Tuesday 28 October 2014

လွှတ်တော်သို့ ဝင်ပစ်ခဲ့သောသေနတ်သမားသည် တိုက်ခိုက်မှု မပြုလုပ် မီ ဗီဒီယိုရိုက်ကူးခဲ့ဟု ကနေဒါရဲပြော


လွန်ခဲ့သောသီတင်းပတ်တွင် ကနေဒါစစ်သားတစ်ဦးကို ပစ်သတ်ကာ ကနေဒါလွှတ်တော်ကိုဝင်ရောက် ပစ်ခတ်ခဲ့သည့် သေနတ်သမားသည် ထိုတိုက်ခိုက်မှုမပြုလုပ်မီ ၄င်းကိုယ် ၄င်းဗီဒီယိုရိုက်ခဲ့သည်ဟု သိရသည်။


ထိုဗီဒီယိုက ၄င်းသည်နိုင်ငံရေးနှင့် အတွေးအခေါ်ဆိုင်ရာ လှုံ့ဆော်မှုများ ကြောင့် ထိုသို့တိုက်ခိုက်မှုပြုလုပ်ခဲ့ သည်ဆိုခြင်းကို ဖော်ပြသည့်သက်သေ ဟုလည်း ရဲတပ်ဖွဲ့က ပြောသည်။

ကနေဒါ တော်ဝင်ရဲတပ်ဖွဲ့ RCMP မှထုတ်ပြန်သည့် ကြေညာ ချက်တစ်စောင်၌ ၄င်းတို့သည်ပစ်ခတ် မှုပြု လုပ်ခဲ့သူ မိုက်ကယ်ဇီဟက်ဖ်ကိုယ် တိုင် ရိုက်ကူးထားသည့် ဗီဒီယိုအား အသေးစိတ်လေ့လာမှုများ ပြုလုပ်ခဲ့ ကြောင်းနှင့် ယင်းကို ယခုချိန်တွင် ထုတ်ပြန်ပေးမည်မဟုတ်ဟု ပြော သည်။

ကနေဒါဖက်ဒရယ်ရဲတပ်ဖွဲ့ ကလည်း ဇီဟက်ဖ်ယူဆောင်လာသည့် ဓားသည် ၄င်း၏အဒေါ်ဖြစ်သူထံမှ ယူလာသော ဓားဖြစ်သည်ဟု ယူဆ ရကြောင်းနှင့် ဇီဟက်ဖ်အသုံးပြုခဲ့ သည့် သေနတ်နှင့်ပတ်သက်၍ စုံစမ်း နေဆဲဟု ဆိုသည်။

RCMP ၏ကြေညာချက်အရ ဇီဟက်ဖ်သည် Alberta ရေနံမြေတွင် အလုပ်လုပ်ခဲ့သူဖြစ်ပြီး ¤င်းသည်တိုက် ခိုက်မှုမပြုလုပ်ခင် ကြိုတင်ပြင်ဆင် မှုများ၌ ထိုလုပ်ငန်းမှရန်ပုံငွေများကို ၄င်း၏လှုပ်ရှားမှုများအတွက် အသုံး ပြုခဲ့သည်ဟု သိရသည်။

ဇီဟက်ဖ် သည် ပစ်ခတ်မှုမပြုလုပ်မီ ကနေဒါ မြို့တော်အော့တဝါရှိ အိမ်ရာမဲ့များ နေထိုင်ရာ တဲအိမ်တစ်ခုတွင်နေထိုင် ခဲ့သူဖြစ်ပြီး ၄င်းသည်တိုက်ခိုက်မှုမ ကျူးလွန်မီ ရက်အနည်းငယ်အကြာ တွင်မှ အော့တဝါမြို့သို့ရောက်ရှိလာ သူဖြစ်သည်။

သို့သော် ဇီဟက်ဖ်သည် တိုက်ခိုက်မှုမပြုလုပ်မီ ရက်ပိုင်းအတွင်း လူပေါင်းများစွာနှင့် အပြန်အလှန် ဆက်သွယ်မှုပြုလုပ်ခဲ့ပြီး ထိုသို့ဆက် သွယ်ခဲ့သောလူများတွင် ဇီဟက်ဖ်၏ အကြမ်းဖက်လုပ်ရပ်ကို ညွှန်ကြား သူ (သို့) ယင်းအတွက်ကူညီထောက်ပံ့ ပေးသူများ ပါမပါကို စစ်ဆေးနေသည် ဟုလည်း Alberta ၏ကြေညာ ချက် တွင် ဖော်ပြထားသည်။

ဇီဟက်ဖ်မိခင်၏ပြောကြားချက် အရ ဇီဟက်ဖ်သည်ဆော်ဒီအာရေး ဗီးယားနိုင်ငံသို့ သွားရောက်ရန်အ တွက် ပတ်ပို့စ်ပြုလုပ်ရန် အော့တဝါ မြို့သို့ ရောက်ရှိလာသည်ဟု သိရ သည်။

အသက် ၃၂နှစ်အရွယ်မိုက် ကယ်ဇီဟက်ဖ်ဘီဘူးသည် ကနေဒါ နိုင်ငံ၏ အမျိုးသားစစ်ပြတိုက်တွင် စောင့်ကြပ်နေ သူ စစ်သားတစ်ဦးကို အသေပစ်သတ်ပြီး အနီးရှိကနေဒါ လွှတ်တော်အဆောက်အအုံသို့ ရိုင် ဖယ် သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ် ခဲ့ခြင်းကြောင့် ကနေဒါရဲတပ်ဖွဲ့ဝင် တစ်ဦးက ၄င်းကိုအသေပစ်ခတ် ဖမ်း ဆီးခဲ့သည်ဟု သိရသည်။

Ref;The Straits Times
Yangon Media Group

No comments:

Post a Comment