Sunday 24 August 2014

စည်းကမ်းဖောက် အေဂျင်စီများကို လိုင်စင်အပြီးပိတ်ရန် တိုက်တွန်း

စည်းကမ်းချိုးဖောက် သည့် အေဂျင်စီများကိုအစိုးရက ဆိုင်းငံ့ကာလမထားဘဲ အပြီးတိုင် လိုင်စင်ပိတ်သိမ်း  အရေးယူ ဆောင်ရွက်ရန်  အစိုးရသို့ တိုက် တွန်းထားကြောင်း ပြည်ပအလုပ် အကိုင်ရှာဖွေရေးအေဂျင်စီမှ အ တွင်းရေးမှူးဦးကျော်ထင်ကျော် ကပြောသည်။
လက်ရှိပြည်ပသို့ အလုပ်သ မားစေလွှတ်သောအေဂျင်စီများ အလုပ်သမားပြဿနာများဖြစ် ပွားပါက အစိုးရက လိုင်စင်သုံးလ၊ ခြောက်လခန့်ပိတ်သိမ်းခြင်းဖြင့် အရေးယူဆောင်ရွက်လျက်ရှိ သည်။ ထို့ကြောင့် အသင်းချုပ်ဖွဲ့ စည်းပြီးနောက်ပိုင်းလုပ်သားစေ လွှတ်ရာတွင် မမှန်မကန်ဆောင် ရွက်သည့်အေဂျင်စီများကို အစိုးရ မှ ပြင်းပြင်းထန်ထန်အရေးယူရန် လိုအပ်ပြီးမှန်ကန်စွာပို့ဆောင် သည့် အေဂျင်စီများကိုမူ ဖြေ လျှော့မှု များပေးရန်   အစိုးရထံ တိုက်တွန်းထားကြောင်းသတင်း ရရှိသည်။‘‘၀န်ကြီးကိုစာတင်ထား တယ်။ မှန်မှန် ကန်ကန်လုပ်တဲ့ အေဂျင်စီတွေကို ကြန့်ကြာနေတဲ့အ ပိုင်းဖြေလျှော့ပေးဖို့။ စည်းကမ်း ဖောက်ဖျက်တဲ့ အေဂျင်စီ တွေကို အပြင်းအထန်အရေးယူဖို့သုံးလပဲ အပြီးတိုင်ပိတ်ဖို့တင်ပြထားတယ်။ ၀န်ကြီး ထံ အချက် အလက်တွေ တင်ပြဖို့အစည်းအဝေးထပ်ခေါ်ဦးမှာ’’ ဟု  ဦးကျော်ထင်ကျော်ကပြောသည်။

မလေးရှားနိုင်ငံသို့လုပ်သား စေလွှတ်ရာတွင် မလေးရှားနိုင်ငံ အစိုးရက အလုပ်ခေါ်စာများကို တစ်လ ကျော်ကြာစစ်ဆေးပြီး နောက် မြန်မာဘက်တွင်သံရုံးဗီဇာ ပြုလုပ်ခြင်းအပါအ၀င် ခေါ်စာစစ်ဆေးမှု   နှစ်လ နီးပါးကြာမြင့်သည်။ ထို့ကြောင့်အလုပ်ခေါ်စာ များသက်တမ်းကုန်ဆုံးခြင်း၊ လုပ်သား အရေအတွက်လျှော့ ခေါ်မှု တို့ ကြုံတွေ့လျက်ရှိသောကြောင့်ယခုအခါ မြန်မာဘက်မှ လုပ်ငန်းစဉ်အချို့ကို   ဖြေလျှော့ပေးရန် တောင်းဆိုခြင်းဖြစ်သည်။

လက်ရှိစည်းကမ်းဖောက် ဖျက်၍ အရေးယူခံထားရသော အေဂျင်စီရှစ်ခုခန့်ရှိပြီး ၎င်းတို့ကို ခြောက်လ၊ တစ်နှစ် အရေးယူထား ကြောင်းသိရသည်။ ထို့အပြင်အေ ဂျင်စီအသင်းချုပ်အနေဖြင့် အေ ဂျင်စီများလိုင်စင် ထုတ်ရာတွင်ယ ခင်ထက်ပို၍တင်းကျပ်စွာဆောင် ရွက်သွားမည်ဖြစ်သည်။ ယခုအခါ အေဂျင်စီ နှစ်ရာကျော်ရှိပြီးလိုင် စင်ရအေဂျင်စီများဖောင်းပွနေ၍ လုပ်သားဈးကွက်ပျက်မည်ကို စိုးရိမ်သောကြောင့်   စိစစ်သွားမည်ဖြစ်ကြောင်း       သတင်းရရှိ သည်။

7Day DAILY 

No comments:

Post a Comment