Sunday 20 July 2014

ဒိန်းမတ်အစိုးရက မြန်မာနိုင်ငံအတွက် ငါးနှစ်တာစီမံချက်ဖြင့် ပံ့ပိုးဆောင်ရွက်မည့် ဖွံ့ဖြိုးမှု အစီအစဉ်၌ ပညာရေးကဏ္ဍအား အဓိကဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရ

Photo: ဒိန်းမတ်အစိုးရက မြန်မာနိုင်ငံအတွက် ငါးနှစ်တာစီမံချက်ဖြင့် ပံ့ပိုးဆောင်ရွက်မည့် ဖွံ့ဖြိုးမှု အစီအစဉ်၌ ပညာရေးကဏ္ဍအား အဓိကဦးစားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရ
Sunday, July 20, 2014

ဒိန်းမတ်အစိုးရက မြန်မာနိုင်ငံအတွက် ငါးနှစ်တာစီမံချက်ဖြင့် ပံ့ပိုးဆောင်ရွက်မည့် ဖွံ့ဖြိုးမှုအ စီအစဉ်တွင် ပညာရေးကဏ္ဍအား အဓိက ဦးစားပေးလုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။                                 

“ဒိန်းမတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံကိုပေးမယ့် အထောက်အပံ့ အစီအစဉ်တွေကိုလည်း စတင်ရေးဆွဲတော့မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆောင်ရွက်မယ့် ဖွံ့ဖြိုးမှုအစီ အစဉ်တွေထဲမှာ မြန်မာနိုင်ငံအတွက် အဓိက ကျတဲ့ ပညာရေးကဏ္ဍကို ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ၂ဝ၁၆ ခုနှစ်မှာ စတင်ဆောင်ရွက်မယ့် ငါးနှစ်တာလုပ်ငန်း အစီအစဉ်မှာ ဒိန်းမတ်အစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ၊ အင်ဂျီအိုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့  ပူးပေါင်းပြီးတော့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဘယ်အင်ဂျီအိုတွေက ဘယ်အဖွဲ့အစည်းတွေက ဘယ်နေရာမှာ ဘယ်လိုလုပ်ငန်းတွေကို လုပ်ဆောင်နေသလဲ ဆိုတာကို သိရှိနိုင်မှာဖြစ်ပြီးတော့ လုပ်ငန်း ထပ်လုပ်ဆောင်တာမျိုးတွေ မဖြစ်စေဖို့အတွက်ပဲ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး Mr.MIKAEL HEMNITI WINTHERက ဆိုသည်။

ဒိန်းမတ်အစိုးရအနေဖြင့် ယူနီဆက်ဖ်နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၏ အခြေခံပညာ ကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ သန်း ထောက်ပံ့ကူညီမည့် သဘောတူညီချက်ကိုလည်း ဇူလိုင် ၁၇ ရက်က လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“ဒိန်းမတ်အစိုးရရဲ့ ပံ့ပိုးပေးတဲ့ အလှူငွေတွေကို အာဟာရဖွံ့ဖြိုးမှု နိမ့်ကျနေတဲ့ နေရာတွေ၊ ကျောင်းနေထိုင်နိုင်မှု အနေအထား နိမ့်ကျပြီး ကျောင်းမတက်နိုင်တဲ့ ကလေးတွေ များတဲ့နေရာတွေနဲ့ ဝေးလံခေါင်ဖျားတဲ့ နေရာ တွေမှာအသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဒိန်းမတ် အစိုးရရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ၃၄ မြို့နယ် အထိ တိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီမြို့နယ်တွေမှာ မူကြိုကျောင်းတွေဖွင့် လှစ်ပေးတာ၊ ကျောင်းမနေနိုင်တဲ့ ကလေးတွေ ကို ကျောင်းထားပေးတာ၊ ဆရာ/ဆရာမ တွေကို သင်တန်းတွေပံ့ပိုး ပေးတာမျိုးတွေမှာ ယူနီဆက်က အလှူငွေတွေကို အသုံးပြုသွား မှာ ဖြစ်ပါတယ်” ဟု ယူနီဆက်ဖ်၏ ဌာနေကိုယ်စားလှယ်က ဆိုသည်။

ဒိန်းမတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအတွက် ပံ့ပိုးမှုများကို ၂ဝဝ၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်၌ အမေရိကန်ဒေါ်လာ ၁ဝ မီလျံရှိနေပြီ ဖြစ်ကြောင်း သိရသည်။
 
