Sunday 20 July 2014

မူးယစ်ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအတွက် စဉ်ဆက် မပြတ်ဆောင်ရွက်နေသော်လည်း ဘိန်း စိုက်ပျိုးရောင်းဝယ် ဖောက်ကား သုံးစွဲမှုနှင့်အမှုအခင်းများသာ ပို၍များလာကြောင်း အဆိုရှင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်ပြောကြား

နေပြည်တော်၊ ဇူလိုင် ၁၉- မြန်မာနိုင်ငံ တွင် မူးယစ်ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ ကဏ္ဍ လိုက် အဖွဲ့ ၁ဝဖွဲ့၊ နိုင်ငံတကာအဖွဲ့တို့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဗဟိုရုံး မူးယစ်ဆေးဝါး ပပျောက်ရေး ဌာန၊ မူး ယစ် (အထူး)တို့သည် မဟာဗျုဟာ၊ နည်းဗျူဟာ၊ နည်းနိဿ ယစစ်ဆင်ရေး စီမံကိန်း များဖြင့် စဉ်ဆက်မပြတ် ဆောင် ရွက်နေသော်လည်း ဘိန်းစိုက် ပျိုးသူ၊ ရောင်းဝယ်ဖောက်ကားသူ၊ သုံးစွဲသူ နှင့် အမှုအခင်းများသာ ပို၍ များပြား လာသည်ကိုတွေ့နေရကြောင်း ကချင် ပြည်နယ် မဲဆန္ဒနယ်မှ အမျိုး သား လွှတ် တော်ကိုယ်စားလှယ် ဦးခက်ထိန်နန် က ပြောကြားသည်။

ဇူလိုင် ၁၈ရက်က ကျင်းပသည့် ပထမအကြိမ်အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေး ၃၀ ရက် မြောက်နေ့ မှာ မြန်မာနိုင်ငံ တွင် ကင် ဆာရောဂါကဲ့သို့ ဖြစ်လာသော မူး ယစ်ဆေးဝါးသုံးစွဲခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်းနှင့် ဘိန်းစိုက်ပျိုးခြင်း တို့ကို ဒေသခံပြည်သူလူထုပါဝင်၍ ဆန့်ကျင်တိုက်ဖျက်နိုင်ရန် ပြည် ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုတင်သွင်းရာမှာ ပြောကြားခြင်း ဖြစ်သည်။

လက်ရှိမြန်မာနိုင်ငံ သည် မူး ယစ်ဆေးဝါး အဓိကထုတ်လုပ်ဖြန့်ချိ သည့် နိုင်ငံများတွင်ပါဝင်ခဲ့ပြီး ကမ္ဘာ မှာ အာဖဂန်နစ္စတန် နိုင်ငံပြီးလျှင် ဘိန်းစိုက်ပျိုးမှုအများဆုံးသည် မြန် မာနိုင်ငံဖြစ်ကြောင်း ရေးသားမှုများကို ဖတ်ရှုလေ့လာခဲ့ရကြောင်း၊ ဘိန်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုသည် အစက နယ်စပ်ဒေသများ၊ ထိုမှတစ်ဆင့် ပြည် နယ်အတွင်းပိုင်းများ၊ နိုင်ငံအတွင်း ပိုင်း မန္တလေး၊ ရန်ကုန်စသည်ဖြင့် တစ် နိုင်ငံလုံးတွင်ပျံ့နှံ့လာနေပြီး ဘိန်းသုံး စွဲမှုကို ယခင်က လူငယ်လောကမှာ သာသုံးစွဲရာမှ လူလတ်၊ လူကြီး၊ လုပ် ငန်းရှင်အချို့သာမက တချို့နိုင်ငံ့ဝန် ထမ်းအထိ စိမ့်ဝင်သုံးစွဲနေသည်တွေ့ ရကြောင်း အဆိုရှင်ကဆွေးနွေးသွား ခဲ့သည်။

