Sunday 20 July 2014

ထားဝယ်မြို့နယ်တရားရုံးက လယ်သမားများအား ထောင်ဒဏ်နှင့် ငွေဒဏ်များ အသီးသီးချမှတ်ခဲ့မှုအပေါ် တရားမျှတခြင်း မရှိကြောင်း ထားဝယ်မြို့ရှိ နိုင်ငံရေးအင်အားစုများ ဝေဖန်

Photo: ထားဝယ်မြို့နယ်တရားရုံးက လယ်သမားများအား ထောင်ဒဏ်နှင့် ငွေဒဏ်များ အသီးသီးချမှတ်ခဲ့မှုအပေါ် တရားမျှတခြင်း မရှိကြောင်း ထားဝယ်မြို့ရှိ နိုင်ငံရေးအင်အားစုများ ဝေဖန်
Sunday, July 20, 2014

ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကမြောကင်းလမ်းနှင့် ကမ်းနားလမ်းအကြားရှိ လယ်မြေများအား ထားဝယ်ခရိုင်အုပ်ချုပ် ရေးရုံးမှဝန်ထမ်းများ ပါဝင်သောအဖွဲ့က မြေယာတိုင်းတာမှုပြုလုပ်ရာ၌ တားဆီးခဲ့သည့် လယ်သမားလယ်သမား ၁၉ ဦးကို ထားဝယ်မြို့နယ်တရားရုံးက ထောင်ဒဏ်နှင့်ငွေဒဏ်များ အသီးသီးချမှတ်ခဲ့မှုအပေါ် တရားမျှတခြင်းမရှိကြောင်း ထားဝယ်မြို့ရှိ နိုင်ငံရေးအင်အားစုများက ဝေဖန်ခဲ့ကြသည်။

ထားဝယ်မြို့ရှိ အစိုးရအဖွဲ့ဝန်ကြီးများ အိမ်ရာအနီး မြို့သစ်အကွက်ဖော်ရန် သိမ်းဆည်းထားသည့် လယ်ယာမြေပေါ်တွင် လုပ်ငန်းလုပ်ဆောင်စဉ် တားဆီးခဲ့ခြင်းအပေါ် ထားဝယ်ခရိုင်အုပ်ချုပ်ရေးရုံးမှ ဦးစီးအရာရှိ က တရားလိုပြုလုပ်၍  တရားစွဲဆိုခဲ့ရာတွင် လယ်သမား ၁၉ ဦးထဲမှ အမျိုးသား ၁ဝ ဦးအား အလုပ်နှင့်ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး အမျိုးသမီးကိုးဦးကို ငွေဒဏ်ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အမိန့်ချမှတ်ခဲ့မှုနှင့် ပတ်သက်၍ ထားဝယ်ခရိုင် ၈၈ ငြိမ်း/ပွင့်မှ ဦးကျော်ကျော်သက်က “လယ်သမားတွေကို အခုလို ထောင်ချလိုက်ရုံနဲ့ ပြဿနာပြီးသွားမှာ မဟုတ်ပါဘူး။ အခုလိုထောင်ချခဲ့တဲ့ အချိန်ကလည်း လယ်သမားတွေ လယ်လုပ်နေတဲ့ အချိန်ဖြစ်လို့ ကျန်ခဲ့တဲ့မိသားစုတွေအတွက် စိုးရိမ်မိပါတယ်။ နောက်ပြီး ဒီနေ့တရားရုံးရဲ့မြင်ကွင်းက တရားသူကြီး အမိန့်မချခင်မှာ ရဲဝန်ထမ်းအင်အား အများအပြား တရားခွင်ကိုရောက်ရှိနေပြီး သေချာပေါက်ထောင်ဒဏ် ချမှတ်မယ်ဆိုတာ ကြိုသိနေသလိုပါပဲ။ နောက်ပြီး အမှုတစ်ခုကို ရက် ၂ဝ လောက်နဲ့ အမိန့်ချမှတ်တာကလည်း စဉ်းစားစရာပါ။ တရားစီရင်ရေးအပေါ်မှာ အုပ်ချုပ်ရေးကလွှမ်းမိုးနေတဲ့ အနေအထားမျိုး တွေ့ခဲ့ရပါတယ်” ဟု တရားစီရင်မှုအပေါ် ဝေဖန်သုံးသပ်သွားခဲ့သည်။

ထားဝယ်တိုင်းရင်းသားပါတီ(ဗဟို)မှ ပါတီဥက္ကဋ္ဌ ဦးအေးမင်းကလည်း “ဒီအမှုက အမှုမဖွင့်ခင်ကတည်းက အကွက်ဆင်ထားတဲ့ အနေအထားပါ။ တရားလိုသက်သေတွေကို ရဲစခန်းမှစစ်ချက်ယူတုန်းကနဲ့ တရားရုံးမှထွက်ဆိုခဲ့တဲ့ ထွက်ဆိုချက် အဖြေတွေကကွဲလွဲမှုတွေရှိနေတယ်လို့ သိရတယ်။ အမှုကို အမိန့်ချတာကလည်း တရားမမှုတစ်ခုကို အမိန့်ချတာနဲ့ မတူပါဘူး။ နောက်ပြီး တရားစီရင်ရေးအပေါ် အုပ်ချုပ်ရေးကချုပ်ကိုင်ထားသလို မြင်မိပါတယ်။ ပြောရမယ်ဆိုရင်တော့ ဒီအမှုဟာ လယ်သမားတွေကို မတရားစွပ်စွဲပြီး ထောင်ချတာပါပဲ” ဟု တရားရုံး၏အမိန့်ချမှုအပေါ် ဝေဖန်သွားခဲ့သည်။

