Tuesday 28 October 2014

တောင်သူများအတွက် အစိုးရက ဆောင်ရွက်နေသည့် စီမံကိန်းများကို ဒေါ်အောင်ဆန်းစုကြည်ဝေဖန်

Photo: တောင်သူများအတွက် အစိုးရက ဆောင်ရွက်နေသည့် စီမံကိန်းများကို ဒေါ်အောင်ဆန်းစုကြည်ဝေဖန်
Tuesday, October 28, 2014

အစိုးရက တောင်သူ လယ်သမားများအတွက် လက်ရှိ လုပ်ဆောင်နေသည့် စီမံကိန်းအ များစုသည် ရေတိုသက်သာစေ သည့် စီမံကိန်းများဖြစ်ပြီး ရေရှည် တွင် ကျေးရွာနေပြည်သူလူထု၏ ဘ၀ကိုမြှင့်တင်ပေးနိုင်မည့်ပုံမျိုး ရှိမနေကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ဝေဖန်လိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌဖြစ်ပြီး စပါးစိုက်တောင်သူအများအပြားနေထိုင်ရာ ရန်ကုန်တစ်ဖက်ကမ်း ကော့မှူးမြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ် စား လှယ် ဒေါ်အောင်ဆန်းစုကြည် က အောက်တိုဘာ ၂၇ ရက်ထုတ်အန်အယ်လ်ဒီ၏   သဘောထားများ ဖော်ပြရာ ဒီလှိုင်းဂျာနယ်၏ ဒီစကားကဏ္ဍတွင် ရေးသားဝေဖန်ခဲ့ခြင်းဖြစ်သည်။

သို့သော် မည်သည့်စီမံကိန်း များကို ရည်ရွယ်ပြောဆိုသည်ကို တိတိကျကျပြောဆိုခဲ့ခြင်း မရှိပေ။‘‘ယခုအချိန်မှာ နှစ်ကာလ ကြာရှည်စွာ ဆင်းဆင်းရဲရဲရုန်း ကန်လုပ်ကိုင်ခဲ့ရတဲ့ ကျွန်မတို့ တောင်သူလယ်သမားများအ တွက်ဆိုပြီး လုပ်နေတဲ့ စီမံကိန်း တော်တော်များများဟာ ရေရှည် မှာ ကျေးရွာနေပြည်သူလူထုရဲ့ ဘ၀ကိုမြှင့်တင်ပေးနိုင်မယ့်ပုံမ ပေါ်ပါဘူး။ ခဏတာရေတိုသက် သာစေမယ့် စီမံကိန်းတွေဖြစ်နေ ကြပါတယ်’’ဟု ဒေါ်အောင်ဆန်းစု ကြည်က ဒီလှိုင်းဂျာနယ်တွင် သူအပတ်စဉ်ရေးနေကြဖြစ်သည့် ‘‘ဒီ စကား’’ကဏ္ဍတင် ဝေဖန်ရေးသား ခဲ့သည်။ နိုင်ငံတကာအတွေ့အကြုံများအရ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လိုအပ်ချက်သည် လယ်မြေ ပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် ပြု ပြင်ပြောင်းလဲရေးဖြစ်ပြီး မြန်မာ နိုင်ငံတွင်လည်း လယ်မြေပိုင်ဆိုင် မှုနှင့် ပတ်သက်သည့်ပြဿနာများ ကို အမြန်ဆုံးဖြေရှင်းရန် ဒေါ် အောင်ဆန်းစုကြည်က ထောက်ပြ ခဲ့သည်။

‘‘ဖွံ့ဖြိုးရေးပညာရှင်ကြီးတစ် ဦးပြောတာ ကျွန်မနားထဲကြား ယောင်နေပါတယ်။ မြန်မာပြည် မှာ တောင်သူလယ်သမားတွေက မြေမရှိဘူး။ နောက်ပြီး အလုပ် သမားတွေလည်း မရှိဘူး။ တခြား ဟာတွေထားလိုက်ဦး။ ဒီနှစ်ခုမရှိ တာနဲ့ကို အတော်ဒုက္ခရောက်နေ ပြီတဲ့’’ဟု ဒေါ်အောင်ဆန်းစုကြည်က ရေးသားခဲ့သည်။

မြန်မာနိုင်ငံတွင် လယ်မြေ ပိုင်ဆိုင်မှုပြဿနာများနှင့် လယ် သမားများ လယ်မြေစွန့်လွှတ်ပေး နေရခြင်းသည် တစ်နေ့တခြားပိုမို ကြီးထွားလာသည့် ပြဿနာဖြစ် လာကြောင်း တောင်သူလယ်သ မားများအရေး တက်ကြွလှုပ်ရှား သူ ဧရာဝတီမြစ်အနောက်ဘက် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု၏ ခေါင်းဆောင်ဦးသန့်ဇင်က ပြော ကြားသည်။

‘‘အပေါ်ပိုင်းမှာ အဆောက် အအုံအနေနဲ့ ပြောင်းလဲသွားတာ မှန်တယ်။ တကယ်တမ်းကျတော့ အောက်ခြေမှာ လုံးဝမပြောင်းဘူး။ ပြန်တောင်းလို့ရတယ်၊ လယ်ယာ မြေ  စိစစ်ရေးကော်မတီကို တင် တယ်ဆိုပေမယ့် ပြန်ပေးတာက သူတို့မလိုချင်တဲ့ မြေတွေပဲ’’ ဦး သန့်ဇင်က ပြောသည်။

မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီးတစ်ခု တည်းတွင်ပင် သိမ်းဆည်းခံလယ် ယာမြေပမာဏမှာ ဧကလေးသိန်း နီးပါးရှိကြောင်း မကွေးတိုင်းဒေသ ကြီးမှ လယ်ယာမြေအရေး ဆောင်ရွက်သူများက ပြောသည်။

7Day DAILY 

မန္တလေးတိုင်းအတွင်းရှိ စိုက်ခင်းအချို့-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
မန္တလေးတိုင်းအတွင်းရှိ စိုက်ခင်းအချို့-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
အစိုးရက တောင်သူ လယ်သမားများအတွက် လက်ရှိ လုပ်ဆောင်နေသည့် စီမံကိန်းအ များစုသည် ရေတို သက်သာစေ သည့် စီမံကိန်းများဖြစ်ပြီး ရေရှည်တွင် ကျေးရွာနေပြည်သူလူထု၏ ဘ၀ကိုမြှင့် တင်ပေးနိုင်မည့် ပုံမျိုး ရှိမနေကြောင်း ဒေါ်အောင်ဆန်းစု ကြည်က ဝေဖန်လိုက်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌဖြစ်ပြီး စပါးစိုက်တောင်သူအများအပြားနေထိုင်ရာ ရန်ကုန်တစ်ဖက် ကမ်း ကော့မှူးမြို့နယ်၏ ပြည်သူ့လွှတ်တော်ကိုယ် စား လှယ် ဒေါ်အောင်ဆန်းစုကြည် က အောက်တိုဘာ ၂၇ ရက်ထုတ်အန်အယ်လ်ဒီ၏   သဘောထားများ ဖော်ပြရာ ဒီလှိုင်းဂျာနယ်၏ ဒီစကားကဏ္ဍတွင် ရေးသား ဝေဖန်ခဲ့ခြင်းဖြစ်သည်။

