Tuesday 28 October 2014

ရွေးကောက်ပွဲစနစ်အသစ်တစ်ခုကို ပြောင်းလဲကျင့်သုံးမည်ဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ရွေးကောက်ပွဲစနစ်အား ဦးစွာပြင်ဆင် ပြီးနောက် ပြည်သူ့ ဆန္ဒခံယူသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေး

ရွေးကောက်ပွဲစနစ်အသစ်တစ်ခုကို ပြောင်းလဲကျင့်သုံးမည်ဆိုပါက ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ရွေးကောက်ပွဲ စနစ်အား ဦးစွာပြင်ဆင်ပြီးနောက် ပြည်သူ့ဆန္ဒ ခံယူသင့်ကြောင်း နေပြည်တော်၌ အောက်တိုဘာ ၂၇ ရက်က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့ လွှတ်တော် ၁၁ကြိမ် မြောက်ပုံမှန်အစည်းအဝေး ၂၃ ရက်မြော က်နေ့ တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့်လိုက်လျောညီထွေမှုရှိ မည့်ရွေးကောက်ပွဲ စနစ် ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင် ၏ အစီရင်ခံစာ နှင့်ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များ က ဆွေးနွေး ခဲ့ကြသည်။
“PRစနစ်ကိုကျင့်သုံးမယ်ဆိုရင် ဖွဲ့စည်း ပုံအခြေခံဥပဒေဟာ ယခုအထိ အတည်ဖြစ်နေ သေးတဲ့အတွက် အခန်း (၁၂) မှာပါရှိတဲ့ဖွဲ့ စည်းပုံ အခြေခံ ဥပဒေပြင်ဆင်နိုင်ရေး နည်း လမ်းများအရ ဆောင်ရွက်ရပါမယ်။ ပုဒ်မ-၄၃၃အရ ဥပဒေမူကြမ်းအဖြစ် အဆိုတင်သွင်း ရပါမယ်။ ပုဒ်မ ၄၃၄အရ ပြည်ထောင်စု လွှတ် တော်မှာ တင်သွင်းရပါမယ်။ ပုဒ်မ ၄၃၅အရ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစု ပေါင်းရဲ့ ရာခိုင်နှုန်း ၂ဝ က တင်ပြရခြင်းဖြစ် ပါတယ်။ ပုဒ်မ ၄၃၆(က)အရ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ ၇၅ ရာ ခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူရပါမယ်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံးရဲ့ ထက်ဝက် ကျော် ဆန္ဒမဲဖြင့် ပြင်ဆင် ရမှာဖြစ်တယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မဲဆန္ဒ နယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဆွေး နွေးသည်။

ရွေးကောက်ပွဲ စနစ်ပေါ်ပေါက်လာစေရန် လေ့လာသုံးသပ်ရေးကော်မရှင်၏ အစီရင်ခံစာသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြ|ာန်း ချက်များနှင့် ဆန့်ကျင်နေသည်ကို တွေ့ရ ကြောင်း ၎င်းက ဆိုသည်။

ကျောက်ပန်းတောင်း မဲဆန္ဒနယ်မှ လွှတ် တော် ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင် က “ကျွန်တော်တို့ သည် ရွေးကောက်ပွဲ စနစ်ကို တင်ပြမှာဖြစ်ပါတယ်။ ရွေးတဲ့အခါမှာ ဘယ် သူတွေရွေးမှာလည်း ပြည်သူ့ လွှတ်တော် ကိုယ် စားလှယ်အားလုံးက ရွေးချယ်ကြမှာဖြစ်ပါ တယ်။ ဒါပေမဲ့ ကော်မရှင်ရဲ့နောက်ဆုံး ဥက္က| ရဲ့ အစီရင်ခံစာမှာ နည်းလမ်း (၃)နဲ့(၄) ဟာ နိုင်ငံတော်နဲ့လိုက်လျောညီထွေရှိမယ်လို့ ပြော သွားခြင်းကို ကျွန်တော်တို့သဘောထားမပါ ပါဘူး။ ဒါကြောင့်မိုလို့ အလေးအနက်ထား ကန့်ကွက်ပါတယ်” ဟု ဆွေးနွေးပြော ကြား သည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ယနေ့ လက်ရှိကျင့်သုံးနေသည့်  FPTPစနစ်အတွက် ရည်ရွယ် ပြီးရေးဆွဲ ထားခြင်းဖြစ်သည့်အတွက် အခြေခံဥပဒေပြင်ဆင်ရန်လိုကြောင်း ၎င်းက ဆိုသည်။

“ပြည်သူတွေ ရွေးကောက်ပွဲစနစ်ပြောင်း ပေးပါလို့ မတောင်းဆိုဘဲနဲ့ ကျွန်တော်တို့ လွှတ်တော်ကြီး က ရွေးကောက်ပွဲစနစ်တစ်ခု ကို ဆုံးဖြတ်ပေးလိုက်မယ်ဆိုရင် ကျွန်တော်တို့ ဆောင်ပုဒ်က စက္ကူပေါ်မှာ ရှိတယ်ဆိုပြီး သမိုင်း တွင်ကျန်ရစ် ပါလိမ့်မယ်။ နိုင်ငံရေးအရဆွေးနွေး ပြီးမှသာလျှင် ရွေးကောက်ပွဲ စနစ်တစ်ခုအ သစ်လေ့လာဖို့ လိုအပ်မယ်လို့ ယုံကြည်ပါ တယ်။ ဒီမိုကရေစီကျင့်စဉ်အရ လွှတ်တော်ထဲ မှာ မဲခွဲဆုံးဖြတ်နိုင်ပါတယ်။ အတည်စနစ် တစ်ခုကို ရွေးလိုက် မယ်ဆိုရင်လည်း ၇၅ ရာ ခိုင်နှုန်းကျော် က ထောက်ခံပြီးတော့ ပြည်သူ့ ဆန္ဒခံယူ ပွဲပြုလုပ်ပေးပါလို့ အကြံပြုပါတယ်”ဟု ဆွေးနွေးတင်ပြသည်။

မန္တလေးတိုင်းဒေသကြီး မြင်းခြံမဲဆန္ဒ နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က “ ကော်မရှင် ကလည်း ယနေ့  ကမ္ဘာ့နိုင်ငံ အသီးသီးက ကျင့်သုံး လျက် ရှိသော ရွေးကောက် ပွဲစနစ်များကို လေ့လာဖော် ထုတ်ရာတွင် အ လွှာစုံ၊ ဒေသစုံ၊ ပါတီစုံ၊ တွေးခေါ်မြော်မြင်မှု သဘောတရားအစုံနှင့်ပြည်သူတို့၏ ဆန္ဒအစုံ ကို ကိုယ်စားပြုလျက်အဓိပ္ပာယ်ပြည့်ဝပြီး မဲ ပေးရလွယ် ကူသော ရွေးကောက် ပွဲ မျိုးဖော် ဆောင်၍ တည်ငြိမ်ပြီး စွမ်းရည်ရှိသော  အစိုးရမျိုးဖွဲ့စည်းနိုင်သည့် ရွေးကောက်ပွဲစနစ် ဖြစ်ရန်နှင့် မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေ နှင့်ဆီလျော်အပ်စပ်မှုရရှိသော ရွေးကောက်ပွဲ စနစ်တစ်ခုကို ရွေးချယ်ပေးဖို့ အထူးအရေးကြီး ပါကြောင်း သုံးသပ်ရရှိပါတယ်”ဟု ဆွေးနွေး ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment