Tuesday 28 October 2014

လူမှုရေး၊ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုတွင် မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကပြောကြား

Photo: လူမှုရေး၊ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုတွင် မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကပြောကြား
Yangon Media Group 

လူမှုရေး၊ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်မှုမှာ မြန်မာနိုင်ငံဟာ အပြည် ပြည်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက် ရန်အတွက် အဆင်သင့်ဖြစ်နေပါ ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြော ကြားခဲ့သည်။

ယနေ့နံနက် နေပြည်တော်အ ပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (၂)တွင်ပြုလုပ်သော (၃၅)ကြိမ်မြောက် အစည်းအဝေးမှ စူးစမ်းလေ့လာခြင်း ပညာရပ်ဆိုင်ရာ အာရှညီလာခံဖွင့်ပွဲ အခမ်းအနားတွင် အဖွင့်အမှာစကား ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက ''မြန်မာ နိုင်ငံမှာ ဒီမိုကရေစီစနစ်ကို စနစ်တ ကျ အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိရာမှာ ပြုပြင်ပြောင်းလဲ မှုများ ဆောင်ရွက်နေတဲ့အချိန်လဲ ဖြစ်ပါတယ်။ မူဝါဒပြုပြင်ပြောင်းလဲ မှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် အုပ်ချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှု များကို နိုင်ငံတကာအတွေ့အကြုံ များ ရယူဆောင်ရွက်နေချိန် ဖြစ်ပါ တယ်။ လူမှုရေး၊ စီးပွားရေးကဏ္ဍဖွံ့ ဖြိုးတိုးတက်မှုမှာ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာနှင့် ပူးပေါင်း ဆောင်ရွက်ရန်အတွက် အသင့်ဖြစ် နေပြီး အဆိုပါလုပ်ငန်းများနှင့်အတူ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးလုပ်ငန်းများကိုလည်း ဆောင် ရွက်လျက်ရှိပါတယ်''ဟုပြောကြား ခဲ့သည်။

ယင်းအပြင် ''မြန်မာနိုင်ငံရဲ့ ရေမြေအနေအထားတွေအရ တချို့ သောနေရာများ၊ အထူးသဖြင့် နယ် စပ်ဒေသများဟာ သွားလာရခက်ခဲ တဲ့ တောင်စဉ်တောင်တန်းဒေသတွေ ဖြစ်ပါတယ်။ အဲလိုနေရာတွေမှာ အ ချိန်နဲ့တစ်ပြေးညီတဲ့ သတင်းအချက် အလက်တွေရဖို့ခက်ခဲပါတယ်။ ယင်း နေရာများအတွက် သတင်းအချက် အလက်တွေ အချိန်မီရရှိရေးနှင့် ဖွံ့ ဖြိုးရေးဆောင်ရွက်တဲ့အချိန်မှာ နည်း ပညာတွေလိုအပ်နေပါတယ်။ နိုင်ငံ တော်အစိုးရကလည်း နိုင်ငံတော်၏ စီမံကိန်းများ ဆောင်ရွက်တဲ့အခါမှာ တိကျမှန်ကန်ပြီး ခိုင်လုံမှုရှိသောကိန်း ဂဏန်းများ လိုအပ်နေပါတယ်။ နည်း ပညာဆိုင်ရာ ထိပ်တန်းရောက်နေတဲ့ နိုင်ငံများမှလဲ မြန်မာနိုင်ငံရဲ့ နည်း ပညာဖွံ့ဖြိုးတိုးတက်မှု ခြေလှမ်းတွေ တက်လှမ်းနိုင်ဖို့ ဝိုင်းဝန်းကူညီကြ လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ လွန် ခဲ့တဲ့နှစ်တွေမှာ မြန်မာနိုင်ငံဟာ သု တေသနနှင့် လူသားအရင်းအမြစ်ဖွံ့ ဖြိုးရေးကဏ္ဍအတွက် နိုင်ငံတကာရဲ့ ကူညီမှုမှာ အကန့်အသတ်တွေရှိခဲ့ပြီး မြန်မာနိုင်ငံရဲ့ သိပ္ပံဆိုင်ရာဖွံ့ဖြိုးမှု နှောင့်နှေးခဲ့ရပါတယ်။ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုမှာ စိတ်ပါဝင်စားစွာ ဆောင်ရွက်နေကြတဲ့ အနာဂတ်လူ ငယ်များရဲ့ တက်ကြွတဲ့ခြေလှမ်းတွေ ကို ပံ့ပိုးကူညီပေးဖို့ မေတ္တာရပ်ခံလို ပါတယ်''ဟုလည်း ပြောကြားသွားခဲ့ သည်။

ယင်း(၃၅)ကြိမ်မြောက် အစည်း အဝေးမှ စူးစမ်းလေ့လာခြင်းပညာရပ် ဆိုင်ရာ အာရှညီလာခံသည် မြန်မာ နိုင်ငံအတွက် ပထမဦးဆုံး လက်ခံ ကျင်းပသော သိပ္ပံနည်းပညာပွဲတစ်ခု ဖြစ်ပြီး ညီလာခံအား အောက်တို ဘာ ၂၇မှ ၃၁ရက်အထိ ငါးရက် တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း နိုင်ငံတကာမှ ပညာရှင်၊ သုတေသီများနှင့် သိပံ္ပပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများမှ နည်းပညာစာတမ်း ၂၆ဝ ကျော် ဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရ သည်။