Eleven Media Group 

ထောင်ဒဏ်ချမှတ်ခြင်းခံရသည့် လယ်သမားများအား အမိန့်ချမှတ်ပြီးနောက် တရားရုံးမှ ခေါ်ထုတ်သွားသည် ကိုတွေ့ရစဉ်
ထောင်ဒဏ်ချမှတ်ခြင်းခံရသည့် လယ်သမားများအား အမိန့်ချမှတ်ပြီးနောက် တရားရုံးမှ ခေါ်ထုတ်သွားသည် ကိုတွေ့ရစဉ်
ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကမြောကင်းလမ်းနှင့် ကမ်းနားလမ်းအကြားရှိ လယ်မြေများအား ထားဝယ် ခရိုင် အုပ်ချုပ် ရေးရုံးမှဝန်ထမ်းများ ပါဝင်သောအဖွဲ့က မြေယာတိုင်းတာမှုပြုလုပ်ရာ၌ တားဆီးခဲ့သည့် လယ်သမားလယ်သမား ၁၉ ဦးကို ထားဝယ်မြို့နယ်တရားရုံးက ထောင်ဒဏ်နှင့်ငွေဒဏ်များ အသီးသီးချမှတ် ခဲ့မှုအပေါ် တရားမျှတခြင်းမရှိကြောင်း ထားဝယ်မြို့ရှိ နိုင်ငံရေးအင်အားစုများက ဝေဖန်ခဲ့ကြသည်။

ထားဝယ်မြို့ရှိ အစိုးရအဖွဲ့ဝန်ကြီးများ အိမ်ရာအနီး မြို့သစ်အကွက်ဖော်ရန် သိမ်းဆည်းထားသည့် လယ် ယာမြေပေါ်တွင် လုပ်ငန်းလုပ်ဆောင်စဉ် တားဆီးခဲ့ခြင်းအပေါ် ထားဝယ်ခရိုင်အုပ်ချုပ်ရေးရုံးမှ ဦးစီးအရာရှိ က တရားလိုပြုလုပ်၍  တရားစွဲဆိုခဲ့ရာတွင် လယ်သမား ၁၉ ဦးထဲမှ အမျိုးသား ၁ဝ ဦးအား အလုပ်နှင့်ေ ထာင် ဒဏ်များ ချမှတ်ခဲ့ပြီး အမျိုးသမီးကိုးဦးကို ငွေဒဏ်ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

အမိန့်ချမှတ်ခဲ့မှုနှင့် ပတ်သက်၍ ထားဝယ်ခရိုင် ၈၈ ငြိမ်း/ပွင့်မှ ဦးကျော်ကျော်သက်က “လယ်သမားတွေကို အခုလို ထောင်ချလိုက်ရုံနဲ့ ပြဿနာပြီးသွားမှာ မဟုတ်ပါဘူး။ အခုလိုထောင်ချခဲ့တဲ့ အချိန်ကလည်း လယ် သမားတွေ လယ်လုပ်နေတဲ့ အချိန်ဖြစ်လို့ ကျန်ခဲ့တဲ့မိသားစုတွေအတွက် စိုးရိမ်မိပါတယ်။ နောက်ပြီး ဒီနေ့ တရားရုံး ရဲ့မြင်ကွင်းက တရားသူကြီး အမိန့်မချခင်မှာ ရဲဝန်ထမ်းအင်အား အများအပြား တရားခွင် ကိုရောက်ရှိနေပြီး သေချာပေါက်ထောင်ဒဏ် ချမှတ်မယ်ဆိုတာ ကြိုသိနေသလိုပါပဲ။ နောက်ပြီး အမှုတစ်ခု ကို ရက် ၂ဝ လောက်နဲ့ အမိန့်ချမှတ်တာကလည်း စဉ်းစားစရာပါ။ တရားစီရင်ရေးအပေါ်မှာ အုပ်ချုပ်ရေးက လွှမ်းမိုးနေတဲ့ အနေအထားမျိုး တွေ့ခဲ့ရပါတယ်” ဟု တရားစီရင်မှုအပေါ် ဝေဖန်သုံးသပ်သွားခဲ့သည်။

ထားဝယ်တိုင်းရင်းသားပါတီ(ဗဟို)မှ ပါတီဥက္ကဋ္ဌ ဦးအေးမင်းကလည်း “ဒီအမှုက အမှုမဖွင့်ခင်ကတည်းက အကွက် ဆင်ထားတဲ့ အနေအထားပါ။ တရားလိုသက်သေတွေကို ရဲစခန်းမှစစ်ချက်ယူတုန်းကနဲ့ တရားရုံးမှထွက်ဆိုခဲ့တဲ့ ထွက်ဆိုချက် အဖြေတွေကကွဲလွဲမှုတွေရှိနေတယ်လို့ သိရတယ်။ အမှုကို အမိန့်ချတာကလည်း တရားမမှုတစ်ခုကို အမိန့်ချတာနဲ့ မတူပါဘူး။ နောက်ပြီး တရားစီရင်ရေးအပေါ် အုပ်ချုပ်ရေးကချုပ်ကိုင်ထားသလို မြင်မိပါတယ်။ ပြောရမယ်ဆိုရင်တော့ ဒီအမှုဟာ လယ်သမားတွေကို မတရားစွပ်စွဲပြီး ထောင်ချတာပါပဲ” ဟု တရားရုံး၏အမိန့်ချမှုအပေါ် ဝေဖန်သွားခဲ့သည်။

Eleven Media Group 

No comments:

Post a Comment