Sunday 24 August 2014

စားသုံးသူကာကွယ်ရေး အင်န်ဂျီအိုဖွဲ့စည်းသူများကို ကူညီမည်

မန္တလေးတိုင်းအတွင်းတွင် စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်သည့် အင်န်ဂျီအိုအဖွဲ့ဖွဲ့စည်းလိုသူများကို တိုင်း ဒေသကြီး ကူးသန်းရောင်း ၀ယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနက ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အသင်းအဖွဲ့တစ်ခုထူထောင်ရန် မှတ်ပုံတင်ခြင်းလုပ်ထုံး လုပ်နည်းများ၊ ဥပဒေများ ၊ မှတ်တမ်းများ ထိန်းသိမ်း 
ပုံများ အားလုံးကို ဌာနမှလိုက်လံ ကူညီပေးမည်ဖြစ်ပြီး အသင်းဖွဲ့စည်းရန်ဆန္ဒရှိသူများအနေဖြင့် ဌာနသို့ လာရောက်ဆက်သွယ်နိုင်ကြောင်းမန္တလေးတိုင်းဒေသကြီး ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီး ဌာန မှ တိုင်းဒေသကြီးဦးစီးမှူး ဦးဆွေတင့်ကြူးကပြောသည်။

အစိုးရမဟုတ်သော ပုဂ္ဂလိကစားသုံးသူရေးရာအဖွဲ့သစ်များပေါ်ထွက်လာမှသာ စားသုံးသူရေးရာ ကာကွယ်မှု လုပ်ငန်းများ၊ ပညာပေးမှုများပြုလုပ်မည်ဖြစ်ပြီး အဖွဲ့သစ်များပေါ်ထွက်လာလျှင်လည်း ၎င်းတို့ဌာနနှင့် လက်တွဲ ဆောင်ရွက်ပြီး စားသုံးသူရေးရာ ကာကွယ်ရေးလုပ်ငန်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

7Day DAILY 

No comments:

Post a Comment