Sunday 20 July 2014

ထိုင်းနိုင်ငံအခြေစိုက် SCG က ဒေါ်လာသန်း ၄၀၀ ရင်းနှီးမြှုပ်နှံကာ မြန်မာနိုင်ငံ မော်လမြိုင်တွင် ဘိလပ်မြေစက်ရုံ တည်ဆောက်မည်

Photo: ထိုင်းနိုင်ငံအခြေစိုက် SCG က ဒေါ်လာသန်း ၄၀၀ ရင်းနှီးမြှုပ်နှံကာ မြန်မာနိုင်ငံ မော်လမြိုင်တွင် ဘိလပ်မြေစက်ရုံ တည်ဆောက်မည်
Sunday, July 20, 2014 

ထိုင်းနိုင်ငံ Lampang ရှိ SCG ၏ ဘိလပ်မြေစက်ရုံတစ်ရုံကို တွေ့ရစဉ်
အာဆီယံ၏ ထိပ်တန်းစီးပွားရေး လုပ်ငန်းစုကြီးဖြစ်သည့် ထိုင်းအခြေစိုက် SCG က မြန်မာနိုင်ငံတွင် ဒေါ်လာသန်း ၄ဝဝ (ဘတ်ငွေ ၁၂၄ဝဝ သန်း) ရင်းနှီးမြSုပ်နှံကာ ဘိလပ်မြေ စက်ရုံ တည်ဆောက်သွားမည်ဖြစ်ကြောင်း SCG  မှ သိရသည်။

SCG အနေဖြင့် အဆိုပါ ဘိလပ်မြေစက်ရုံကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် စက်ရုံကို စတင်တည်ဆောက်နေပြီဖြစ်ကာ စက်ရုံသို့ လမ်းဖောက်လုပ်ခြင်း လုပ်ငန်းမှာလည်း မကြာသေးမီက ပြီးစီးသွားပြီဖြစ်ကြောင်းနှင့် အဆိုပါစက်ရုံအား ၂ဝ၁၆ ခုနှစ် နှစ်လယ်မှစတင်ကာ လုပ်ငန်းလည်ပတ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

“လောလောဆယ်မှာတော့ ကျွန်တော် တို့ရဲ့ ဘိလပ်မြေလုပ်ငန်းကိုပဲ ဦးစားပေး ပြီး မော်လမြိုင်စက်ရုံလုပ်ငန်း လည်ပတ်နိုင်အောင် အာရုံစိုက်နေပါတယ်။ ဘိလပ်မြေ လုပ်ငန်းက တခြားပူးတွဲပေါင်းစပ်လုပ်ငန်း တွေဖြစ်တဲ့ အသင့်ဖျော်ကွန်ကရစ်နဲ့ ပုံစံ လောင်းပြီး ကွန်ကရစ်တုံးတွေ ချဲ့ထွင်လုပ်နိုင်ဖို့ အဓိက မောင်းနှင်ပေးတဲ့လုပ်ငန်းပါ ပဲ” ဟု SCG ၏ ဥက္က|နှင့် အမှုဆောင်အရာရှိချုပ် Mr. Kan က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အလားအလာ ကောင်းများနှင့်ပတ်သက်၍ Mr.Kan က “မြန်မာနိုင်ငံက တဖြည်းဖြည်းနဲ့ မှန်မှန်တိုးတက်နေပြီး အခြေခံအဆောက်အအုံတွေ ဆောက်လုပ်ဖို့ လိုအပ်တာကြောင့်  မြန်မာ့ဈေး ကွက်က အလားအလာ တော်တော်ကောင်း တယ်လို့ SCG က မြင်ပါတယ်။ စက်မှုလုပ်ငန်းနဲ့ အိမ်ရာဆောက်လုပ်ရေးကဏ္ဍတွေမှာ လည်း ရင်းနှီးမြှုပ်နှံမှုတွေက တိုးပွားလာနေ ပါတယ်။ မြို့ပြနေ လူဦးရေကလည်း များလာတော့ အထူးသဖြင့် အဓိကမြို့တော်ကြီး သုံးခုဖြစ်တဲ့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တွေမှာ နေအိမ်ဆောက်လုပ်ရေးပိုင်းဆိုင်ရာ ပစ္စည်းလိုအပ်ချက်တွေ ပိုများလာတယ်” ဟု Mr.Kan က သုံးသပ်ပြောကြားသည်။

