Sunday 24 August 2014

ဗြိတိန်က တစ်နှစ်အတွင်း စတာလင်ပေါင် ၈၂ သန်းကူညီမည်

ဗြိတိန်နိုင်ငံတကာဖွံ့ဖြိုး တိုးတက်မှုဌာန (DFID) သည် ၂၀၁၅-၁၆ ခုနှစ်အတွက် မြန်မာ နိုင်ငံသို့ ကူညီထောက်ပံ့နေမှုကို စတာလင်ပေါင် ၈၂ သန်းထိ တိုး မြှင့်သတ်မှတ်လိုက်ကြောင်း သ တင်းစာ ရှင်းလင်းပွဲတွင် ပြော ကြားသည်။

ဆရာအတတ်သင်အပါအ ၀င် ပညာရေး၊ ငြိမ်းချမ်းရေးဖြစ် စဉ်နှင့် လွှတ်တော်ခိုင်မာလာစေရေးတို့အတွက် မြန်မာနိုင်ငံသို့ ထောက်ပံ့နေမှုကို စတာလင် ပေါင်သန်း ၁၀၀ ထိ တိုးမြှင့်ပေး ရန် ဗြိတိန်ပါလီမန် အမတ် များက တိုက်တွန်းပေးသင့်ကြောင်း ဗြိတိန်ပါလီမန် အမတ်များက တိုက်တွန်းပြောကြားခဲ့သည်။

ဗြိတိန်အစိုးရ အနေဖြင့် ဗြိတိန်ပါလီမန် အမတ်များ၏ ထောက်ပံ့ငွေတိုးမြှင့်ပေးရန် တိုက်တွန်းမှုကို အတိ အကျ မလိုက်နာ ခဲ့သော်လည်း ၂၀၁၄-၁၅ ခုနှစ်၊ အသုံးစရိတ်စတာလင်ပေါင် သန်း ၆၀ ထက် ပေါင်သန်း ၂၀ ကျော် ထပ်တိုးမြှင့်ပေးလိုက်ခြင်း ဖြစ် သည်။

ဗြိတိန် နိုင်ငံတကာ ဖွံ့ဖြိုး တိုးတက်မှုဌာန ၀န်ကြီးမစ္စတာ ဒက်စမွန်ဆ၀ိန်း(Mr.Desmond Swayne) သည် မြန်မာနိုင်ငံသို့ လာရောက်၍ ဗြိတိန်ဖွံ့ဖြိုးတိုး တက်မှု ပူးပေါင်းဆောင်ရွက်ခြင်း (၁၀) နှစ်ပြည့်မြောက်မှု အခမ်း အ နားသို့ တက်ရောက်မည်ဖြစ်၍ ကူညီထောက်ပံ့မှု တိုးမြှင့်ပေး သောအစီအစဉ်ကို ကြေညာသွား မည်ဖြစ် သည်။

ဗြိတိန်ဝန်ကြီးသည် ရွှေပြည် သာနှင့် လှိုင်သာယာမြို့နယ်ရှိ ကူညီထောက်ပံ့မှုအစီအစဉ်များကို သွားရောက်လေ့လာမည်ဖြစ်ပြီး နေပြည်တော်သို့ သွားရောက်၍ အစိုးရ၀န်ကြီးများနှင့် တွေ့ဆုံ သွားမည်ဖြစ် ကြောင်း ဗြိတိန်နိုင်ငံ  တကာဖွံ့ဖြိုးတိုးတက်မှု ဌာနမှ သိရသည်။

ဗြိတိန်နိုင်ငံတကာဖွံ့ဖြိုး တိုး တက်မှုဌာနသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန် ကုန်မြို့တွင် ရုံးခန်းဖွင့်လှစ်၍ နှစ် နိုင်ငံအစီအစဉ်ဖြင့် ဆောင်ရွက် ခြင်း၊ အပြည်ပြည်ဆိုင်ရာ၊ ဒေသ ဆိုင်ရာအစီအစဉ်ဖြင့် ဆောင် ရွက်ခြင်းနှင့် နိုင်ငံပေါင်းစုံပါဝင် သော အဖွဲ့အစည်းများ၊ နိုင်ငံတ ကာရန်ပုံငွေအဖွဲ့အစည်းများအ တွက် ဘဏ္ဍာငွေ ပံ့ပိုးပေးခြင်း နည်းလမ်းတို့ဖြင့် ကူညီထောက်ပံ့ လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ကျန်းမာ ရေးနှင့် အာဟာရ၊ ပညာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အသက်မွေး ၀မ်းကျောင်းမှု၊ အုပ် ချုပ်မှုစနစ်၊ လူသားချင်း စာနာ ထောက်ထားမှုနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှုတို့ အတွက် နှစ် နိုင်ငံ အစီအစဉ်ဖြင့် ဆောင်ရွက် လျက်ရှိသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များအတွက် ဂျပန်နိုင်ငံက အကြီးမားဆုံး ကူညီထောက်ပံ့ မှုများ ဆောင်ရွက်လျက်ရှိပြီး ဥရောပ သမဂ္ဂ၊ သြစတြေးလျ၊ အမေရိ ကန်နှင့် ဗြိတိန်နိုင်ငံ တို့က  ဒုတိယ နေရာတွင် ရှိနေသည်။

7Day DAILY 

No comments:

Post a Comment