Tuesday 28 October 2014

ရန်ကုန်စီးပွားရေးတက္ကသိုလ် ရွှေရတုသဘင်ပွဲ ကျင်းပမည်

ရန်ကုန်− ရန်ကုန်စီးပွားရေးတက္က သိုလ် တည်ထောင်သော နှစ်(၅၀)ပြည့် ရွှေရတုသဘင်အား ရန်ကုန် စီးပွားရေးတက္ကသိုလ် (ကမာရွတ် နယ်မြေ)နှင့် စီးပွားရေးတက္ကသိုလ်အဆောင်များ တည်ရှိရာ သမိုင်း ဝင်းတို့တွင် ၂၀၁၄ ခုနှစ် အောက် တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်သည်။

အောက်တိုဘာ ၃၁ ရက်တွင်ရန်ကုန်စီးပွားရေးတက္ကသိုလ် (က မာရွတ်နယ်မြေ)၌ မုခ်ဦးဖွင့်ပွဲ၊ စာ တမ်းဖတ်ပွဲနှင့် အရောင်းပြခန်း ဖွင့်ပွဲများ ကျင်းပမည်ဖြစ်ပြီး နိုဝင် ဘာ ၁ ရက်တွင် ရန်ကုန်စီးပွားရေး တက္ကသိုလ်၏ ကနဦး ပါမောက္ခ ချုပ် ဆရာကြီး ဒေါက်တာအေး လှိုင်၏ ကြေးရုပ်တုဖွင့်ပွဲ၊ ရွှေရတု အထိမ်းအမှတ် တစ်ဆယ့်နှစ်ရာ သီ ကံ့ကော်ပင်စိုက်ပျိုးပွဲကို အဆို ပါ နယ်မြေ၌ပင် ကျင်းပမည်ဖြစ် သည်။ ထိုနေ့ညတွင် သမိုင်းဝင်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် အ မျိုးသား၊ အမျိုးသမီး၊ အဆောင်၊ နေ့ကျောင်းသား ကျောင်းသူ ဟောင်းများ စုပေါင်းကျင်းပမည့် ရွှေရတုညစာစားပွဲနှင့် ‘‘သမိုင်းဝင်းသို့ အလွမ်းမပြေ’’ ဂီတပဒေသာ ကပွဲကြီးကို ကျင်းပမည်ဖြစ်သည်။

စန္ဒယားကွန်းဇော် မြန်မာမှု တေးဂီတအဖွဲ့၊ Emperor တီးဝိုင်းတို့က အားဖြည့် သီဆိုဖျော်ဖြေကြ မည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူဟောင်းတို့ကလည်း အလှအ က တေးသံသာတို့ဖြင့် တင်ဆက် မည်ဖြစ်သည်ဟု သိရသည်။

နိုဝင်ဘာ ၂ ရက်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် ရွှေရတုအာစရိယပူဇော် ပွဲနှင့် ညချမ်းဆည်းဆာ စင်တင်ဖျော်ဖြေပွဲကို ယခင်နှစ်များကဲ့သို့ ‘‘မိန်းမလှကျွန်း အလွမ်းပြေ’’ ပဒေသာကပွဲ ကျင်းပမည်ဖြစ်သည်။

7Day DAILY 

No comments:

Post a Comment