Sunday 24 August 2014

ပူတာအိုတစ်ဝိုက်ရှိ အစိုးရကျောင်းများတွင် ရှမ်းစာသင်ရန် ခွင့်ပြုချက်မရသေး

ပူတာအိုတစ်ဝိုက်ရှိ ကျောင်းများတွင် ရှမ်းစာပေသင် ကြားရန် အစိုးရထံ စာတင်ခဲ့သော်လည်း နှစ်ဝက်ကုန် လာသည်အထိ တရားဝင်ခွင့်ပြုချက်မရှိသေးကြောင်း ပူတာအိုရှမ်းရိုးရာစာပေ နှင့် ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌ ဦးတင်ထွန်းက ပြောသည်။

ကျောင်းများတွင်လည်း ရှမ်းစာပေသင်နိုင်သည့် ဆရာ၊ ဆရာမများ အဆင်သင့် ရှိနေပြီဟု သိရသည်။

‘‘မသင်တာ နှစ်ပေါင်းများ စွာကြာပြီဆိုတော့ ရှမ်းစာမတတ် ကြတော့ဘူး။ သတို့သမီးက မင်္ဂလာဆောင်ရင် ရှမ်းစာဖတ်ရ တယ်။ သေလွန်တဲ့အချိန်မှာ လည်းဖတ်ရတယ်။ စာပျောက် တာနဲ့ ထုံးတမ်းပါပျောက်တော့ မယ်။ ဗမာလိုဖတ်လို့မရဘူး’’ဟု ဦးတင်ထွန်းက ပြောသည်။

ပူတာအိုမြို့နယ်တွင် ဒေသ ခံတစ်သောင်းနီးပါးရှိပြီး ပူတာအိုဒေသ ရှမ်းစာဖြစ်သော ခန္ခီစာအား သင်ကြားရန် ရည်ရွယ်ထားကာ ကချင်ပြည်နယ်ရှိ အချို့ကျောင်း များ၌ တိုင်းရင်းသားဘာသာ စကားများ စတင်သင်ကြား နေပြီ ဖြစ်သည်။

7Day DAILY 

No comments:

Post a Comment