Sunday 20 July 2014

ကုလအထူးကိုယ်စားလှယ် ရန်း(င်)ဟီးလီ မောင်တောမြို့သို့ သွားရောက်ပြီး ဘင်္ဂါလီအချုပ်သားများနှင့် တွေ့ဆုံ

Photo: ကုလအထူးကိုယ်စားလှယ် ရန်း(င်)ဟီးလီ မောင်တောမြို့သို့ သွားရောက်ပြီး ဘင်္ဂါလီအချုပ်သားများနှင့် တွေ့ဆုံ
Sunday, July 20, 2014

ရခိုင်ပြည်နယ်သို့ သုံးရက်ကြာရောက်ရှိနေသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရန်း(င်) ဟီးလီသည် ဇူလိုင် ၁၉ ရက် နံနက်ပိုင်းတွင် မောင်တောမြို့သို့ ရောက်ရှိလာပြီး မောင်တောမြို့မရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားသည့် ဘင်္ဂါလီအမျိုးသမီးလေးဦးနှင့် သီးခြားတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

ရန်း(င်)ဟီးလီသည် နံနက်  ၁၁ နာရီ ၄၅ မိနစ်တွင် မောင်တောနယ်စပ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ မောင်တောမြို့မရဲစခန်းသို့ တိုက်ရိုက်သွားရောက်ခဲ့ပြီး မတ် ၁ဝ ရက်က မောင်တောမြို့နယ် မြောက်ပိုင်း ဆင်သေပြင်ကျေးရွာ နေအိမ်တစ်ရာကျော် မီးလောင်မှုကြောင့် ဖမ်းဆီးကာ တရားစွဲတင်ထားခြင်းခံရသူ ဘင်္ဂါလီအမျိုးသမီးလေးဦးနှင့် အချိန်တစ်နာရီကြာ တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် မောင်တောခရိုင်၊ မြို့နယ်လုံခြုံရေး တာဝန်ရှိသူများနှင့် အချိန်မိနစ် ၂ဝ ခန့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကုလအထူးကိုယ်စားလှယ် ရန်း(င်)ဟီးလီနှင့်အတူ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမြအောင်တို့ လိုက်ပါလာခဲ့ပြီး မွန်းလွဲ ၁ နာရီခန့်တွင် မောင်တောမြို့မှ ပြန်လည်ထွက်ခွာသွားသည်။

ယခင် ကုလသမဂ္ဂအထူးကိုယ်စားလှယ် ကင်တားနားအနေဖြင့် ဘူးသီးတောင်အကျဉ်း ထောင်သို့သာ အကြိမ်ကြိမ် သွားရောက်ခဲ့ကြောင်းနှင့် မောင်တောမြို့မရဲစခန်းသို့ လာရောက်ကာ အချုပ်သားများနှင့် တွေ့ဆုံမှုမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ရန်း(င်)ဟီးလီသည် ရခိုင်ပြည်နယ်သို့ ရောက်ရှိစဉ် ကာလအတွင်း ရခိုင်နှင့် ဘင်္ဂါလီကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ခဲ့သည့်အပြင် စစ်တွေအကျဉ်းထောင်သို့လည်း သွားရောက်ခဲ့ကာ ဘင်္ဂါလီအကျဉ်းသားခြောက်ဦးအား သီးခြားတွေ့ဆုံမှုများကို နှစ်နာရီခန့် ပြုလုပ်ခဲ့ကြောင်းသည်။

ရန်း(င်)ဟီးလီအနေဖြင့် ဇူလိုင် ၁၈ ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုအပြီးတွင် စစ်တွေမြို့နယ် အတွင်းရှိ ဘင်္ဂါလီကယ်ဆယ်ရေးစခန်းနှင့် ရခိုင်ကယ်ဆယ်ရေးစခန်း တစ်ခုတို့သို့  သွားရောက်လေ့လာခဲ့ပြီး ကယ်ဆယ်ရေးစခန်းမှ ဘင်္ဂါလီအချို့အား တွေ့ဆုံခဲ့သကဲ့သို့ ရခိုင်ကယ်ဆယ်ရေးစခန်းမှ ဒေသခံများနှင့် တွေ့ဆုံခဲ့သည့်အပြင် စာသင်ကျောင်းများသို့လည်း ဝင်ရောက်လေ့လာခဲ့သည်။

ထို့နောက် စစ်တွေမြို့ရှိ ရွှေစေတီဆရာတော်နှင့် သွားရောက်တွေ့ဆုံကာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပြဿနာအား မေးမြန်းလျှောက်ထားခဲ့သည်။