Eleven Media Group 

ဒိန်းမတ်အစိုးရက ယူနီဆက်ဖ်နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံအခြေခံ ပညာကဏ္ဍ အတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ သန်း ထောက်ပံ့မှုအဖြစ် ဇူလိုင် ၁၇ ရက်က လက်မှတ်ရေးထိုးစဉ်
ဒိန်းမတ်အစိုးရက ယူနီဆက်ဖ်နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံအခြေခံ ပညာကဏ္ဍအတွက် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ သန်း ထောက်ပံ့မှုအဖြစ် ဇူလိုင် ၁၇ ရက်က လက်မှတ်ရေးထိုးစဉ်
ဒိန်းမတ်အစိုးရက မြန်မာနိုင်ငံအတွက် ငါးနှစ်တာစီမံချက်ဖြင့် ပံ့ပိုးဆောင်ရွက်မည့် ဖွံ့ဖြိုးမှုအ စီအစဉ်တွင် ပညာရေးကဏ္ဍအား အဓိက ဦးစားပေးလုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒိန်းမတ်အစိုးရအနေနဲ့ မြန်မာနိုင်ငံကိုပေးမယ့် အထောက်အပံ့ အစီအစဉ်တွေကိုလည်း စတင်ရေး ဆွဲတော့ မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆောင်ရွက်မယ့် ဖွံ့ဖြိုးမှုအစီ အစဉ်တွေထဲမှာ မြန်မာနိုင်ငံအတွက် အဓိက ကျတဲ့ ပညာရေးကဏ္ဍကို ဦးစားပေးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ၂ဝ၁၆ ခုနှစ်မှာ စတင်ဆောင် ရွက်မယ့် ငါးနှစ်တာလုပ်ငန်း အစီအစဉ်မှာ ဒိန်းမတ်အစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ မိတ်ဖက်အဖွဲ့ အစည်းတွေ၊ အင်ဂျီအိုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့  ပူးပေါင်းပြီးတော့ လုပ်ဆောင်သွားမှာ ဖြစ်ပါ တယ်။ ရည်ရွယ်ချက်ကတော့ ဘယ်အင်ဂျီအိုတွေက ဘယ်အဖွဲ့အစည်းတွေက ဘယ်နေရာမှာ ဘယ်လိုလု ပ် ငန်းတွေကို လုပ်ဆောင်နေသလဲ ဆိုတာကို သိရှိနိုင်မှာဖြစ်ပြီးတော့ လုပ်ငန်း ထပ်လုပ်ဆောင်တာမျိုးတွေ မဖြစ်စေဖို့အတွက်ပဲ ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး Mr.MIKAEL HEMNITI WINTHERက ဆိုသည်။

ဒိန်းမတ်အစိုးရအနေဖြင့် ယူနီဆက်ဖ်နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ၏ အခြေခံပညာ ကဏ္ဍအတွက် အမေရိ ကန်ဒေါ်လာ ၃ ဒသမ ၅ သန်း ထောက်ပံ့ကူညီမည့် သဘောတူညီချက်ကိုလည်း ဇူလိုင် ၁၇ ရက်က လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“ဒိန်းမတ်အစိုးရရဲ့ ပံ့ပိုးပေးတဲ့ အလှူငွေတွေကို အာဟာရဖွံ့ဖြိုးမှု နိမ့်ကျနေတဲ့ နေရာတွေ၊ ကျောင်းနေ ထိုင်နိုင်မှု အနေအထား နိမ့်ကျပြီး ကျောင်းမတက်နိုင်တဲ့ ကလေးတွေ များတဲ့နေရာတွေနဲ့ ဝေးလံခေါင်ဖျားတဲ့ နေရာ တွေမှာအသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဒိန်းမတ် အစိုးရရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ၃၄ မြို့နယ် အထိ တိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီမြို့နယ်တွေမှာ မူကြိုကျောင်းတွေဖွင့် လှစ်ပေးတာ၊ ကျောင်း မနေနိုင် တဲ့ ကလေးတွေ ကို ကျောင်းထားပေးတာ၊ ဆရာ/ဆရာမ တွေကို သင်တန်းတွေပံ့ပိုး ပေးတာ မျိုးတွေမှာ ယူနီဆက်က အလှူငွေတွေကို အသုံးပြုသွား မှာ ဖြစ်ပါတယ်” ဟု ယူနီဆက်ဖ်၏ ဌာနေကိုယ်စား လှယ်က ဆိုသည်။

ဒိန်းမတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအတွက် ပံ့ပိုးမှုများကို ၂ဝဝ၆ ခုနှစ်မှ စတင်ဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်၌ အမေရိကန်ဒေါ်လာ ၁ဝ မီလျံရှိနေပြီ ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment