Sunday 24 August 2014

ငပလီကမ်းခြေသို့ လာရောက် အပန်းဖြေသူများ ဟိုတယ်စရိတ် ကြီးမြင့်မှုကြောင့် ရပ်ကွက်အတွင်း အိမ်ငှားနေခြင်း တည်းခိုခန်း များ၌ တည်းခိုခြင်းများ များပြားလာ

ငပလီကမ်းခြေရှိ ဟိုတယ်များတွင် တည်းခိုစရိတ် မြင့်မားသော်လည်း ကမ်းခြေအနီး တစ်ဝိုက်ရှိ တည်းခိုခန်း များ၏ တည်းခိုစရိတ်မှာ ဈေးနှုန်း ချိုသာသဖြင့် ငပလီ ကမ်းခြေသို့ လာရောက် လည်ပတ်သူ အများစုမှာ တည်းခို ခန်း များတွင် တည်းခိုလေ့ ရှိကြောင်း သံတွဲမြို့နယ် တည်းခိုခန်း လုပ်ငန်းရှင်များ ထံမှ သိရသည်။
ငပလီကမ်းခြေရှိ ဟိုတယ်များမှာ တည်းခိုစရိတ် ကြီးမြင့်မှုကြောင့် ငွေကြေး တတ်နိုင်သည့် ခရီးသွား ဧည့်သည် အချို့သာ တည်းခိုကြပြီး ခရီးသွား ဧည့်သည် အများစုမှာ သံတွဲ မြို့နယ်ရှိ ရပ်ကွက်များ အတွင်း၌ အိမ်ငှားနေခြင်းနှင့် တည်းခိုခန်းများ၌ တည်းခိုကြကြောင်း ဧည့်ကြို ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

သံတွဲမြို့နယ် ငပလီ ကမ်းခြေရှိ ဟိုတယ်များမှာ ကြယ်သုံးပွင့်၊ ကြယ်လေးပွင့် အဆင့်ရှိ ဟိုတယ်များ ဖြစ်သောကြောင့် တည်းခိုစရိတ် ကြီးမြင့်ပြီး ရက်ရှည်လာရောက် အပန်း ဖြေသူများ အနေဖြင့် ကုန်ကျစရိတ် မြင့်မားကြောင်း၊ သံတွဲမြို့နယ် ငပလီ ကမ်းခြေရှိ ရပ်ကွက်များတွင် အိမ်ငှား၍ ရက်ရှည် အပန်းဖြေမည် ဆိုပါက အိမ်ငှားခ တစ်လလျှင် ငွေကျပ် ၂ဝဝဝဝ မှ ၂၅ဝဝဝ ဝန်းကျင်အထိ ရှိကြောင်း သိရသည်။

သံတွဲမြို့နယ် အတွင်းရှိ တည်းခိုခန်း တည်းခိုစရိတ် များမှာ တစ်ယောက်ခန်း ရိုးရိုး ငွေကျပ် ၃ဝဝဝ၊ အထူး ငွေကျပ် ၅ဝဝဝ၊ နှစ်ယောက်ခန်း ရိုးရိုး ငွေကျပ် ၆ဝဝဝ၊ အထူးငွေကျပ် ၁၂ဝဝဝ ခန့်ရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment