Sunday 24 August 2014

ကွန်ဒိုဥပဒေတွင် ပါရှိမည့်အချက်များဖြင့် ကွန်ဒိုအများစု ရောင်းချလာဟုဆို

ရန်ကုန်မြို့မှ ကွန်ဒို တိုက်ခန်းအများစုကို မကြာမီပြ ဋ္ဌာန်းမည့် ကွန်ဒိုဥပဒေပါ အချက် များ ထည့်သွင်းပြီး ဈေးကွက်တွင် ရောင်းချနေကြောင်း သတင်းရရှိ သည်။

ကွန်ဒိုအများစုကို  ကြိုပွိင့် စနစ်ဖြင့် ရောင်းချရာတွင် စုပေါင်းပိုင် အဆောက် အအုံ အဖြစ် မှတ်ပုံ တင်မည့် ကွန်ဒို၊ နိုင်ငံခြားသားများကိုလွှဲပြောင်းရောင်းချနိုင် မည့် ကွန်ဒိုဟုဆိုကာပြည်တွင်းထုတ် အစိုးရပိုင် သတင်းစာများ၊ သတင်းစာ၊ ဂျာနယ်များတွင် ထည့်သွင်း ကြေ ညာလာကြသည်။

‘‘ဥပဒေက မထွက်သေးပေ မယ့် အဲဒီဥပဒေမှာပါတဲ့အတိုင်း လိုက်နာဆောင်ရွက်မယ့် သဘောပေါ့။ ပုံစံ တစ်မျိုး နဲ့ ဈေးကွက်စီး ပွားရေးလုပ်တာဖြစ်မှာပါ။ ဥပ ဒေမထွက်သေးတဲ့အတွက် သူတို့ လုပ်တာ လတ်တလော မှာ အကျုံးမ၀င်သေး ဘူး’’ဟု မြို့ရွာနှင့် အိုး အိမ်ဖွံ့ဖြိုးမှုဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါ်အေးအေးမြင့် က သူ၏အမြင်ကိုပြောသည်။

လတ်တလောတွင် မြန်မာ့ အလင်းနှင့် ကြေးမုံသတင်းစာတို့ ၌ ၅၂၃ ဓမ္မသုခ ကွန်ဒိုကို ရောင်းချ ရာတွင် စုပေါင်းပိုင်အဆောက် အအုံအဖြစ် မှတ်ပုံတင်မည့် ကွန် ဒို၊ နိုင်ငံခြားသားများကို လွှဲပြောင်းရောင်းချနိုင်မည့် အခန်း ၁၀ ခန်း ပါဝင်သည့် ကွန်ဒိုကို စတင်ရောင်းချနေပြီဟု ကြေညာထားသည်။

နိုင်ငံခြားသားများ အပါအ ၀င် ပြည်တွင်းမှ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ ကွန်ဒိုတိုက်ခန်း ၀ယ်ယူနေထိုင် လိုသူ အများစု စိတ်ဝင်စားနေသည့် ကွန်ဒိုဥပဒေ မှာ လာမည့် အမျိုးသားလွှတ် တော်တွင် အတည်ပြုပြဋ္ဌာန်း နိုင် ရန် ရည်ရွယ်ထားကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းဒုဥက္ကဋ္ဌက ပြောသည်။

‘‘ဒါကဈေးကွက်ကို ဆွဲ ဆောင်တာပါ။ နောက်ပိုင်း ကွန် ဒိုတွေ ရောင်းရင် အဲဒီလိုလုပ်ဖို့ ပြင်ဆင်နေကြတယ်’’ဟု ဆောက် လုပ်ရေး လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ရန်ကုန်မြို့၌ အစိုးရသစ် လက်ထက် ကွန်ဒိုတိုက်ခန်းတည် ဆောက်မှုသည် မြန်မာနိုင်ငံ၏ သက်တမ်း တစ်လျှောက် အမြင့် မားဆုံးဖြစ်ပြီး ဈေးကွက် သဘော သဘာဝအရ နိုင်ငံခြားသားလုပ် ငန်းရှင်များက ကွန်ဒိုတိုက်ခန်း များ ၀ယ်ယူရန် စောင့်ဆိုင်းနေကြ သည်ဟု အထက်ပါလုပ်ငန်းရှင် ကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်က ရန်ကုန် မြို့ရှိ ကွန်ဒိုတိုက်ခန်းများကိုနိုင်ငံခြားသားများဝယ်ယူနေထိုင် ခွင့်ရှိသည်ဟု ဆိုကာ မပြဋ္ဌာန်းရ သေးသည့် ဥပဒေတွင် ပါဝင် ကြောင်း သတင်းများထွက်ပေါ် လာသဖြင့် အမည်ခံဝယ် ယူသူ၊ ဈေးကစားလိုသူများ၏ လက်ထဲ တွင် ကွန်ဒိုတိုက်ခန်းအများစုဝယ် ယူစုဆောင်းထားပြီဟု ကွန်ဒို တိုက်ခန်း ဈေးကွက်မှ စုံစမ်းသိရှိရ သည်။

ရန်ကုန်တွင် ဆောက်လုပ် ရန် စီစဉ်နေသည့် ကွန်ဒိုတိုက် ခန်းများအပေါ် နိုင်ငံခြားသားများ က ကြိုတင် ၀ယ်ယူ ထားချင်သော် လည်း လတ်တလောအခြေအနေ အရ ၀ယ်ယူခွင့်မရှိသဖြင့် စီမံ ကိန်းပြီးစီးချိန်နှင့် ဥပဒေ အတည် ပြုပြဋ္ဌာန်းပြီးချိန်တွင် ချက်ချင်း ၀ယ်ယူနိုင်ရန် ဆောက်လုပ်ရေး ကုမ္ပဏီများထံ ကြိုတင် စာရင်းပေး မှာယူမှုများ ရှိနေသည်ဟု သိရသည်။

7Day DAILY 

No comments:

Post a Comment