Sunday 24 August 2014

လေကြောင်းမှ တိုက်ခိုက်မှုများ ဆက် လက် လုပ် ဆောင် ပါ က အမေရိကန် နိုင်ငံသား အားလုံးကို တိုက်ခိုက် သွားမည်ဟု စစ်သွေးကြွ အုပ်စု သတိပေး ပြောကြား

Photo: လေကြောင်းမှ တိုက်ခိုက်မှုများ ဆက် လက် လုပ် ဆောင် ပါ က အမေရိကန် နိုင်ငံသား အားလုံးကို တိုက်ခိုက် သွားမည်ဟု စစ်သွေးကြွ အုပ်စု သတိပေး ပြောကြား

သြဂုတ်လ ၂၅ ရက်၊ ၂၀၁၄ ခုနှစ် 

အီရတ်နိုင်ငံရှိ ဒေသ အတော်များများကို သိမ်းယူထားသည့် အစ္စလာမ်မစ် စစ်သွေးကြွ အုပ်စုISသည် အမေရိကန် ပြည်ထောင်စုက လေကြောင်းမှ ဆက်လက် တိုက်ခိုက် နေမည်ဆိုပါက အမေရိကန် နိုင်ငံသားများ အားလုံးကို နေရာဒေသ မရွေး ပြန်လည် တိုက်ခိုက်သွား မည် ဖြစ်ကြောင်း IS အုပ်စုက အမေရိကန် အစိုးရအား သတိပေး ပြောကြားခဲ့သည်။

အီရတ်နိုင်ငံ မြောက်ပိုင်းတွင် လုပ်ဆောင်လျက် ရှိသော အမေရိကန်အစိုးရ၏ လေကြောင်း တိုက်ခိုက်မှုများသည် IS စစ်သွေးကြွ အုပ်စုက သိမ်းယူခဲ့သည့် ပိုင်နက် နယ်မြေ အချို့ကို ကာဒစ်ရှ် မျိုးနွယ်စု တိုက်ခိုက်ရေး သမားများက ပြန်လည် သိမ်းယူရန် အကူအညီပေးသည့် သဘော သက်ရောက်ကြောင်း အဆိုပါ အစ္စလာမ်မစ် အုပ်စုက ပြောကြားခဲ့သည်။

စစ်သွေးကြွ အုပ်စုသည် ၎င်းတို့၏ နောက်ဆုံးအကြိမ် အဖြစ် ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှု များကြောင့် ယာဇစ်ဒီ မျိုးနွယ်စု ထောင်ပေါင်းများစွာမှာ ၎င်းတို့၏ နေအိမ် များကို စွန့်ခွာ ထွက်ပြေးခဲ့ ရကြောင်း သိရသည်။

ထို့အပြင် အဆိုပါ စစ်သွေးကြွ အုပ်စုသည် အီရတ်နှင့် အနောက်နိုင်ငံများ အားလုံးကို ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သြဂုတ် ၁၈ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန်သမ္မတ ဘားရက် အိုဘားမားက ပြောကြားခဲ့ သည်။ သို့သော် မိမိတို့သည် အနောက်နိုင်ငံ များအား ပစ်မှတ်ထား တိုက်ခိုက်ရန် စိတ်ကူး မရှိကြောင်း မိမိတို့ ပိုင်နက်နယ်မြေ အဖြစ် အခိုင်အမာ ကြေညာထားသည့် အီရတ်နှင့် ဆီးရီးယားရှိ သိမ်းယူထားသော နယ်မြေများ ပေါ်တွင်သာ အာရုံ စိုက်ကြောင်း စစ်သွေးကြွ အဖွဲ့က ပြောကြားခဲ့သည်။

မြ၀တီ
အီရတ်နိုင်ငံရှိ ဒေသ အတော်များများကို သိမ်းယူထားသည့် အစ္စလာမ်မစ် စစ်သွေးကြွ အုပ်စုISသည် အမေရိကန် ပြည်ထောင်စုက လေကြောင်းမှ ဆက်လက် တိုက်ခိုက် နေမည်ဆိုပါက အမေရိကန် နိုင်ငံသားများ အားလုံးကို နေရာဒေသ မရွေး ပြန်လည် တိုက်ခိုက်သွား မည် ဖြစ်ကြောင်း IS အုပ်စုက အမေရိကန် အစိုးရအား သတိပေး ပြောကြားခဲ့သည်။

အီရတ်နိုင်ငံ မြောက်ပိုင်းတွင် လုပ်ဆောင်လျက် ရှိသော အမေရိကန်အစိုးရ၏ လေကြောင်း တိုက်ခိုက်မှု များသည် IS စစ်သွေးကြွ အုပ်စုက သိမ်းယူခဲ့သည့် ပိုင်နက် နယ်မြေ အချို့ကို ကာဒစ်ရှ် မျိုးနွယ်စု တိုက်ခိုက် ရေး သမားများက ပြန်လည် သိမ်းယူရန် အကူအညီပေးသည့် သဘော သက်ရောက်ကြောင်း အဆိုပါ အစ္စလာမ်မစ် အုပ်စုက ပြောကြားခဲ့သည်။

စစ်သွေးကြွ အုပ်စုသည် ၎င်းတို့၏ နောက်ဆုံးအကြိမ် အဖြစ် ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှု များကြောင့် ယာဇစ်ဒီ မျိုးနွယ်စု ထောင်ပေါင်းများစွာမှာ ၎င်းတို့၏ နေအိမ် များကို စွန့်ခွာ ထွက်ပြေးခဲ့ ရကြောင်း သိရသည်။

ထို့အပြင် အဆိုပါ စစ်သွေးကြွ အုပ်စုသည် အီရတ်နှင့် အနောက်နိုင်ငံများ အားလုံးကို ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သြဂုတ် ၁၈ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန်သမ္မတ ဘားရက် အိုဘားမားက ပြောကြားခဲ့ သည်။ သို့သော် မိမိတို့သည် အနောက်နိုင်ငံ များအား ပစ်မှတ်ထား တိုက်ခိုက်ရန် စိတ်ကူး မရှိကြောင်း မိမိတို့ ပိုင်နက်နယ်မြေ အဖြစ် အခိုင်အမာ ကြေညာထားသည့် အီရတ်နှင့် ဆီးရီးယားရှိ သိမ်းယူထားသော နယ်မြေများ ပေါ်တွင်သာ အာရုံ စိုက်ကြောင်း စစ်သွေးကြွ အဖွဲ့က ပြောကြားခဲ့သည်။

မြ၀တီ 

No comments:

Post a Comment