MP
Yangon Media Group
လူမှုရေး၊ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်မှုမှာ မြန်မာနိုင်ငံဟာ အပြည် ပြည်ဆိုင်ရာနှင့် ပူးပေါင်းဆောင် ရွက်ရန်အတွက် အဆင်သင့်ဖြစ်နေပါ ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြော ကြားခဲ့သည်။

ယနေ့နံနက် နေပြည်တော်အ ပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (၂)တွင်ပြုလုပ်သော (၃၅)ကြိမ်မြော က် အစည်း အဝေးမှ စူးစမ်းလေ့လာခြင်း ပညာရပ်ဆိုင်ရာ အာရှညီလာခံဖွင့်ပွဲ အခမ်းအနားတွင် အဖွင့် အမှာစကား ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးက ''မြန်မာ နိုင်ငံမှာ ဒီမိုကရေစီစနစ်ကို စနစ်တ ကျ အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိရာမှာ ပြုပြင်ပြောင်းလဲ မှုများ ဆောင်ရွက်နေတဲ့အချိန်လဲ ဖြစ်ပါတယ်။ မူဝါဒပြုပြင်ပြောင်းလဲ မှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် အုပ်ချုပ်မှုဆိုင်ရာ ပြုပြင်ပြောင်းလဲမှု များကို နိုင်ငံတကာအတွေ့အကြုံ များ ရယူဆောင်ရွက်နေချိန် ဖြစ်ပါ တယ်။ လူမှုရေး၊ စီးပွားရေးကဏ္ဍဖွံ့ ဖြိုးတိုးတက်မှုမှာ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာနှင့် ပူးပေါင်း ဆောင်ရွက်ရန်အတွက် အသင့်ဖြစ် နေပြီး အဆိုပါလုပ်ငန်းများနှင့်အတူ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးလုပ်ငန်းများကိုလည်း ဆောင် ရွက်လျက်ရှိပါတယ်''ဟုပြောကြား ခဲ့သည်။

ယင်းအပြင် ''မြန်မာနိုင်ငံရဲ့ ရေမြေအနေအထားတွေအရ တချို့ သောနေရာများ၊ အထူးသဖြင့် နယ် စပ်ဒေသများဟာ သွားလာရခက်ခဲ တဲ့ တောင်စဉ်တောင်တန်းဒေသတွေ ဖြစ်ပါတယ်။ အဲလိုနေရာတွေမှာ အ ချိန်နဲ့တစ်ပြေးညီတဲ့ သတင်းအချက် အလက်တွေရဖို့ခက်ခဲပါတယ်။ ယင်း နေရာများအတွက် သတင်းအချက် အလက်တွေ အချိန်မီရရှိရေးနှင့် ဖွံ့ ဖြိုးရေးဆောင်ရွက်တဲ့အချိန်မှာ နည်း ပညာတွေလိုအပ်နေပါတယ်။ နိုင်ငံ တော်အစိုးရကလည်း နိုင်ငံတော်၏ စီမံကိန်းများ ဆောင်ရွက်တဲ့အခါမှာ တိကျမှန်ကန်ပြီး ခိုင်လုံမှုရှိသောကိန်း ဂဏန်းများ လိုအပ်နေပါတယ်။ နည်း ပညာဆိုင်ရာ ထိပ်တန်းရောက်နေတဲ့ နိုင်ငံများမှလဲ မြန်မာနိုင်ငံရဲ့ နည်း ပညာဖွံ့ဖြိုးတိုးတက်မှု ခြေလှမ်းတွေ တက်လှမ်းနိုင်ဖို့ ဝိုင်းဝန်းကူညီကြ လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ လွန် ခဲ့တဲ့နှစ်တွေမှာ မြန်မာနိုင်ငံဟာ သု တေသနနှင့် လူသားအရင်းအမြစ်ဖွံ့ ဖြိုးရေးကဏ္ဍအတွက် နိုင်ငံတကာရဲ့ ကူညီမှုမှာ အကန့်အသတ်တွေ ရှိခဲ့ပြီး မြန်မာနိုင်ငံရဲ့ သိပ္ပံဆိုင်ရာဖွံ့ဖြိုးမှု နှောင့်နှေးခဲ့ရပါတယ်။ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုမှာ စိတ်ပါ ဝင်စားစွာ ဆောင်ရွက်နေကြတဲ့ အနာဂတ်လူ ငယ်များရဲ့ တက်ကြွတဲ့ခြေလှမ်းတွေ ကို ပံ့ပိုးကူညီပေးဖို့ မေတ္တာရပ်ခံလို ပါတယ်''ဟုလည်း ပြောကြားသွားခဲ့ သည်။

ယင်း(၃၅)ကြိမ်မြောက် အစည်း အဝေးမှ စူးစမ်းလေ့လာခြင်းပညာရပ် ဆိုင်ရာ အာရှညီလာခံသည် မြန်မာ နိုင်ငံအတွက် ပထမဦးဆုံး လက်ခံ ကျင်းပသော သိပ္ပံနည်းပညာပွဲတစ်ခု ဖြစ်ပြီး ညီလာခံအား အောက်တို ဘာ ၂၇မှ ၃၁ရက်အထိ ငါးရက် တိုင်တိုင် ကျင်းပပြုလုပ်သွားမည်ဖြစ် ကြောင်း နိုင်ငံတကာမှ ပညာရှင်၊ သုတေသီများနှင့် သိပံ္ပပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများမှ နည်းပညာစာတမ်း ၂၆ဝ ကျော် ဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရ သည်။

MP
Yangon Media Group

No comments:

Post a Comment