Sunday 24 August 2014

လူ့အခွင့်အရေးနှင့် ဘာသာရေးလွတ်လပ်ခွင့်အတွက် နိုင်ငံတကာက မြန်မာအပေါ် တွန်းအားပေးရန် USCIRF တိုက်တွန်း

 နိုင်ငံတကာ ဘာသာ ရေးလွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန် ကော်မရှင် (USCIRF) က မြန်မာနိုင်ငံသို့ ပထမဦးဆုံး အကြိမ် လာရောက်သော ခရီးစဉ် အပြီး နိုင်ငံတကာ အစိုးရများအ နေဖြင့် လူ့အခွင့်အရေးနှင့် ဘာ သာရေး လွတ်လပ်ခွင့်အတွက် မြန်မာနိုင်ငံအပေါ် တွန်းအားပေး ကြရန် တိုက်တွန်းလိုက်သည်။
နိုင်ငံတကာ  ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အမေရိကန်ကော်မရှင်သည် လွတ်လပ်သော ကော်မရှင် တစ်ရပ်ဖြစ်ပြီး အမေရိကန်အစိုးရအတွက် နိုင်ငံရပ်ခြားရှိ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုကို အားပေး မြှင့်တင် ရန် အကြံပေးနေသော ကော်မရှင်ဖြစ်သည်။ အဆိုပါ ကော်မရှင် က ဘာသာရေး လွတ်လပ်ခွင့်အ တွက် စိုးရိမ်ရသော နိုင်ငံများ (CPC) ကို သတ်မှတ်ကြေညာပေး နေပြီး မြန်မာနိုင်ငံကိုလည်း ဘာ သာရေး လွတ်လပ်ခွင့်အတွက် စိုးရိမ်ရသော နိုင်ငံဟု သတ်မှတ် ထားသည်။

အဖွဲ့ဝင်ကိုးဦး ပါဝင်သော အဆိုပါကော်မရှင်၏ ကိုယ်စား လှယ်အဖွဲ့မှာ ငါးရက်တာခရီးအ ဖြစ်မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ နေပြည်တော် မြို့များသို့ သွားရောက်လေ့လာခဲ့သည်။

USCIRF မှ ကိုယ်စားလှယ်များသည် ခရီးစဉ်အတွင်း ဘာသာရေး ခေါင်းဆောင်များ၊ တိုင်း ရင်းသား လူမျိုးစု များ၊ အင်န်ဂျီအိုများ၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး ပါတီများ၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ လွှတ်တော်မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည်။

ခရီးစဉ်အပြီး သြဂုတ် ၂၃ ရက်က ကြေညာချက်ထုတ်ပြန် ရာတွင် နိုင်ငံတကာ အစိုးရများအနေဖြင့် မြန်မာနိုင်ငံ ၌ ဖိနှိပ်မှုအဆိုးရွားဆုံးခံခဲ့ရသော ဘင်္ဂါလီ (ထုတ်ပြန်ချက်တွင် ရိုဟင်ဂျာဟု သုံးနှုန်းထားသည်) ကဲ့သို့သော သူများ၏ လူ့အခွင့်အရေးနှင့် ဘာ သာရေး လွတ်လပ်ခွင့်အတွက် မြန်မာအစိုးရအပေါ် တွန်းအား ပေးနိုင်မည့် အခွင့်အရေးကို အ သုံးချကြရန် လိုသည်ဟု တိုက် တွန်းခဲ့သည်။

ထို့အပြင် လူ့အခွင့်အရေး နှင့် ဘာသာရေးလွတ်လပ်ခွင့်တို့ အတွက် ကြိုးပမ်းနေပြီး မကြာ ခဏ အနစ်နာခံရ သော နိုင်ငံရေးလှုပ်ရှားသူများနှင့် ညီညွတ်စွာ ဆက်သွယ်ဆောင်ရွက်သင့် ကြောင်းလည်း နိုင်ငံတကာ အစိုးရ များအား  တိုက်တွန်းထားသည်။

ဘင်္ဂါလီများအပေါ် ဖိနှိပ်မှု နှင့် ပတ်သက်၍ ကော်မရှင်မှ လက်ခံရရှိထားသော အစီရင်ခံစာ များအရ အလေးအနက် ပူပန် မိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ သမာသမတ်ကျ သော လေ့လာသူများ အဆိုအ ရ ဘင်္ဂါလီများအပေါ် စနစ်တကျ စီစဉ်ထားသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေပြီး  အခြေခံ ကျန်းမာရေးနှင့် အခြားဝန်ဆောင် မှုများအတွက် ငြင်းပယ်ခံရခြင်း၊ လွတ်လပ်စွာ သွားလာခွင့်အ တွက် ငြင်းပယ်ခံရခြင်း၊ နိုင်ငံသား ဖြစ်ခွင့်ကို ငြင်းပယ်ခံရခြင်း စ သည်များ ကြုံတွေ့နေရကြောင်း ကော်မရှင်က ဆိုသည်။

ထိုကော်မရှင်က မြန်မာနိုင်ငံ အပေါ် ဆယ်စုနှစ်တစ်ခုကျော် ကြာ စောင့်ကြည့်လေ့လာမှုအရ ဘာသာရေး လွတ်လပ်ခွင့်နှင့် ပတ်သက်၍ ဗုဒ္ဓဘာသာဝင်များ အတွက်ရော အခြားဘာသာဝင် များအတွက်ပါ ကန့်သတ်ချုပ် ချယ်မှုများ ရှိနေသည့်အတွက်  စိုး ရိမ်မိသည်ဟု ဆိုသည်။ အကျဉ်း သားများ လွှတ်ပေးခြင်း၊ မီဒီယာ လွတ်လပ်ခွင့်ပေးခြင်းစသော တိုး တက်မှုများရှိသော်လည်း လူနည်း စုဘာသာရေးယုံကြည်မှုအပေါ် ဥပဒေများ၊ သတ်မှတ်ချက်များ၊ လုပ်ဆောင်ချက်များဖြင့် ခွဲခြား ဆက်ဆံမှုများ ရှိနေသည်ကို ခရီးစဉ်အတွင်း အတည်ပြုနိုင်ခဲ့ကြောင်း ကော်မရှင်က ဆိုသည်။

လူနည်းစု ဘာသာဝင်များ အပေါ် အကြမ်းဖက်မှု ကျူးလွန် ခဲ့သူများနှင့် ပတ်သက်၍ လုံ လောက်သော စီမံဆောင်ရွက်မှု မျိုး ပြုလုပ်နိုင်ခြင်းမရှိသည့်အပေါ် စိုးရိမ်မိကြောင်းလည်း ကော်မရှင်က ဆိုသည်။

7Day DAILY

No comments:

Post a Comment