Tuesday 28 October 2014

အသက်အရွယ်နှင့်ဆိုင်သော မှတ်ဉာဏ်ဆုံးရှုံးမှုကို ကိုကိုးမှုန့်တွင်ပါဝင်သော သဘာဝဒြပ်ပေါင်းက ကာကွယ်နိုင်

အသက် (၅၀) ကျော်နှင့် (၆၀) ကျော်အတွင်း ၀င်ရောက်လာသူများမှာ ၎င်းတို့၏ ကာလတိုမှတ်ဉာဏ် အချို့သော အစိတ်အပိုင်းကို စတင်ဆုံးရှုံးလာလေ့ရှိသည်။ သို့သော် ယင်းကဲ့သို့ မှတ်ဉာဏ်ဆုံးရှုံးမှုကို ကိုကိုးမှုန့် ထဲတွင် သဘာဝအလျောက် ပါဝင်သော ဒြပ်ပေါင်းတစ်မျိုးက ကာကွယ် တိုက်ဖျက်ပေးနိုင်ကြော င်း လေ့လာမှု တစ်ခုအရ သိရသည်။
ကိုလံဘီယာဆေးတက္ကသိုလ်မှ သုတေသီများက ကိုကိုးမှုန့်တွင် ပါဝင်သည့် သဘာဝဒြပ်ပေါင်း အရည်ကို အသက် (၅၀) နှင့် (၆၉) နှစ် ကြား ကျန်းမာ သန်စွမ်းသူများကို စမ်းသပ်သောက်သုံးစေခဲ့သည်။ အချို့ သောလူနာများကို ယင်းဒြပ်ပေါင်းများစွာ ပါဝင်သော ဓာတ်စာတိုက်ကျွေးပြီး အခြားလူများကို ယင်းဒြပ်ပေါင်း အနည်းငယ်သာတိုက်ကျွေးပြီး လေ့လာခဲ့သည်။ စမ်းသပ်လေ့လာမှု မပြုလုပ်မီနှင့် ပြု လုပ်ပြီးနောက် ၎င်းတို့၏ ဦးနှောက်ကို ဓာတ်မှန်ရိုက်၍ စောင့်ကြည့်ခဲ့ရာ ၎င်းတို့လေ့လာနေသော မှတ်ဉာဏ် ဆုံးရှုံးမှုမျိုးနှင့် ဆက်စပ်သော ဦးနှောက်၏ မှတ်ဉာဏ်ဖြစ်ပေါ်ရာအပိုင်းတွင် သိသာသော တိုးတက်မှုများကို သုတေသီများ တွေ့ရှိခဲ့သည်။

ယင်းကဲ့သို့ ကုသနည်းမှာ ဇရာကြိုရောဂါ ဖြစ်နေသူများကို ကုသရန်အတွက် မဟုတ်ဟု သုတေသီ များက ပြောကြားသော်လည်း အသက်အရွယ်နှင့် ဆက်စပ်သော သာမန်မှတ်ဉာဏ်ဆုံးရှုံးမှုကို ကာကွယ်နို င်ကြော င်း သိရသည်။

လေ့လာမှုစတင်ချိန်တွင် အသက် (၆၀) အရွယ် မှတ်ဉာဏ်မျိုးရှိ သူ တစ်ဦးသည် သုံးလကြာပြီးနောက် အသက် (၃၀) နှစ် (သို့မဟုတ်)(၄၀) နှစ်ရှိ ပုဂ္ဂိုလ်တစ်ဦး၏ မှတ်ဉာဏ်မျိုးကဲ့သို့ မှတ်ဉာဏ်တိုးတက် သွားကြောင်း လေ့လာမှုကို ဦးဆောင်သည့် ဒေါက်တာ စကော့အေစမောက ပြောသည်။

ယင်းလေ့လာမှုကို ထပ်မံ တိုးချဲ့၍ ဆက်လက်လေ့လာသွားမည်ဟုလည်း ၎င်းက ပြောကြားသည်။ ယခုလေ့လာမှုကို Nature Neuroscience  ဂျာနယ် တွင် ဖော်ပြထားသည်။

—Ref: UPI
7Day DAILY

No comments:

Post a Comment