ထိုသို့လျှောက်ထားရာတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ပတ်သက်၍ ဖြစ်ပွားခဲ့သော အဓိကအကြောင်းအရင်းများ၊ ဘင်္ဂါလီများနှင့် အတူယှဉ်တွဲနေထိုင်နိုင်ခြင်း ရှိ မရှိ၊ ဆရာတော်၏ သဘောထားအမြင်၊ လက်ရှိအနေအထားတွင် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံများ၊ ဒေသငြိမ်းချမ်းအောင် မည်သို့လုပ်ဆောင်သင့်ကြောင်းနှင့် ဘင်္ဂါလီများအား ပြောလိုသော စကားများကိုလည်း လျှောက်ထားခဲ့ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ဆရာတော်က “သူက အချက်ငါးချက်ကို မေးခဲ့တယ်။ ဆရာတော်ဖြေတာကိုပြောရရင် ရခိုင်ပြည်နယ်မှာရှိတဲ့ ဘုန်းတော်ကြီးတွေနဲ့ ရခိုင်တွေဟာ ဗုဒ္ဓဘာသာဖြစ်တယ်။ ဗုဒ္ဓဘာသာတိုင်းမှာ အားလုံးက မေတ္တာတရားရှိတယ်။ ဒါကြောင့် ဘင်္ဂါလီတွေကို အများကြီး အကူအညီပေးခဲ့ဖူးတယ်။ ရခိုင်တွေဟာ မောင်တောမှာရှိတဲ့ ဘင်္ဂါလီတွေကို ဈေးလည်းအကြွေးအများကြီး ရောင်းချပေးခဲ့တယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပေးခဲ့တယ်။ သူတို့ဟာ နိုင်ငံသားမဟုတ်ပေမယ့် လူသားချင်းစာနာတဲ့အနေနဲ့ နိုင်ငံသားတစ်ဦးလို အခွင့်အရေးတွေ ပေးခဲ့တယ်။ ဗုဒ္ဓဘာသာဖြစ်လို့ ဒီလိုကူညီခဲ့တာပါ။ ပြီးတော့ ခွဲခြားဆက်ဆံခဲ့တာလည်း မရှိခဲ့ဘူး။ ရခိုင်ပြည်နယ်မှာ ပဋိပက္ခဖြစ်တာကိုကြည့်ရင် တခြားဘာသာနဲ့ဖြစ်တာ မတွေ့ရဘဲ ဘင်္ဂါလီတွေနဲ့သာဖြစ်တာကို တွေ့ရတယ်။ ပြီးတော့ရခိုင်တွေက အကြမ်းဖက်တိုက်ခိုက်ခဲ့တာ မဟုတ်ဘူး။ သူတို့ကစပြီး မောင်တောဘက်မှာ ရခိုင်ကျေးရွာတွေကို အကြမ်းဖက် တိုက်ခိုက်ခဲ့တာဖြစ်တယ်” ဟု မိန့်ကြားသည်။

Eleven Media Group 

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရန်း(င်)ဟီးလီ မောင်တောမြို့မရဲစခန်း၌ တာဝန်ရှိသူများနှင့် တွေ့ဆုံနေစဉ်
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရန်း(င်)ဟီးလီ မောင်တောမြို့မ ရဲစခန်း၌ တာဝန်ရှိသူများနှင့် တွေ့ဆုံနေစဉ်
ရခိုင်ပြည်နယ်သို့ သုံးရက်ကြာရောက်ရှိနေသော မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူး ကိုယ်စားလှယ် ရန်း(င်) ဟီးလီသည် ဇူလိုင် ၁၉ ရက် နံနက်ပိုင်းတွင် မောင်တောမြို့သို့ ရောက်ရှိလာပြီး မောင်တောမြို့မ ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထားသည့် ဘင်္ဂါလီအမျိုးသမီးလေးဦးနှင့် သီးခြားတွေ့ဆုံ ခဲ့ကြောင်း သတင်းရရှိသည်။
ရန်း(င်)ဟီးလီသည် နံနက်  ၁၁ နာရီ ၄၅ မိနစ်တွင် မောင်တောနယ်စပ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ မောင်တောမြို့မရဲစခန်းသို့ တိုက်ရိုက်သွားရောက်ခဲ့ပြီး မတ် ၁ဝ ရက်က မောင်တောမြို့နယ် မြောက်ပိုင်း ဆင်သေပြင်ကျေးရွာ နေအိမ်တစ်ရာကျော် မီးလောင်မှုကြောင့် ဖမ်းဆီးကာ တရားစွဲတင်ထားခြင်းခံရသူ ဘင်္ဂါလီအမျိုးသမီးလေးဦးနှင့် အချိန်တစ်နာရီကြာ တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် မောင်တောခရိုင်၊ မြို့နယ်လုံခြုံရေး တာဝန်ရှိသူများနှင့် အချိန်မိနစ် ၂ဝ ခန့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။

ကုလအထူးကိုယ်စားလှယ် ရန်း(င်)ဟီးလီနှင့်အတူ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမြအောင်တို့ လိုက်ပါလာခဲ့ပြီး မွန်းလွဲ ၁ နာရီခန့်တွင် မောင်တောမြို့မှ ပြန်လည်ထွက်ခွာသွားသည်။

