ကို အောက်တိုဘာ ၃ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ -ဟိန်းထက်၊ မဇ္ဈိမ)
ဆိုင်ကယ်စီးနင်းခွင့် ပြုမထားသည့် ရန်ကုန်မြို့ နယ်နိမိတ်အတွင်း ဆိုင်ကယ်စီးနှင်း နေသည်ကို အောက် တိုဘာ ၃ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ -ဟိန်းထက်၊ မဇ္ဈိမ)
မြန်မာနိုင်ငံသို့ တင်သွင်းသည့် မော်တော် ဆိုင်ကယ်များသည် ပြည်ပသွင်းကုန် ပါမစ်ဖြင့် တရားဝင်တင် သွင်းလာသော အစီးရေထက် တရားမဝင်တင်သွင်းလာသည့် ဆိုင်ကယ်အရေအတွက်သည် အဆမတန် ပိုမိုများပြားနေကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဒု-ဝန်ကြီးက ဝန်ခံပြောကြားလိုက်သည်။

ဒုတိယဝန်ကြီး ဦးချန်မောင်က “တရားဝင် မှတ်ပုံတင်ထားသော ဆိုင်ကယ်အစီးရေသည် လေးသန်းကျော်ရှိ သည့် အနက်ပြည်ပမှသွင်းကုန် ပါမစ်ဖြင့်တင်သွင်းလာပြီး မှတ်ပုံတင်ထားသော ဆိုင်ကယ် ၇၆၈,၆၀၅ စီးရှိပြီး တရားမ၀င်နိုင်ငံတွင်း ရောက်ရှိလာသော ဆိုင်ကယ်များကို မှတ်ပုံတင်ပြုလုပ်ပေးခဲ့သော အစီးရေ သုံးသန်းကျော်ရှိနေခြင်းက တရားမ၀င် ဆိုင်ကယ်ပိုမိုများပြားနေပါတယ်” ဟု ပြောသည်။

ရန်ကုန်မြို့မှအပ ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် လူလတ်တန်းစားများ သွားလာရေးနှင့် သယ် ယူပို့ဆောင်ရေးအတွက် လွန်စွာအရေးပါသော မော်တော်ဆိုင်ကယ်များအား ဆိုင်ကယ်မှတ်ပုံတင် (ဝှီး တက်) ထပ်မံပြုလုပ်ပေးတော့မည် မဟုတ်ကြောင်း ရထားပို့ဆောင်ရေး ဒု-၀န်ကြီးက ဆိုသည်။

သို့ရာတွင် ဆိုင်ကယ်မှတ်ပုံတင် မလုပ်ရသေးဘဲ ကျန်ရှိနေသေးသောဆိုင်ကယ်များနှင့် ထပ်မံရောက်ရှိ လာသော လိုင်စင်မဲ့ဆိုင်ကယ်များကို စစ်ဆေးတွေ့ရှိပါက တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့၊ နေပြည်တော် ကောင်စီတို့၏ ကြီးကြပ်မှုဖြင့် သတ်မှတ်ဒဏ်ကြေးကောက်ခံ၍ သီးခြား ဆိုင်ကယ်နံပါတ် များ သတ်မှတ်ကာ သက်ဆိုင်ရာ နယ်နိမိတ်အတွင်းသာ စီးနင်းခွင့်ပေးမည်ဟုလည်း ဖြည့်စွက်ဖြေကြား သည်။

ဒု-၀န်ကြီးက သတ်မှတ်ဒဏ် ကြေးကိုမူ အတိအကျပြောဆိုခဲ့ခြင်းမရှိသည့် အပြင်ယင်းကဲ့သို့ ဒဏ်ကြေးဖြင့် မော်တော်ဆိုင် ကယ်မှတ်ပုံတင် ဆောင်ရွက်ပေးလျှင်လည်း သက်ဆိုင်ရာအစိုးရအဖွဲ့က ဆိုင်ကယ်အစီးရေ ကန့်သတ်ဆောင်ရွက်သွားမည် ဖြစ်သည်။

အမျိုးသားလွှတ်တော် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးအောင်ကျော်ဇော၏ မေးမြန်းမှုကို ဖြေခြင်း ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment