Sunday 20 July 2014

မြန်မာပြည်အနှံ့ အာဇာနည်နေ့ အခမ်းအနားများ


(၆၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မုံရွာမြို့ မြင်းစီးကြေးရုပ်၌ ကျင်းပခဲ့ရာ ကျောင်းသားသမဂ္ဂများ ချီတက်အလေးပြုခဲ့ကြသည်။

ဇူလိုင် ၁၉ ရက် အာဇာနည်နေ့က မကွေးမြို့ ဗိုလ်ချုပ်ကြေးရုပ်ပန်းခြံအတွင်း ပြည်သူလူထု ၅၀၀ ခန့် ပန်းစီး ချ ဂါရ၀ပြုကာ အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့သည်။

မြိတ်မြို့တွင် မိုးသည်းထန်စွာရွာ သွန်းနေသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး အာဇာ နည်နေ့ အခမ်းအနားကို ကျင်းပခဲ့သည်။

ဟင်္သာတ အာဇာနည်ဗိမာန်၌် ဇူလိုင် ၁၉ ရက်က အာဇာနည်နေ့ အခမ်းအနားကို ကျင်းပခဲ့ရာ လူဦးရေ ၁၅၀၀၀ နီးပါး တက်ရောက်ခဲ့ပြီး နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် မီးသတ်က ဥသြဆွဲပေးခဲ့သည်။

ထားဝယ်မြို့  မြို့တော်ခန်းမရှေ့ ရှိ ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်တုတွင် အာဇာနည် ခေါင်းဆော င်ကြီး များအား ချီတက်ပန်းခွေချ တစ်မိနစ်ငြိမ်သက်ပြီး ဥသြဆွဲကာ ဂါရ၀ပြုခဲ့ကြသည်။

တောင်ငူမြို့တွင် (၆၇) ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မိုင်ဒါအားကစားကွင်း အတွင်းကျင်းပ ခဲ့ရာ ဒေသခံပြည်သူ ၅၀၀၀ ခန့်တက်ရောက် အလေးပြုခဲ့သည်။

Eleven Media Group 

No comments:

Post a Comment