Tuesday 28 October 2014

တပ်မတော် တောင်းခံငွေ၏ သုံးပုံတစ်ပုံ တိုက်ခိုက်ရေးအတွက် သုံးစွဲဟု ကာကွယ်ရေးဝန်ကြီးဆို

Photo: တပ်မတော် တောင်းခံငွေ၏ သုံးပုံတစ်ပုံ တိုက်ခိုက်ရေးအတွက် သုံးစွဲဟု ကာကွယ်ရေးဝန်ကြီးဆို
Tuesday, October 28, 2014

လွှတ်တော်က ခွင့်ပြုပေးထားသည့် ဘဏ္ဍာငွေ အသုံးစရိတ်များထဲမှ သုံးပုံတစ်ပုံကို တိုက်ခိုက်ရေးအတွက် တပ်မတော်က သုံးစွဲနေကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြောသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင် တပ်မတော်က တောင်းခံထားသော အသုံးစရိတ်များနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားရာတွင် ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်ရေး အသုံးစရိတ်မှအပ ကျန်ရှိသည့် ကုန်ကျငွေ အသုံးစရိတ်များမှာ တပ်မတော်သားများအတွက် လစာ၊ စရိတ်နှင့် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေရခြင်း ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ဆိုသည်။

၂၀၁၄-၂၀၁၅ ခုနှစ်အတွက် ကာကွယ်ရေး ဝန်ကြီးဌာနက ငွေကျပ် ၂၃၆၅၈၁၃ ဒသမ ၂၁၈ သန်း တောင်းခံခဲ့ပြီး ယင်းတောင်းခံငွေမှ ၃၄ ဒသမ ၈၉ ရာခိုင်နှုန်းသာ တိုက်ခိုက်ရေးအတွက် အသုံးပြုကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

တပ်မတော်က ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင်မူ ငွေကျပ် ၂၄၈၀၃၄ ဒသမ ၇၂၃ သန်း ထပ်မံတောင်းခံထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရှိရသည်။

ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် ကာလအတွင်း ကာကွယ်ရေး အသုံးစရိတ်များ တောင်းခံမှုကို လွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းဝေဖန်မှုများ ရှိနေသော်လည်း ယင်းတောင်းခံငွေကို ငြိမ်းချမ်းရေးကို ထိခိုက်မှု မရှိစေရန် အသုံးပြုမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးဝေလွင်က ထပ်မံပြောဆိုသည်။

အစိုးရသစ် တက်လာပြီးနောက်ပိုင်း ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင် ပြုလုပ်နေခဲ့သော်လည်း တိုက်ခိုက်ရေး အသုံးစရိတ် အများအပြား သုံးစွဲနေခြင်းမှာ မဖြစ်သင့်တော့ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများနှင့် လူ့အခွင့်အရေး စောင့်ကြည့်သူများက ဝေဖန်ပြောဆိုလျက် ရှိသည်။

The Voice Weekly
လွှတ်တော်က ခွင့်ပြုပေးထားသည့် ဘဏ္ဍာငွေ အသုံးစရိတ်များထဲမှ သုံးပုံတစ်ပုံကို တိုက်ခိုက်ရေးအတွက် တပ်မတော်ကသုံးစွဲနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်ကပြောသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းတွင် တပ်မတော် က တောင်းခံထားသော အသုံးစရိတ်များနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားရာတွင် ၎င်းက ယင်းသို့ ပြောဆို ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်ရေး အသုံးစရိတ်မှအပ ကျန်ရှိသည့် ကုန်ကျငွေ အသုံးစရိတ်များမှာ တပ်မတော်သားများအတွက် လစာ၊ စရိတ်နှင့် တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေရခြင်း ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် က ဆိုသည်။

၂၀၁၄-၂၀၁၅ ခုနှစ်အတွက် ကာကွယ်ရေး ဝန်ကြီးဌာနက ငွေကျပ် ၂၃၆၅၈၁၃ ဒသမ ၂၁၈ သန်း တောင်းခံ ခဲ့ပြီး ယင်းတောင်းခံငွေမှ ၃၄ ဒသမ ၈၉ ရာခိုင်နှုန်းသာ တိုက်ခိုက်ရေးအတွက် အသုံးပြုကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

တပ်မတော်က ၂၀၁၄-၂၀၁၅ ခု၊ ဘဏ္ဍာရေးနှစ်အတွက် နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း တွင်မူ ငွေကျပ် ၂၄၈၀၃၄ ဒသမ ၇၂၃ သန်း ထပ်မံတောင်းခံထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များ ထံမှ သိရှိရသည်။

ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် ကာလအတွင်း ကာကွယ်ရေး အသုံးစရိတ်များ တောင်းခံမှုကို လွှတ်တော် ကိုယ်စားလှယ်များက မေးမြန်းဝေဖန်မှုများ ရှိနေသော်လည်း ယင်းတောင်းခံငွေကို ငြိမ်းချမ်းရေးကို ထိခိုက်မှု မရှိစေရန် အသုံးပြုမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးဝေလွင်က ထပ်မံပြောဆိုသည်။

အစိုးရသစ် တက်လာပြီးနောက်ပိုင်း ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲများ စတင် ပြုလုပ်နေခဲ့သော်လည်း တိုက်ခိုက်ရေး အသုံးစရိတ် အများအပြား သုံးစွဲနေခြင်းမှာ မဖြစ်သင့်တော့ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူများနှင့် လူ့အခွင့်အရေး စောင့်ကြည့်သူများက ဝေဖန်ပြောဆိုလျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment