Sunday 24 August 2014

ငွေကြေးခ၀ါချမှုနှင့် ဆက်စပ်နေသောလုပ်ငန်း အဖွဲ့အစည်းများကို ကြပ်မတ်စိစစ်မည်

ငွေကြေးခ၀ါချမှုလျှော့ ချနိုင်ရေးအတွက် လက်ရှိလုပ် ဆောင်နေသော တိုက်ဖျက်ရေး လုပ်ငန်းများကို ရှာဖွေ ဖော်ထုတ် ပြီး စက်တင်ဘာနောက်ပိုင်းမှ စတင်ကာ ငွေကြေးခ၀ါချမှုနှင့် ဆက်စပ်နေသော လုပ်ငန်းများ၊ အဖွဲ့အစည်းများကို ပိုမိုကြပ်မတ် စိစစ်သွားမည်ဖြစ်ကြောင်း သ တင်းရရှိသည်။

ငွေကြေးခ၀ါချမှုများ လျှော့ချရန် လက်ရှိတွင် လုပ်ငန်းအဖွဲ့ ၂၉ ခု ဖွဲ့စည်းလုပ်ဆောင်နေပြီး ယင်းလုပ်ငန်း အဖွဲ့များကို အမျိုး သားအဆင့်အန္တရာယ်   အကဲ ဖြတ်ရေးအဖွဲ့(NRA) ထိ  တိုးမြှင့် 
လုပ် ဆောင် သွားမည်ဖြစ်ကြောင်း ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့မှ ဒုတိယရဲမှူးမြင့်စိုးက ပြောသည်။

‘‘ငွေကြေးခ၀ါချနေတဲ့ လုပ် ငန်းတွေကို အမျိုးသားအဆင့်ထိ တိုးမြှင့်လုပ်ဆောင်ပြီး လျှော့ပါး သွားအောင် လုပ်နိုင်ဖို့ နိုင်ငံတ ကာစံနှုန်းတွေအတိုင်း လုပ် ဆောင်တဲ့ သဘောပါပဲ’’ဟု ၎င်း ကပြောသည်။

NRA အဖြစ် အဆင့်မြှင့်တင်ပြီး ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးနှင့် ပတ်သက်သော လုပ်ငန်း နယ် ပယ် အသီးသီး၏ လုပ်ဆောင်နေ မှုများအပေါ်တွင် အားနည်းချက်များ၊ လိုအပ်ချက်များကို ရှာဖွေ ဖော်ထုတ် အကဲဖြတ်ပြီး လုပ်ငန်း နယ်ပယ်တိုင်းတွင် အန္တရာယ်အ ခြေပြုချဉ်းကပ်ဖြေရှင်းနည်းများ ဖြင့် ဖြေရှင်းသွား မည်ဖြစ် သည်။

တိုက်ဖျက်ရေးလုပ်ငန်းစဉ် များ လုပ်ဆောင်နေသော လုပ် ငန်းနယ်ပယ်တိုင်းရှိ အားနည်း ချက်များကို ရှာဖွေဖော်ထုတ်၍ နိုင်ငံတကာအဖွဲ့အစည်းများမှ အကြံဉာဏ်များရယူဆောင်ရွက် နိုင်ရန် သြဂုတ် ၂၇ ရက်နှင့် ၂၉ ရက် များတွင် IMF နှင့် တွေ့ဆုံ မည်ဖြစ်သည်။

ယင်းတွေ့ဆုံမှု  ပြီးပါက အမျိုးသားအဆင့်အန္တရာယ်အကဲ ဖြတ်ရေးအဖွဲ့(NRA) အနေဖြင့် နိုင်ငံတွင်းရှိ ငွေကြေးဆိုင်ရာအဖွဲ့ အစည်းတစ်ခုလုံးတွင် ၀င်ရောက် နေသော နေရာများ၊ လုပ်ငန်းများ ဦးစားပေး လုပ်ဆောင် သွားမည် ဖြစ်သည်။

အကဲဖြတ်ရေးလုပ်ငန်းစဉ် တွင် ငွေကြေးခ၀ါချမှုနှင့် ပတ် သက်၍ နာမည်ထွက်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ ကို ဦးတည်ချက်ဖြင့် လုပ်ဆောင် မှုမပြုသေးသော်လည်း ယခုပြု လုပ်သော အားနည်းချက်များ အကဲဖြတ်မှုပြုလုပ်ပြီးပါက ငွေ ကြေးခ၀ါချမှု  လုပ်ဆောင်နေ သော နေရာများ၊ အဖွဲ့အစည်း များကို လက်ရှိထက် ပိုမိုထိ ရောက်စွာ ကြပ်မတ်လုပ်ဆောင် သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ငွေကြေးခ ၀ါချမှုတိုက်ဖျက်ရေးဥပဒေများ ပြဋ္ဌာန်းထားသော်လည်း လက်ရှိ ကာလထိ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး မဆောင်ရွက်နိုင်သောစာရင်းတွင် ပါဝင်နေသေးသည်။

ယခုပြဋ္ဌာန်းထားသော ဥပ ဒေဖြင့် နိုင်ငံတကာစံနှုန်းများနှင့် အညီ အရေးယူစုံစမ်းမှုများပြုလုပ် သွားမည်ဖြစ်ပြီး ယခု ၂၀၁၄ ခုနှစ် အတွင်း အဆိုပါစာရင်းမှ ပယ်ဖျက်ရန်လည်း  မျှော်မှန်းထား ကြောင်း အဆိုပါအဖွဲ့မှ သိရ သည်။

7Day DAILY 

No comments:

Post a Comment