Sunday 24 August 2014

လေးလအတွင်း ကုန်သွယ်မှု ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံရှိ

ယခု (၂၀၁၄-၂၀၁၅) ဘဏ္ဍာနှစ်၏ ဧပြီမှ ဇူလိုင်လအထိ ပထမလေးလတာအတွင်း ကုန်သွယ်မှုပမာဏ သည် ကန်ဒေါ်လာ ၈၅၃၅ သန်း (၈ ဒသမ ၅ ဘီလီယံ) ကျော်ရှိကြောင်း ဗဟိုစာရင်းအင်း အဖွဲ့၏ စာရင်း ဇယားများအရသိရသည်။

 ထိုကာလအတွင်း  စုစု ပေါင်း ပို့ကုန်တန်ဖိုးသည် ကန် ဒေါ်လာ ၃၃၈၄ သန်းကျော်သာ ရှိပြီး သွင်းကုန်တန်ဖိုး စုစုပေါင်း မှာ ကန်ဒေါ်လာ ၅၁၅၁ သန်း ကျော်ထိ ရှိနေသည့်အတွက် ကုန် သွယ်မှု လိုငွေ အမေရိကန်ဒေါ် လာ ၁၇၆၆ ဒသမ ၉၄ သန်းထိ ရှိသွားပြီ ဖြစ်သည်။

ယခုကဲ့သို့ ကုန်သွယ်မှု လို ငွေပြခြင်းသည် လက်ရှိကာလမှာ နိုင်ငံတည်ဆောက် နေ သော ကာ လဖြစ်သည့်အတွက် FDI လုပ် ငန်းများ၊ SEZ တည်ဆောက်ရေး လုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်နေရသည့် အတွက် ရင်းနှီးကုန်စည် တင် သွင်းမှု များနေခြင်း ကြောင့် သွင်း ကုန်က ပိုများနေရခြင်းဖြစ်သည် ဟုလည်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဆို သည်။

ပြီးခဲ့သည့် ဇူလိုင်လတစ်လ တည်းအတွင်း ပို့ကုန်တန်ဖိုးမှာ ကန်ဒေါ်လာ ၉၅၉ သန်းကျော်သာ ရှိပြီး သွင်းကုန်မှာ ဒေါ်လာ ၁၃၆၅ သန်းကျော်ရှိသည့်အတွက် ဇူလိုင် တစ်လတည်း၏ ကုန်သွယ်မှု လို ငွေသည်ပင် ကန်ဒေါ်လာ ၄၀၆ သန်းကျော် ရှိနေခဲ့သည်။

ယခင်နှစ်များက ပြည်ပတင် ပို့ခွင့်မပြုသော ကုန်ပစ္စည်း ၃၂ မျိုး သတ်မှတ် ထားရာမှ ယခုအခါ တဖြည်းဖြည်း ဖြေလျှော့ပေးလာရာ ၁၀ ခု ၀န်းကျင်သာ ကန့် သတ်ကုန်အဖြစ် ကျန်ရှိတော့ သည်။

ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာ ဏ ၂၄ ဘီလီယံရှိပြီး လိုငွေသည် ကန်ဒေါ်လာ သန်း ၂၀၀၀ ကျော် ရှိသည်။ အစိုးရသစ်လက်ထက် တွင် ကုန်သွယ်မှု၌ နှစ်စဉ်လိုငွေပြ နေသည်။

အစိုးရသစ်လက်ထက်တွင် ကားမူဝါဒပြောင်းပြီး ကားများ လွတ်လပ်စွာ တင်သွင်းခွင့်ပြုခြင်း၊ အခြေခံ အဆောက် အအုံ တည် ဆောက်ရေးအတွက် ပစ္စည်းများစွာ တင်သွင်းနေမှုတို့ကြောင့် ကုန် သွယ်ရေးတွင် သွင်းကုန်ပိုများနေ ခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည် ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

ကုန်သွယ်မှု လိုငွေများ ဆက် တိုက်မြင့်တက်နေသော်လည်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ၀န်ကြီး ဌာနက အစိုးရသစ်သက်တမ်း သုံးနှစ်အတွင်းတွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၀ ဘီလီယံအထိ  မြင့် တက်မှု ရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာမှုများလည်း ပြုလုပ်ထားသည်။

7Day DAILY 

No comments:

Post a Comment