မြန်မာနိုင်ငံမူးယစ်ဆေး ဝါး တိုက်ဖျက်ရေးအတွက် ၁၉၇၆ခုနှစ် တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်း လဲစေတတ်သော ဆေးဝါး များအန္တ ရာယ် တားဆီးကာကွယ်ရေးဗဟိုအ ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၂ခုနှစ် နိုဝင်ဘာ ၁၂ရက်တွင် အဖွဲ့ ၁ဝဖွဲ့ကို ပြင်ဆင် ဖွဲ့စည်းခဲ့ကြောင်း၊ မြန်မာနိုင် ငံတွင် မူးယစ်ဆေးဝါးပပျောက်ရေး ၁၅နှစ်စီမံကိန်းကို ၁၉၉၉ -၂၀၀၀ ခုနှစ်မှ ၂၀၁၃-၂၀၁၄ ခုနှစ်ထိ ငါး နှစ်စီ အပိုင်းသုံးပိုင်းခွဲကာ ဆောင် ရွက်ခဲ့ပြီး စီမံကိန်းစတင်ပြီးချိန်မှစတင် ၍ ၂၀၀၆ခုနှစ်ထိ သိသိသာသာ ကျ ဆင်းခဲ့သော် လည်း ၂၀၀ရ ခုနှစ်မှာ ဘိန်းစိုက်ပျိုးမ၊ှု ရောင်းဝယ်ဖောက်ကား မှုနှင့်သုံးစွဲမှုများ ပြန်လည်မြင့်တက် လာသလို မူးယစ်ဆေးဝါး ပပျောက် ရေးစီမံကိန်းကို ၂၀၁၄ခုနှစ်မှ ၂၀၁၉ ခုနှစ်ထိ နောက်ထပ် ငါးနှစ်တိုးခဲ့ကြောင်း ၂၀၁၃ခုနှစ်တွင် မြန်မာတစ်နိုင်ငံ လုံးမှာ ဘိန်းစိုက်ပျိုးမှုဟက်တာ ၅၇၈၀၀ ရှိပြီး ဘိန်းထုတ်လုပ်မှု မက်ထရစ်တန် ၈၇ဝတိုးမြှင့်လာသဖြင့် ၂၆ရာခိုင်နှုန်း တိုးတက်လာကြောင်း အဆိုရှင်ရှင်း လင်းချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဌာနချုပ်တွင် မူးယစ်ဆေးဝါး ဗဟိုရုံးနှင့်မူးယစ်ဆေး ဝါးပပျောက် ရေးဌာနအား မူးယစ်ဆေးဝါးအထူးအ ဖွဲ့ ၂၆ဖွဲ့၊ တပ်ဖွဲ့ဝင် ၁၁၈၆ဦးဖြင့် တားဆီးနှိမ်နင်းရေးဆောင်ရွက်လျက် ရှိပြီး အင်အားအလုံအလောက်ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနမှ မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ် ဖွဲ့ကို ၂၀၁၃ခုနှစ် ဩဂုတ် ၈ရက်တွင် စတင်တိုးချဲ့ဖွဲ့စည်းကာ မူးယစ်တပ် ဖွဲ့စု ၅၀၊ အင်အား ၂၆၂၂ဦးနှင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ၂၀၁၃ခုနှစ်နှင့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီအထိ မြန်မာ တစ်နိုင်ငံလုံး မူးယစ်ဆေးဝါးဖမ်းဆီး မှုသည် တရားခံ ကျား၅၉၇ဝဦး၊ မ ၁၁၆ရဦး စုစုပေါင်း တရားခံ ၇၁၃ရ ဦးဖြစ်ပြီး ၂၀၁၄ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ ဖမ်းဆီးရရှိမှု သည် ကျား ၁၁၆၄ဦး၊ မ ၂၀၂ဦး စုစု ပေါင်း ၁၃၆၆ဦးရှိလာသည့်အတွက် လအလိုက်တွက်လျှင် ပိုမိုများလာ ကြောင်း သိရသည်။

ကချင်ပြည်နယ်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်တင်သွင်းသည့် မူးယစ် ဆေးဝါးဆန့်ကျင် တိုက်ဖျက်ရေး အ ဆိုနှင့်ပတ်သက်၍ လွှတ်တော်ကိုယ် စားလှယ်တစ်ဦးက ထောက် ခံဆွေးနွေး ပြီး ယင်းအဆိုကို လွှတ်တော်က ဆက်လက်ပြီး လက်ခံဆွေးနွေးသွား မည်ဖြစ်ကြောင်း အတည်ပြုဆုံးဖြတ် ခဲ့သည်။

MO
Yangon Media Group 

No comments:

Post a Comment