SCG အနေဖြင့် စွန့်ပစ်အပူစွမ်းအင်မှ လျှပ်စစ်ထုတ်လုပ်ခြင်းနှင့် ဖန်လုံအင် ဓာတ်ငွေ့ထုတ်လုပ်ခြင်းစသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အထောက်အကူပြု နည်းပညာများကို စက်ရုံတွင် စတင်အသုံးပြုမည်ဖြစ်ပြီး ယင်းစက်ရုံမှ တစ်နှစ်လျှင် ဘိလပ်မြေတန်ပေါင်း ၁ ဒသမ ၈ သန်း ထုတ်လုပ်ရန် မျှော်မှန်းထားကြောင်း သိရသည်။

SCG မှ ကုန်ပစ္စည်းများကို မြန်မာနိုင်ငံတွင်းသို့ တင်ပို့ရောင်းချခြင်းဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်း ၂ဝ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ၁၉၉၆ ခုနှစ်တွင် SCG ၏ ပထမ ဆုံးလုပ်ငန်းခွဲအဖြစ် အသင့်ဖျော်စပ်ပြီး ကွန်ကရစ်ထုတ်လုပ်သည့် Myanmar CPAC Service Co.,Ltd  ကို တည်ထောင်ခဲ့ကြောင်း၊ ၂ဝ၁၃ ခုနှစ်တွင် ဒုတိယလုပ်ငန်းခွဲအဖြစ် မြန်မာနိုင်ငံတွင် SCG ၏ ပထမဆုံးသော ဘိလပ်မြေစက်ရုံဖြစ်သည့် Mawlamyine Cement Limited  ကို တည်ထောင်ခဲ့ကြောင်း သိရသည်။

မကြာသေးမီကလည်း မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများရှိ Customer များအကြား SCG ပစ္စည်းအမှတ်တံဆိပ် အသိအမှတ်ပြုမှုကို ခိုင်မာစေရန်အတွက် ဆင်အမှတ်တံဆိပ်ကို ဖယ်ရှားပြီး SCG အမှတ် တံဆိပ် ဘိလပ်မြေအိတ်သစ်များကို စတင်မိတ်ဆက် ဖြန့်ဖြူးခဲ့ကြောင်း သိရသည်။

Eleven Media Group 

ထိုင်းနိုင်ငံ Lampang ရှိ SCG ၏ ဘိလပ်မြေစက်ရုံတစ်ရုံကို တွေ့ရစဉ်
ထိုင်းနိုင်ငံ Lampang ရှိ SCG ၏ ဘိလပ်မြေစက်ရုံတစ်ရုံကို တွေ့ရစဉ်
အာဆီယံ၏ ထိပ်တန်းစီးပွားရေး လုပ်ငန်းစုကြီးဖြစ်သည့် ထိုင်းအခြေစိုက် SCG က မြန်မာနိုင်ငံတွင် ဒေါ်လာသန်း ၄ဝဝ (ဘတ်ငွေ ၁၂၄ဝဝ သန်း) ရင်းနှီးမြSုပ်နှံကာ ဘိလပ်မြေ စက်ရုံ တည်ဆောက် သွားမည်ဖြစ်ကြောင်း SCG  မှ သိရသည်။
SCG အနေဖြင့် အဆိုပါ ဘိလပ်မြေစက်ရုံကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် တည်ဆောက် သွား မည်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် စက်ရုံကို စတင်တည်ဆောက်နေပြီဖြစ်ကာ စက်ရုံသို့ လမ်းဖောက် လုပ်ခြင်း လုပ်ငန်းမှာလည်း မကြာသေးမီက ပြီးစီးသွားပြီဖြစ်ကြောင်းနှင့် အဆိုပါစက်ရုံအား ၂ဝ၁၆ ခုနှစ် နှစ်လယ်မှစတင်ကာ လုပ်ငန်းလည်ပတ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