သို့သော် မည်သည့်စီမံကိန်း များကို ရည်ရွယ်ပြောဆိုသည်ကို တိတိကျကျပြောဆိုခဲ့ခြင်း မရှိပေ။‘‘ယခုအချိန် မှာ နှစ်ကာလ ကြာရှည်စွာ ဆင်းဆင်းရဲရဲရုန်း ကန်လုပ်ကိုင်ခဲ့ရတဲ့ ကျွန်မတို့ တောင်သူလယ်သမားများအ တွက်ဆိုပြီး လုပ်နေတဲ့ စီမံကိန်း တော်တော်များများဟာ ရေရှည်မှာ ကျေးရွာနေပြည်သူလူထုရဲ့ ဘ၀ကိုမြှင့် တင် ပေးနိုင်မယ့်ပုံမ ပေါ်ပါဘူး။ ခဏတာရေတိုသက် သာစေမယ့် စီမံကိန်းတွေဖြစ်နေ ကြပါတယ်’’ ဟု ဒေါ်အောင်ဆန်းစု ကြည်က ဒီလှိုင်းဂျာနယ်တွင် သူအပတ်စဉ်ရေးနေကြဖြစ်သည့် ‘‘ဒီ စကား’’ ကဏ္ဍတင် ဝေဖန်ရေးသားခဲ့သည်။ နိုင်ငံတကာအတွေ့အကြုံများအရ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လိုအပ်ချက်သည် လယ်မြေ ပိုင်ဆိုင်မှုနှင့် ပတ်သက်သည့် ပြု ပြင်ပြောင်းလဲရေးဖြစ်ပြီး မြန်မာ နိုင်ငံတွင်လည်း လယ်မြေပိုင်ဆိုင် မှုနှင့် ပတ်သက်သည့်ပြဿနာများ ကို အမြန်ဆုံးဖြေရှင်းရန် ဒေါ် အောင်ဆန်းစုကြည်က ထောက်ပြ ခဲ့သည်။

‘‘ဖွံ့ဖြိုးရေးပညာရှင်ကြီးတစ် ဦးပြောတာ ကျွန်မနားထဲကြား ယောင်နေပါတယ်။ မြန်မာပြည် မှာ တောင်သူ လယ်သမားတွေက မြေမရှိဘူး။ နောက်ပြီး အလုပ် သမားတွေလည်း မရှိဘူး။ တခြား ဟာတွေထားလိုက်ဦး။ ဒီနှစ်ခုမရှိ တာနဲ့ကို အတော်ဒုက္ခရောက်နေ ပြီတဲ့’’ဟု ဒေါ်အောင်ဆန်းစုကြည်က ရေးသားခဲ့သည်။

မြန်မာနိုင်ငံတွင် လယ်မြေ ပိုင်ဆိုင်မှုပြဿနာများနှင့် လယ်သမားများ လယ်မြေစွန့်လွှတ်ပေး နေရခြင်း သည် တစ်နေ့တခြားပိုမို ကြီးထွားလာသည့် ပြဿနာဖြစ် လာကြောင်း တောင်သူလယ်သ မားများအရေး တက်ကြွလှုပ်ရှား သူ ဧရာဝတီမြစ်အနောက်ဘက် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု၏ ခေါင်းဆောင် ဦးသန့်ဇင် က ပြော ကြားသည်။

‘‘အပေါ်ပိုင်းမှာ အဆောက် အအုံအနေနဲ့ ပြောင်းလဲသွားတာ မှန်တယ်။ တကယ်တမ်းကျတော့ အောက်ခြေ မှာ လုံးဝမပြောင်းဘူး။ ပြန်တောင်းလို့ရတယ်၊ လယ်ယာ မြေ  စိစစ်ရေးကော်မတီကို တင် တယ်ဆိုပေမယ့် ပြန်ပေးတာက သူတို့မလိုချင်တဲ့ မြေတွေပဲ’’ ဦး သန့်ဇင်က ပြောသည်။

မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်းဒေသကြီးတစ်ခု တည်းတွင်ပင် သိမ်းဆည်းခံလယ် ယာမြေပမာဏမှာ ဧကလေးသိန်းနီးပါးရှိကြောင်း မကွေးတိုင်းဒေသကြီးမှ လယ်ယာမြေအရေးဆောင်ရွက်သူများကပြောသည်။

7Day DAILY 

No comments:

Post a Comment