ယခင် ကုလသမဂ္ဂအထူးကိုယ်စားလှယ် ကင်တားနားအနေဖြင့် ဘူးသီးတောင်အကျဉ်း ထောင်သို့သာ အကြိမ်ကြိမ် သွားရောက်ခဲ့ကြောင်းနှင့် မောင်တောမြို့မရဲစခန်းသို့ လာရောက်ကာ အချုပ်သားများနှင့် တွေ့ဆုံမှုမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ရန်း(င်)ဟီးလီသည် ရခိုင်ပြည်နယ်သို့ ရောက်ရှိစဉ် ကာလ အတွင်း ရခိုင်နှင့် ဘင်္ဂါလီကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ခဲ့သည့်အပြင် စစ်တွေ အကျဉ်းထောင် သို့လည်း သွားရောက်ခဲ့ကာ ဘင်္ဂါလီအကျဉ်းသားခြောက်ဦးအား သီးခြားတွေ့ဆုံမှုများကို နှစ်နာရီခန့် ပြုလုပ် ခဲ့ကြောင်းသည်။

ရန်း(င်)ဟီးလီအနေဖြင့် ဇူလိုင် ၁၈ ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုအပြီးတွင် စစ်တွေမြို့နယ် အတွင်းရှိ ဘင်္ဂါလီကယ်ဆယ်ရေးစခန်းနှင့် ရခိုင်ကယ်ဆယ်ရေးစခန်း တစ်ခုတို့သို့  သွားရောက်လေ့လာခဲ့ပြီး ကယ်ဆယ်ရေးစခန်းမှ ဘင်္ဂါလီအချို့အား တွေ့ဆုံခဲ့သကဲ့သို့ ရခိုင်ကယ်ဆယ်ရေး စခန်းမှ ဒေသခံများနှင့် တွေ့ဆုံခဲ့သည့်အပြင် စာသင်ကျောင်းများသို့လည်း ဝင်ရောက်လေ့လာခဲ့သည်။

ထို့နောက် စစ်တွေမြို့ရှိ ရွှေစေတီဆရာတော်နှင့် သွားရောက်တွေ့ဆုံကာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွား ခဲ့သော ပြဿနာအား မေးမြန်းလျှောက်ထားခဲ့သည်။

ထိုသို့လျှောက်ထားရာတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ပတ်သက်၍ ဖြစ်ပွားခဲ့သော အဓိက အကြောင်းအရင်းများ၊ ဘင်္ဂါလီများနှင့် အတူယှဉ်တွဲနေထိုင်နိုင်ခြင်း ရှိ မရှိ၊ ဆရာတော်၏ သဘော ထား အမြင်၊ လက်ရှိအနေအထားတွင် အစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံများ၊ ဒေသငြိမ်းချမ်းအောင် မည်သို့ လုပ်ဆောင်သင့်ကြောင်းနှင့် ဘင်္ဂါလီများအား ပြောလိုသော စကားများကိုလည်း လျှောက်ထားခဲ့ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ ဆရာတော်က “သူက အချက်ငါးချက်ကို မေးခဲ့တယ်။ ဆရာတော်ဖြေတာကိုပြောရရင် ရခိုင်ပြည်နယ်မှာရှိတဲ့ ဘုန်းတော်ကြီးတွေနဲ့ ရခိုင်တွေဟာ ဗုဒ္ဓဘာသာဖြစ်တယ်။ ဗုဒ္ဓဘာသာတိုင်းမှာ အားလုံးက မေတ္တာတရားရှိတယ်။ ဒါကြောင့် ဘင်္ဂါလီတွေကို အများကြီး အကူအညီပေးခဲ့ဖူးတယ်။ ရခိုင်တွေဟာ မောင်တောမှာရှိတဲ့ ဘင်္ဂါလီတွေကို ဈေးလည်းအကြွေးအများကြီး ရောင်းချပေးခဲ့တယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပေးခဲ့တယ်။ သူတို့ဟာ နိုင်ငံသားမဟုတ်ပေမယ့် လူသားချင်း စာနာတဲ့ အနေနဲ့ နိုင်ငံသားတစ်ဦးလို အခွင့်အရေးတွေ ပေးခဲ့တယ်။ ဗုဒ္ဓဘာသာဖြစ်လို့ ဒီလိုကူညီခဲ့တာပါ။ ပြီးတော့ ခွဲခြားဆက်ဆံခဲ့တာလည်း မရှိခဲ့ဘူး။ ရခိုင်ပြည်နယ်မှာ ပဋိပက္ခဖြစ်တာကိုကြည့်ရင် တခြားဘာသာ နဲ့ဖြစ်တာ မတွေ့ရဘဲ ဘင်္ဂါလီတွေနဲ့သာဖြစ်တာကို တွေ့ရတယ်။ ပြီးတော့ရခိုင်တွေက အကြမ်းဖက်တိုက် ခိုက်ခဲ့တာ မဟုတ်ဘူး။ သူတို့ကစပြီး မောင်တောဘက်မှာ ရခိုင်ကျေးရွာတွေကို အကြမ်းဖက် တိုက်ခိုက်ခဲ့ တာဖြစ်တယ်” ဟု မိန့်ကြားသည်။

Eleven Media Group 

No comments:

Post a Comment