Sunday 20 July 2014

ပြည်တွင်းပျားရည်စားသုံးမှုမြှင့်တင်ရေးနှင့် ပုဂ္ဂလိကပျားမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို တိုးချဲ့အားပေးသွားမည်ဟုဆို

နေပြည်တော်၊ ဇူလိုင် ၁၉- ပြည် တွင်း ပျားရည်စားသုံးမှုမြှင့်တင်ရေး နှင့် ပုဂ္ဂလိက ပျားမွေးမြူရေးလုပ်ငန်း များဖွံ့ဖြိုးတိုးတက်ရေးကို တိုးချဲ့ အား ပေးရန် စီစဉ်လျက်ရှိကြောင်း မွေးမြူ ရေး၊ ရေလုပ်ငန်းနှင့်ကျေး လ က်ဒေ သ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန် ကြီး ဦးအောင်မြတ်ဦးမှ ဇူလိုင် ၁ရ ရက်တွင်ပြုလုပ်သော အမျိုးသား လွှတ်တော် ဒသမပုံမှန်အစည်းအ ဝေးတွင် ပဲခူးတိုင်းဒေ သကြီးလွှတ် တော်ကိုယ်စားလှယ် ဦးစောမော်ထွန်း ၏ ပြည်တွင်းပျားရည်စားသုံးမှုမြှင့် တင်ရေးနှင့် ပုဂ္ဂလိကပျားမွေးမြူရေး လုပ်ငန်းများ တိုးချဲ့အားပေးရန် အစီ အစဉ်ရှိ၊မရှိမေးမြန်းမှုအား ပြန်လည် ဖြေကြားသွားခဲ့သည်။

ဒုတိယဝန်ကြီးမှ ပြည်တွင်းပျား ရည်စားသုံးမှုအနေနှင့် မက်ထရစ် တန် ၃၀ဝမှ ၅၀ဝကြားရှိ၍ ဆေးဝါး အဖြစ် သုံးစွဲမှု ၈ဝရာခိုင်နှုန်းခန့်ဖြစ် ပြီး၊ ပျားရည်သီးသန့်စားသုံးမှုမှာ၂၀ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ပြည်တွင်း ပျားရည်သုံးစွဲမှုပိုမိုတိုးတက်ရန်အ တွက် နှစ်စဉ်ပျားရည်ထုတ်လုပ်မှုကို တိုးမြှင့်ထုတ်လုပ်ရန်ဆောင်ရွက် လျက် ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေနှင့် ပုဂ္ဂလိက ပျားမွေးမြူရေးလုပ်ငန်းတိုး ချဲ့အားပေးရန်အတွက် စံပြ ပျားမွေး မြူရေးကျေးလက်ရွာများ ထူထောင် ပေးခြင်း၊ ပျားမွေးမြူရေး အစုအဖွဲ့ များ ဖွဲ့စည်းပေးခြင်း၊ တစ်ပိုင် တစ်နိုင် မွေးမြူခြင်းမှစ၍ စီးပွားဖြစ်မွေးမြူနိုင် ရေး၊ အရင်းအနှီးရရှိရေး အတွက် ကျေး လက်ဖွံ့ဖြိုးရေး ဘဏ်လီမိတက် နှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ လို အပ်သောပျားအိမ်ခွံများ၊ ပျားအုံများ၊ ပျားအိမ်နှင့် ဆက် စပ် ပစ္စည်းများ၊ ပျားရောဂါကာကွယ်ကုသဆေးများ ကို ပံ့ပိုးနိုင်ရေးဆောင်ရွက်ပေးခြင်း ပြည်တွင်းပျား ရည်ဈေး ကွက် နိုင်ငံ တကာ ဈေးကွက်တိုးမြင့်ရရှိအောင် ဆောင်ရွက်ပေးခြင်း၊ နိုင်ငံတကာပျား မွေးမြူရေး နည်းပညာများရရှိစေရန် ဆောင် ရွက်ပေးခြင်းစသည်ဖြင့် ပုဂ္ဂ လိက ခေတ်မီပျားမွေးမြူရေးလုပ်ငန်း များကို တိုးချဲ့အားပေးသွားရန်စီစဉ် ဆောင် ရွက်လျက်ရှိပါကြောင်း ဖြေ ကြားသွားခဲ့သည်။

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက် စေရေးအတွက် ပျားမွေးမြူရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးရေးနှစ် ၂ဝစီမံကိန်း ရေးဆွဲ ကာ ကာလတို ငါးနှစ်စီ မံကိန်း လေးခုဖြင့် ဆောင်ရွက်သွားမည်ဖြစ် ပြီး ၂၀၁၃-၂၀၁၄ဘဏ္ဍာနှစ်အတွင်း ပုံမှန်ကုန်သွယ်ရေးနှင့် နယ်စပ်ကုန် သွယ်ရေး မှ ပြည်ပသို့ ပျားရည်စုစု ပေါင်း မက်ထရစ်တန် ၂၄၉၃ဒသမ ၇၄တင်ပို့နိုင်ခဲ့ပြီး နှစ် ၂ဝစီမံကိန်း၏ နောက်ဆုံးနှစ်တွင် ပုဂ္ဂလိက ပျားမွေး မြူမှုကဏ္ဍ၌ ပုဂ္ဂလိကပိုင်ပျားအုံ ၁၅၀၀၀၀ အုံအထိ တိုးချဲ့မွေးမြူ၍ပျားရည်မက်ထရစ်တန် ၄၈၀ဝအထိ တိုးမြှင့်ထုတ် လုပ်သွားရန်နှင့် ပြည်ပ သို့ ပျားရည်မက်ထရစ်တန် ၄၇၀၀ တင်ပို့ရန် မျှော်မှန်းထားရှိရာ ပျမ်းမျှ ပျားအုံတိုးတက်မှုနှုန်း တစ်နှစ်လျှင် ၂ဒသမ ၆၈ရာခိုင်နှုန်းရရှိရန်၊ ပျား ရည်ထုတ်လုပ်မှု ပျမ်းမျှတိုးတက်နှုန်း ၅ဒသမ ၄၈ ရာခိုင်နှုန်းရရှိရန်၊ ဝတ် မှုန်ကူးဧက ၁၇၄၅၀၀ဝဆောင်ရွက် ရန်နှင့် ပျမ်းမျှတိုးတက်မှုနှုန်း ၅ ဒသမ ၆၃ရာခိုင်နှုန်းထိ ဆောင်ရွက် သွားရန် ရည်မှန်းထားကြောင်း ပြော ကြားခဲ့သည်။

ပြည်နယ်/တိုင်းဒေသကြီး ကိုး ခုမှ မြို့နယ်၃၄မြို့နယ်အတွင်းရှိ ပုဂ္ဂ လိကပျားမွေးမြူရေးလုပ်ငန်းရှင် ၄၆၉ ဦးနှင့် ပျားမွေးမြူရေး လုပ်သား ၁၅၀၀ ဦးတို့အား အစုဖွဲ့၃ရဖွဲ့နှင့် ပျားမွေး မြူရေးသမဝါယမအသင်း လေးသင်း ဖွဲ့စည်းတည်ထောင်ဆောင် ရွက်ပြီး ဖြစ်ကြောင်းပြောကြားသွားခဲ့သည်။

MP
Yangon Media Group 

No comments:

Post a Comment