Sunday 24 August 2014

မွေးကင်းစကလေးတွေ ဓာတ်ကင်ဖို့ အခက်ကြုံ

“မွေးကင်းစ ကလေးတွေထဲက အသားဝါရောဂါ လက္ခဏာပြတဲ့ ကလေးတွေကို ဓာတ်ကင်ရပါတယ်။ မီးမလာတဲ့အခါ များတော့ ကလေးငယ်တွေကို ဓာတ်ကင်ဖို့အတွက် တော်တော် ခက်ခဲပါတယ်” လို့ ကလေးမြို့ ပြည်သူ့ဆေးရုံက ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ မိုမိုအောင်က ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ပြည်သူ့ဆေးရုံမှာ လျှပ်စစ်မီး ပုံမှန်မရရှိတဲ့အတွက် မွေးကင်းစကလေး တွေ ဓာတ်ကင်ဖို့ အခက်အခဲကြုံနေတာကို သူက ရှင်းပြတာပါ။

ဓာတ်ကင်ဖို့ ခက်ခဲ့တဲ့အခါမှာ ကလေးကို သွေးလဲပေးတာတွေ လုပ်ရတယ်လို့လည်း ဒေါက်တာ မိုမိုအောင် က ရှင်းပြပါတယ်။ လျှပ်စစ်မီးပြတ်တောက်တဲ့အခါ လျှပ်စစ်ဌာနကို တယ်လီဖုန်းနဲ့ အကြောင်းကြားပေမယ့် ချက်ချင်း ပြင်မပေးဘူး လို့လည်း သူက ဆက်ပြောပါတယ်။ 

ဆေးရုံမှာ လျှပ်စစ်မီး မကြာခဏ ပြတ်လေ့ရှိတယ်လို့ ဆေးရုံအနီးမှာ နေထိုင်တဲ့ ဦးဇော်မင်းက ပြောပါတယ်။ မီးပြတ်ရင် အရင်တုန်းက ဖယောင်တိုင်သုံးပေမယ့် အခုတော့ လျှပ်စစ်မီးအိမ်လေးတွေကို အသုံးပြုလာကြ တယ် လို့လည်း သူက ဆိုပါတယ်။

The Voice Weekly 

No comments:

Post a Comment