“လောလောဆယ်မှာတော့ ကျွန်တော် တို့ရဲ့ ဘိလပ်မြေလုပ်ငန်းကိုပဲ ဦးစားပေး ပြီး မော်လမြိုင်စက်ရုံ လုပ်ငန်း လည်ပတ်နိုင်အောင် အာရုံစိုက်နေပါတယ်။ ဘိလပ်မြေ လုပ်ငန်းက တခြားပူးတွဲပေါင်းစပ်လုပ်ငန်း တွေဖြစ်တဲ့ အသင့်ဖျော်ကွန်ကရစ်နဲ့ ပုံစံ လောင်းပြီး ကွန်ကရစ်တုံးတွေ ချဲ့ထွင်လုပ်နိုင်ဖို့ အဓိက မောင်းနှင်ပေး တဲ့လုပ်ငန်းပါ ပဲ” ဟု SCG ၏ ဥက္က|နှင့် အမှုဆောင်အရာရှိချုပ် Mr. Kan က ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ၏ ဘိလပ်မြေနှင့် အိမ်ဆောက်ပစ္စည်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အလားအလာ ကောင်းများနှင့် ပတ်သက်၍ Mr.Kan က “မြန်မာနိုင်ငံက တဖြည်းဖြည်းနဲ့ မှန်မှန်တိုးတက်နေပြီး အခြေခံအဆောက် အအုံတွေ ဆောက်လုပ်ဖို့ လိုအပ်တာကြောင့်  မြန်မာ့ဈေး ကွက်က အလားအလာ တော်တော်ကောင်း တယ်လို့ SCG က မြင်ပါတယ်။ စက်မှုလုပ်ငန်းနဲ့ အိမ်ရာဆောက်လုပ်ရေးကဏ္ဍတွေမှာ လည်း ရင်းနှီးမြှုပ်နှံ မှုတွေက တိုးပွားလာနေ ပါတယ်။ မြို့ပြနေ လူဦးရေကလည်း များလာတော့ အထူးသဖြင့် အဓိကမြို့တော်ကြီး သုံးခုဖြစ်တဲ့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်တွေမှာ နေအိမ်ဆောက်လုပ်ရေးပိုင်းဆိုင်ရာ ပစ္စည်းလိုအပ် ချက်တွေ ပိုများလာတယ်” ဟု Mr.Kan က သုံးသပ်ပြောကြားသည်။

SCG အနေဖြင့် စွန့်ပစ်အပူစွမ်းအင်မှ လျှပ်စစ်ထုတ်လုပ်ခြင်းနှင့် ဖန်လုံအင် ဓာတ်ငွေ့ထုတ်လုပ်ခြင်းစသည့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အထောက်အကူပြု နည်းပညာများကို စက်ရုံတွင် စတင်အသုံးပြု မည်ဖြစ်ပြီး ယင်းစက်ရုံမှ တစ်နှစ်လျှင် ဘိလပ်မြေတန်ပေါင်း ၁ ဒသမ ၈ သန်း ထုတ်လုပ်ရန် မျှော်မှန်း ထားကြောင်း သိရသည်။

SCG မှ ကုန်ပစ္စည်းများကို မြန်မာနိုင်ငံတွင်းသို့ တင်ပို့ရောင်းချခြင်းဖြင့် မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက် ခဲ့သည်မှာ နှစ်ပေါင်း ၂ဝ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ၁၉၉၆ ခုနှစ်တွင် SCG ၏ ပထမ ဆုံးလုပ်ငန်းခွဲအဖြစ် အသင့်ဖျော်စပ်ပြီး ကွန်ကရစ်ထုတ်လုပ်သည့် Myanmar CPAC Service Co.,Ltd  ကို တည်ထောင်ခဲ့ကြောင်း၊ ၂ဝ၁၃ ခုနှစ်တွင် ဒုတိယလုပ်ငန်းခွဲအဖြစ် မြန်မာနိုင်ငံတွင် SCG ၏ ပထမဆုံးသော ဘိလပ်မြေစက်ရုံဖြစ်သည့် Mawlamyine Cement Limited  ကို တည်ထောင်ခဲ့ကြောင်း သိရသည်။

မကြာသေးမီကလည်း မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများရှိ Customer များအကြား SCG ပစ္စည်းအမှတ် တံဆိပ် အသိအမှတ်ပြုမှုကို ခိုင်မာစေရန်အတွက် ဆင်အမှတ်တံဆိပ်ကို ဖယ်ရှားပြီး SCG အမှတ် တံဆိပ် ဘိလပ်မြေအိတ်သစ်များကို စတင်မိတ်ဆက် ဖြန့်ဖြူးခဲ့ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment